Unicode
"ဂျိတ်ခ် ကြားရလား မျက်လုံးဖွင့်လို့ရရဲ့လား"
နားထဲကိုဝင်လာတဲ့ အသံကြောင့် မျက်လုံးကိုဖွင့်ကြည့်ဖို့ ကြိုးစားပေမဲ့ ထင်ထားသလောက်မလွယ်ကူ ။
ခက်ခက်ခဲခဲနဲ့ တစ်စတစ်စစူးဝင်လာတဲ့ အလင်းရောင်တွေရဲ့နောက်မှာတော့ ဝိုးတဝါး ပုံရိပ်တစ်ချို့ ။
"ဂျိတ်ခ် ဂျိတ်ခ် အဆင်ပြေရဲ့လား ဒီကိုမြင်ရလား"
မျက်မှောင်ကြုံ့လိုက်မိရင်း စူးစိုက်ကြည့်မိတော့ တဖြည်းဖြည်း ကြည်လင်လာတဲ့ပုံရိပ်တွေထဲမှာ မျက်နှာစိမ်းလူ၂ယောက်လောက်ရယ် ပြီးတော့ ရင်းနှီးနေတဲ့မျက်နှာတစ်ခု ။
သူမသိတဲ့မျက်နှာစိမ်းလူတွေက ဝတ်ပုံစားပုံအရတော့ ဆရာဝန်နဲ့သူနာပြုဖြစ်ဟန်ရှိသည် ။"ဂျိတ်ခ် တကယ်သတိရလာပြီ နောက်ဆုံးတော့လုပ်နိုင်ခဲ့တာပဲ "
အားရဝမ်းသာ ဆိုနေတဲ့ အမျိုးသမီးရဲ့ပုံစံက တရင်းတနှီး ။
"ဂျိတ်ခ် အန်တီ့ကိုမှတ်မိရဲ့လား အန်တီလေးလေ မင်းMommyရဲ့ညီမ"
မကြည်မလင် အုံခဲနေဆဲခေါင်းကို အနည်းငယ်အလုပ်ပေးလိုက်တော့ သူ့ရှေ့က ဒီအမျိုးသမီးဟာ ငယ်စဉ် မာမီမဆုံးခင်က မကြာခဏတွေ့ခဲ့ဖူးတဲ့မျက်နှာတစ်ခုဖြစ်ကြောင်း မှတ်မိလာရသည် ။
ဒီ့ထက်တော့ ဝေးဝေးမတွေးနိုင်သေး ။
အခုချိန်မှာ ခေါင်းတစ်ခုလုံးရော ခန္ဓာကိုယ်တစ်ခုလုံးရောမှာ ထုံကျင်နေသလိုခံစားချက်ကသာ ကြီးစိုးလျက် ။
"သတိရလာလို့တကယ်တော်ပါသေးတယ် အခုတော့ ခဏနားနေလိုက်နော် သား အန်တီ ဆရာဝန်တွေနဲ့စကားပြောလိုက်ဦးမယ်"
" ပြန်သတိရလာပေးလို့ တကယ်ကျေးဇူးတင်ပါတယ် Jakeyရယ် "
ထွက်မသွားခင် သူ့လက်ဖဝါးကို ခပ်ဖွဖွလေး အုပ်ကိုင်သွားတဲ့ အမျိုးသမီးဆီက နွေးထွေးမှုကိုခံစားရတော့ စိတ်ထဲကမသိလိုက်ပဲလုံခြုံမှုကိုရလိုက်သလို ။
ဒါကြောင့်ပဲ ခဏလောက်နေတော့ တစ်ယောက်တည်းကျန်ခဲ့တဲ့ ကုတင်ငယ်ပေါ်မှာ ပြန်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားနိုင်တာဖြစ်ခဲ့လောက်သည် ။
STAI LEGGENDO
My Love Delivered|JAKEHOON
Fanfiction예준 The baby's name is Shim Ye Jun. •JAKEHOON Start : 30th November , 2021 End : April 1,2022