၂ အစားထိုးလက်ဆောင်

1.3K 210 81
                                    

Unicode

မှောင်မဲနေတဲ့အခန်းကျဉ်းက အလင်းရောင်တစ်စမှမဝင်အောင် တမင်သက်သက်လုပ်ယူဖန်တီးထားလိုမျိုးသဏ္ဍာန်ကိုဆောင်နေသယောင် ။

ခန်းစည်းလိုက်ကာစထူထူတွေဟာ တော်ရုံအလင်းရောင်တိုးမပေါက်နိုင်လောက်တဲ့အထိ ။

တိတ်ဆိတ်ပြီး ပိန်းပိတ်အောင်မှောင်နေတဲ့ ဒီအခန်းငယ်ထဲမှာ ဆောင်းဟွန်းတစ်ယောက် ဖုန်းတစ်လုံးနဲ့အချိန်ကုန်ခဲ့တာ နေ့တွေညတွေ ဘယ်နှခါကူးလို့သွားပြီလဲဆိုတာ သူကိုယ်တိုင်သတိမထားမိတော့ ။

ဘဝမှာ ရှားရှားပါးပါးပထမဆုံးအကြိမ်အဖြစ် ချစ်ခဲ့မိတဲ့ အချစ်ဦးဆီက မထင်မှတ်ထားလောက်အောင် ရက်ရက်စက်စက်ထားသွားရက်တဲ့ဒဏ်ဟာ ထင်ထားတာထက် ပိုကြီးမားသည် ။

အထူးသဖြင့် ချစ်ရသူရဲ့ ဒီလိုမျိုး ရုတ်တရက်ကြုံရတဲ့အဖြစ်ဆိုးမှာ သူကိုယ်တိုင်က အဓိကတရားခံတွေထဲမှာပါဝင်နေတယ်ဆိုတဲ့အဖြစ်က ဆောင်းဟွန်းအတွက် ဘယ်တော့မှ ဖြေဆည်နိုင်မှာမဟုတ်တဲ့အမှန်တရားဖြစ်နေခဲ့ခြင်းသာ ။



" ကိုယ့်ကိုယ်ပြန်ပြီး အပြစ်ပေးဆပ်ခွင့်တောင်မပေးဘူးပဲ "

"ရှင်းမ်ဂျိတ်ခ်ကဆိုးလိုက်တာကွာ"

ခွင့်လွှတ်မှုကိုတောင်းခံဖို့အခွင့်အရေးတောင်မပေးတဲ့သူဟာ ပစ်ပစ်ခါခါပဲ ထားပစ်ရက်လေတော့ ။

ဘဝမှာဘယ်တုန်းကမှ အလေးအနက်ထားပြီး ကောင်းကောင်းမွန်မွန်မရှင်သန်ဘူးတဲ့ သူ့လိုလူက နောက်တစ်ကြိမ်လည်း ဘယ်တော့မှ လူကောင်းဖြစ်လာမှာမဟုတ်နိုင်တော့ ၊ ဆောင်းဟွန်းက ဒီလိုမျိုးတွေးသည် ။
သူ့လိုလူက ဆက်ပြီးကောင်းကောင်းရှင်သန်ဖို့ရော ထိုက်တန်သေးရဲ့လားဆိုတာ ၊ ဆောင်းဟွန်း ညစဉ်ရက်ဆက် ကိုယ့်ကိုယ်ကိုယ်နှိပ်စက်ရင်း တွေးမိသော မေးခွန်းတွေထဲက တစ်ခုဖြစ်ခဲ့သည် ။








"ပတ်ဆောင်းဟွန်း မင်းတကယ် ဒီလိုပဲနေတော့မှာလား

ကြိုတင်သတိပေးချက်မရှိပဲ ဝုန်းဒိုင်းကြဲပြီး အခန်းထဲအတင်းဝင်လာတဲ့ ဂျေးရဲ့အသံနဲ့အတူ
မရှေးမနှောင်းမှာ စူးခနဲကျရောက်လာတဲ့ ကန့်လန်ကာနောက်ကွယ်က အလင်းတန်းတစ်ချို့ကြောင့် ဆောင်းဟွန်း စုတ်တစ်ချက်သာသပ်မိသည် ။


My Love Delivered|JAKEHOONWhere stories live. Discover now