Unicode
"ဂျယ်ယွန်း သား အမ ဆိုဂျောင်းတို့ကို သား ကိုယ်တိုင် ကားမောင်းပြီး သွားကြိုလိုက်ရင်ကောင်းမယ်ထင်တယ်"
အခန်းထဲအောင်းနေတဲ့ ဂျယ်ယွန်းကို အတွင်းရေးမှူးဂျောင်ကိုယ်တိုင်က လာပြောတော့မှ ဂျယ်ယွန်းတစ်ယောက် မီးမှောင်မှောင် အခန်းထဲကနေ ထဖို့သတိဝင်သည်။
ခပ်နက်နက် ဟောက်ပက်ဖြစ်နေတဲ့ မျက်တွင်းနှစ်ဖက်နဲ့ သိသိသာသာချောင်ကျနေတဲ့ ပါးရိုးနှစ်ခုဟာ ဒီရက်ပိုင်းအတွင်း ဂျယ်ယွန်းခံစားနေခဲ့ရတဲ့ စိတ်ဒုက္ခတွေ နည်းနည်းနောနောမဟုတ်ကြောင်း ပြသသောပြယုဂ်တစ်ခုလို ။
သူဌေးအိမ်က မိတဆိုး အချစ်ခံအငယ်ဆုံးသားလေးဘဝနဲ့ အပူအပင်ဆိုတာမရှိ ၊ဘယ်သူ့မှဂရုစိုက်စရာမလိုပဲ ခပ်ဆိုးဆိုးရှင်သန်နေထိုင်လာခဲ့တာ သူ့တစ်သက် ။
ကျောင်းတက်တုန်းကလည်း ကျောင်းတက်တုန်းမို့ ကောင်မလေးတွေထည်လဲတွဲပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စား ရေပေါ်ဆီသူဌေးသားလေးဘဝနဲ့အသားကျခဲ့တဲ့ သူ့အတွက် အနာဂတ်ဆိုတာသိပ်ပြီးတွေးပူနေစရာမလိုသလို ထည့်တွက်နေစရာလည်းမလိုခဲ့လို့ထင်ခဲ့သည် ။
ဆယ်ကျော်သက်အချိန်တစ်လျှောက် ဘယ်သူ့မှ ဂရုမစိုက်၊ ကိုယ်လုပ်ချင်ရာလုပ်ရင်း ရှင်သန်နိုင်အောင် အစစအရာရာဖြည့်ဆည်းပေးခဲ့တာက သူ့ဖေဖေရယ် ၊ လောလောဆယ်သူ့အမျိုးသားနဲ့အတူပြည်ပရောက်နေတဲ့ မမဆိုဂျောင်းရယ်သာဆိုရင် အဲ့လိုမျိုး အထိန်းအကွပ်မဲ့ပျော်ပါးနေခဲ့တဲ့ဂျယ်ယွန်းရဲ့ဘဝထဲကို တည်ငြိမ်လာအောင် လုပ်နိုင်ခဲ့တဲ့ ပထမဆုံးသောလူက ဆောင်းဟွန်းဆိုတာကိုလည်းငြင်းမရ ။
အမှတ်တမဲ့ Barမှာတွေ့ခဲ့တဲ့ရေစက်သေးသေးလေးဟာ တွဲဖို့အထိဖြစ်သွားတဲ့ဆက်ဆံရေးတစ်ခုထိဖြစ်လာမယ်လို့ ဂျယ်ယွန်းဘယ်တုန်းကမှ မမျှော်လင့်ခဲ့ ။
ဆောင်းဟွန်းဘက်ကရုတ်တရက်ဖွင့်ပြောလာတော့ များများစားစား မစဉ်းစားပဲ အသစ်အဆန်းသဘောနဲ့ တွဲဖို့လက်ခံခဲ့မိတာဟာ မမျှော်လင့်သောအဖြစ်အပျက်တွေအများကြီးရဲ့ အစပျိုးတစ်ခုဆိုတာ ဂျယ်ယွန်းဘယ်တုန်းကမှ မသိခဲ့ ။
YOU ARE READING
My Love Delivered|JAKEHOON
Fanfiction예준 The baby's name is Shim Ye Jun. •JAKEHOON Start : 30th November , 2021 End : April 1,2022