Unicode
ဆောင်းဟွန်း ပွေ့ချီပြီးချော့တာခံလိုက်ရပြီးတဲ့နောက် တဖြည်းဖြည်းငိုရှိုက်သံတွေတိတ်သွားတဲ့ ကလေးက ဂျယ်ယွန်းကိုအာရုံမရသေးသလို မှတ်မိပုံလည်းမရ ။
အမဖြစ်သူအိမ်ထောင်ကျပြီးတည်းက ပြည်ပမှာအနေများပြီး အနေဝေးခဲ့လို့ မွေးကင်းစအရွယ်လောက်ကပဲ တစ်ခါ နှစ်ခါထပ်ပိုပြီး မတွေ့ဖူးသော ယယ်ဂျွန်းက ဂျယ်ယွန်းအတွက်လည်း ရင်းနှီးမနေခဲ့တာအမှန် ။
အငိုတိတ်စပြုလာတော့ ဆောင်းဟွန်းရင်ခွင်ထဲကနေ ဘေးဘီကိုလှည့်ကြည့်လာတဲ့ကလေးက နောက်ဆုံးတော့ သူရှိနေတာကို မြင်သွားပုံရသည် ။
"Daddy"
ရုတ်တရက် သူ့ဘက်ကိုလှည့်ကြည့်ပြီး ဆိုလာတဲ့အသံမှာ ဂျိတ်ခ်သာမက ဆောင်းဟွန်းကိုယ်တိုင်လည်း အနည်းငယ်ကြောင်အ,သွားပုံပေါက်သည် ။
ခဏလောက် ကသိကအောက်ဖြစ်စရာလေထု
ဖြစ်သန်းသွားပြီးတဲ့နောက်မှာ ဂျိတ်ခ် ဒီအခြေအနေကို ဘယ်လိုတုန့်ပြန်ရမှန်းမသိ ။" အာ သူတို့ကျောင်းမှာ Daddy Mommy အဲ့လိုမျိုးခေါ်တာသင်တာလေ ကိုယ့်ကိုယ်တော့ အရင်တည်းကနှုတ်ကျိုးပြီး Appaပဲခေါ်ရင်း မင်းဓာတ်ပုံကိုကြည့်ပြီး အဲ့လိုခေါ်ခေါ်နေတာ "
ခပ်အေးအေးဆိုလာတဲ့ ဆောင်းဟွန်းပုံစံက ဂျိတ်ခ် ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့အရိပ်အကဲကိုကြည့်ပြီးပြောနေတဲ့ဟန် ။
ဒီကလေးကို ရှာဖို့၊ ပြန်တွေ့ဖို့ကိုသာ စိုင်ပြင်းနေခဲ့ပြီး ပြန်ရှာတွေ့ခဲ့ရင် ဒီလိုအခြေအနေမျိုးရောက်လာမယ်ဆိုတာ သိပေမဲ့ တကယ်တမ်းကျ ဂျိတ်ခ် ဒီလိုအခြေအနေကို တစ်ခါမှ စိတ်ကူးထဲပုံဖော်မကြည့်ဖူးခဲ့ ။
ရုတ်တရက် မထင်မှတ်တဲ့အခေါ်အဝေါ်နဲ့ သူ့ဆီ အာရုံပြုလာတဲ့ ကလေးက တဖြည်းဖြည်း သူ့ကိုစိတ်ဝင်စားဟန်နဲ့ ဆောင်းဟွန်းလက်ပေါ်ကနေ မဝံ့မရဲကြည့်လာတဲ့အခါ ဂျိတ်ခ်ကိုယ်တိုင်လည်း မသိလိုက်ပဲ ချဉ်းကပ်သွားမိလေသလား ။
" ယယ်ဂျွန်း "
ခပ်တိုးတိုးဆိုမိတဲ့ သူ့စကားအဆုံး ပါးချိုင့်သေးသေးလေးတွေပေါ်အောင် နှစ်နှစ်ခြိုက်ခြိုက်တစ်ချက်ပြုံးလိုက်ပြီးနောက် ရုတ်တရက် ဆောင်းဟွန်းလက်ထဲကနေ သူ့ဆီကို ယိမ်းလာတဲ့ခန္ဓာကိုယ်သေးသေးလေးကြောင့် မတတ်နိုင်ပဲ လက်လွှဲပြီး ပွေ့ချီလိုက်တော့ ပေါ့ပေါ့ပါးပါးပါလာတဲ့ ခန္ဓာကိုယ်ငယ်လေးက ချက်ချင်းပဲ ဂျိတ်ခ်ရဲ့လည်ပင်းကိုဖက်တွယ်လာသည် ။
YOU ARE READING
My Love Delivered|JAKEHOON
Fanfiction예준 The baby's name is Shim Ye Jun. •JAKEHOON Start : 30th November , 2021 End : April 1,2022