episode-55

2.8K 189 18
                                    

[Zawgyi]

Hotelရောက်တော့ ဦးက လမင်းကို ဦးရဲ့ကိုယ်ပိုင်အခန်းမှာ နားနေစေသည်။
အိစက်နေသည့် မွေ့ယာပေါ်ထိုင်နေရင်း တစ်ခန်းလုံးကို နေရာအနှံ့ငေးကြည့်နေမိတယ်။

ဦးရဲ့ အိပ်ခန်းက တကယ်ကိုကျယ်ပြီး အသုံးအဆောင်နဲ့ ကုတင်‌၊မွေ့ယာကအစ ဘုရင့်နန်းဆောင်အတိုင်းခန်းနားလှသည်။ ကုမ္ပဏီက နားနေခန်းနှင့် လုံးဝခြားနားသည်။

ကုမ္ပဏီရှိနားနေခန်းကတော့ လုံးဝကို သဘာဝဆန်ပြီး စိတ်ထဲရွှင်လန်းစေသလို အခုအခန်းကျတော့လဲ ကိုယ့်ကိုယ်ကို မင်းသားလေးတစ်ပါးလို ခံစားရစေပြန်သည်။

လမင်း အံ့ဩလို့မဆုံးသေးခင် ဦးက  အအေးဗန်းကိုကိုင်‌ဆောင်ကာ သူ့အနားရောက်လာတယ်။

“ငယ် စိတ်လန်းသွားအောင် လိ‌မ္မော်ရည်လေးသောက်လိုက်နော်”

ဦးပေးလာသော လိမ္မော်ခွက်ကိုယူပြီး တစ်ငုံသောက်လိုက်တော့ လမင်းမျက်ဝန်းတွေဝိုင်းစက်ကာ ဦးကိုကြည့်လိုက်သည်။

“ဘယ်လိုလဲ မေမေ့လက်ရာနဲ့တူရဲ့လား”

လမင်း ခေါင်းတဆတ်ဆတ်ညိမ့်ပြပြီး လိမ္မော်ရည်ကို တချိုက်တည်းမော့သောက်လိုက်သည်။
ပြီးသည်နှင့် နူတ်ခမ်းပေါ်မှာကျန်နေသည့် ဖျော်ရည်စက်လေးတွေကိုပင် လျှာနဲ့သပ်ယူလိုက်တယ်။

“လုံးဝ မေမေဖျော်ပေးသလိုပဲ”

ငယ်ရဲ့အမှုအယာကြောင့် သူရိန်ရေဆာသလိုပင်ဖြစ်လာရသည်။
စိုစွတ်နေတဲ့ နူတ်ခမ်းရဲရဲလေးကိုကြည့်ကာ ဘယ်လိုမှမနေနိင်တဲ့အဆုံး...

“ပြွတ်”

သူ့အပြု့အမှုကြောင့် ငယ်က နားမလည်သလို မျက်ဝန်းလေးတွေနဲ့ကြည့်လာသည်။

“အဟမ်း တကယ်ဟုတ်မဟုတ် မြည်းကြည့်တာလေ”

ပြောပြီးတာနဲ့ ငယ်ရှေ့ကနေချက်ခြင်းထရပ်လိုက်ပြီး ငယ်ကိုနောက်ကျောပေး၍ နက်ကတိုင်ကို အသာလျော့လိုက်ရသည်။

ငယ်ကြောင့် သူ့ရဲ့အပူချိန်တွေ မြင့်လာ၍ဖြစ်သည်။

“ဦး ဒါနဲ့လေ ဘာဖြစ်လို့ ဥက္ကဌက ငယ့်ကို ဒီလိုလုပ်ရတာလဲ”

ဦးချစ်သော လမင်းငယ်(Completed)Место, где живут истории. Откройте их для себя