Ep7

125 10 7
                                    

အချစ်က သိပ်ကိုဆန်းကြယ်ပါတယ်....ကိုယ့်ကိုကိုယ်တောင် မသိလိုက်တဲ့အချိန်မှာ...ကျွန်တော်ဟာမချစ်သင့်တဲ့သူတစ်ယောက်ကိုချစ်နေမိခဲ့တယ်....
ကြောက်ဖို့ကောင်းစွာပဲ ကျွန်တော်တုန်လှုပ်နေမိပါတော့တယ်....
ကိုယ်တို့နှစ်ယောက်က ချစ်လို့မဖြစ်တဲ့သူတွေ မချစ်သင်တဲ့သူတွေမဟုတ်လား....ငယ်။

ကိုယ်ဒီအချေနေကို သိပ်မုန်းတယ်ငယ်....ကျေးဇူးတရားဆိုတာက....ကိုယ်တို့နှစ်ယောက်ကြားမှာ ကာထားတဲ့တံတိုင်းကြီးထင်ပါရဲ့။

......…............

....တစ်ကိုယ်လုံးဆင်နင်းခံထားရသလိုထင်ရလောက်အောင်ကို....ကျွန်တော့်ရဲ့တစ်ကိုယ်လုံးညောင်းကိုက်နေလိုက်ပုံများ....

"ဟူးးးး ခေါင်းတွေလည်းမူးလိုက်တာကွာ..."

စိတ်ရှုပ်ရှုပ်နဲ့ဆံပင်တွေကိုထိုးဖွလိုက်ပြီး ယွန်းဂီတစ်ယောက်...အိပ်ယာပေါ်ကထဖို့ပြင်လိုက်ပါတော့တယ်.....

‌"ဒေါက်..ဒေါက်...ငယ်နိုးပြီးလား ...ကြီးဝင်လာမယ်နော်...

(..ကြီး..ဆိုတာကငယ်ငယ်က အိမ်ကလူတွေက ညီအစ်ကိုနှစ်ယောက်ရှိရင်....ညီ‌လေးကိုအငယ်လေးဆိုပြီးသုံးကြတယ်မလား   အဲ့လိုမျိုးပါ....
ယွန်းဂီက ဆော့ဂျင်ကို ကြီး(ကိုကြီး)လို့ခေါ်ပြီး...ဆော့ဂျင်က ယွန်းဂီကို အငယ်လေးမို့လို့(ငယ်)လို့ခေါ်တာပါနော်....။

မနေ့ညကအဖြစ်အပျက်ကို ဘာမှမမှတ်မိတဲ့ ယွန်းဂီတစ်ယောက်ကတော့ စူပုတ်"နဲ့....

"ဟုတ်....ကြီး ဝင်ခဲ့လိုက်နော်...တံခါးလော့ချမထားဖူး...."

ငယ်ရဲ့အချေနေကိုကြည့်လိုက်တော့...မနေ့ညကအ‌ကြောင်းကိုမှတ်မိပုံမရ...သူနေမကောင်းတာကိုပဲ...စိတ်ရှုပ်နေတဲ့ပုံ...

ကိုယ်ကလည်း ကိုယ်..... နေမကောင်းတဲ့သူကိုမှ အခွင့်ရေး ယူမိတာမဟုတ်လား....။

"ကိုယ်တောင်းပန်ပါတယ် ငယ်..."လို့ပြောလိုက်တော့ ....နားမလည်စွာမျက်နှာကို မော့ကြည့်လာတဲ့ ...ငယ်။ နားမလည်တဲ့ မျက်လုံးလေးတွေနဲ့ ကိုယ့်ကို အဖြေပြန်ထုတ်လာတဲ့ အဆိုးလေးပါပဲ....

"ဟမ်...ဘာအတွက်လဲ ကြီး...." အူတူတူနဲ့ ပြန်မေးလာပုံက အသဲယားစရာ...ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို ......နမ်းလိုက်ရရင်တော့ကွာ....။

"ကိုယ်မင်းကို ခိုးနမ်းမိတဲ့အတွက်ပါငယ်...."ဆော့ဂျင်တစ်‌ေယောက် စိတ်ထဲကနေပြောလိုက်ပင်မဲ့....အပြင်မှာတော့ ထုတ်မပြောဖြစ်လိုက်ခဲ့ပါ...။

"အော်....ငယ်နေမကောင်းဖြစ်နေတာကိုနောက်ကျမှသိတဲ့အတွက်ပါ...."
"ကြီးလည်း ခုရက်ပိုင်းအလုပ်များနေတာနဲ့ ငယ်ကိုကောင်းကောင်းဂရုမိစိုက်လိုက်မိဘူးမဟုတ်လား...."

တောင်းပန် အားနာသလိုလေးပြောလိုက်တော့...

"တောင်းပန်တဲ့အနေနဲ့ ငယ်လိုချင်တာ ဝယ်ပေးလေ ကြီး"

ကဲ....ကြည့်ပါလား...ဒီကောင်‌လေးကတော့ နည်း"လေးတော့ဆိုးလိုက်ရမှ...သူလိုချင်ရင် ကိုယ်က ဘာများငြင်းခဲ့ဘူးလို့လည်း....ဟန်ဆောင်ပြီး ငြင်းရတာတွေပဲ....

ငယ်...ကိုယ် မင်းကို တစ်ဘဝလုံးစောင့်ရှောက်ချင်တယ်....
ညီလေးတစ်ယောက်အနေနဲ့မဟုတ်ပဲ...ကိုယ့်ရဲ့ချစ်ရတဲ့...ချစ်သူကောင်လေးတစ်ယောက်အနေနဲ့...။

နောက်များကျရင် အန်တီမေစီမှာ ခွင့်တောင်းကြည့်အုံးမှပါ....




You've reached the end of published parts.

⏰ Last updated: Feb 09 ⏰

Add this story to your Library to get notified about new parts!

သူသာလျှင်Where stories live. Discover now