၇ ခွင့်လွှတ်မှုနဲ့ချစ်ခြင်းကြားနယ်မြေ

1.4K 205 43
                                    

Unicode



ယယ်ဂျွန်းကိုကျောင်းပို့ပေးပြီး လမ်းကြုံလို့ဝင်လာတယ်ဆိုတဲ့ ဆောင်းဟွန်းက အခုလည်းအကြောင်းပြချက်ရေရေရာရာမရှိပဲ ဂျယ်ယွန်းရုံးခန်းထဲမှာ အခန့်သားဝင်ထိုင်လျက် ။

ပြီးခဲ့တဲ့တစ်ခေါက်က သူ့ရုံးခန်းကိုလာပြီး အတွင်းရေးမှူးဟောင်းနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စက ကုမ္ပဏီထဲမှာ ထင်ထားတာထက် နည်းနည်းပိုပြီးသတင်းပျံ့သွားလေတော့ အဲဒီနောက်ပိုင်း ပတ်ဆောင်းဟွန်းကိုမြင်ရင်ကို အလကားနေရင်း ဖိန့်ဖိန့်တုန်ဖြစ်ကုန်ကြတဲ့ ဝန်ထမ်းတွေကြောင့်ပဲ အနှီကျေးဇူးရှင်က ဂျယ်ယွန်းရုံးခန်းကို တံခါးမရှိ ဓားမရှိဝင်ထွက်လျက် ။




" ဘာကိစ္စရှိလို့လဲ ပြော "

ခပ်ကျယ်ကျယ်ရုံးခန်းထဲက ဧည့်သည်တွေထိုင်ဖို့လုက်ထားတဲ့ ဆက်တီပေါ်မှာထိုင်နေတဲ့ ဆောင်းဟွန်းရဲ့ ဘေးကိုဝင်ထိုင်လိုက်ပြီးတဲ့နောက် ရှေ့က ကော်ဖီခွက်ဆီလက်လှမ်းမိသည် ။



" ဒီတိုင်းပဲ ခေါင်းဆက်မာနေဦးမှာလား ဂျယ်ယွန်း "

အဆုံးအစမရှိပြောလာတဲ့ဆောင်းဟွန်းရဲ့ စကားက ကော်ဖီကို တစ်ငုံချင်းသောက်နေတဲ့ ဂျယ်ယွန်းကို မျိုချရခက်အောင်လုပ်နိုင်စွမ်း ရှိနေတာမို့ ကော်ဖီခွက်ကို ဖြည်းဖြည်းသက်သာပြန်ချလိုက်ရင်း ဂျယ်ယွန်း ဆောင်းဟွန်းရဲ့အကြည့်တွေကို ရှောင်လွှဲမိသည် ။


"ကြာရင် ယယ်ဂျွန်းလေးပါ စိတ်ဒဏ်ရာရသွားလိမ့်မယ် "

​မျက်ခုံးတန်းတွေကို တွန့်ချိုးလျက်ပြောလာတဲ့ ဆောင်းဟွန်းစကားကို ဂျယ်ယွန်း စိတ်မရှည်စွာ တုံ့ပြန်မိတာက



" ငါပြောပြီးသားပဲလေ  ငါလိုအပ်တာ ယယ်ဂျွန်းတစ်ယောက်ပဲလို့ "


" ဘာလို့ မဆိုင်တဲ့ ငါတို့အကြောင်းကို ခဏခဏ ဆွဲထည့်နေရတာလဲ "


ပြတ်သားဟန်ဆောင်ပြီး ဆိုလာတဲ့ဂျယ်ယွန်းစကားတွေက ကြားရတာတော့ နားဝင်မကောင်းလှ ။

ဆောင်းဟွန်းတစ်ယောက် သက်ပြင်းရှည်ရှည်တစ်ခုကိုချပြီးနောက် ဂျယ်ယွန်းကို အသေအချာကြည့် ပြီး နောက်ပြောမိတဲ့စကားဟာ သူ့စိတ်ရင်းရဲ့ လေးနက်မှုကို ဂျယ်ယွန်းနားလည်စေချင်ရုံသက်သက် ။


My Love Delivered|JAKEHOONWhere stories live. Discover now