episode_27

5.1K 387 29
                                    

[Unicode]

သူရိန် သူရှေ့က ကောင်လေး၅ယောက်ကိုကြည့်ပြီး မဲ့ပြုံးတစ်ချက်သာပြုံးလိုက်တယ်။သူ့အတွက်ကလေးသာသာပဲဆိုတော့ လူကြီးတစ်ယောက်အနေနဲ့ ဆုံးမတယ်လို့ပဲ တွေးလိုက်သည်။

တစ်ယောက်ချင်းစီကို ခုံမှာထိုင်ခိုင်းထားပြီး လက်နောက်ပြန်ကြိုးတုတ်ကာ မျက်လုံးတွေကိုပဝါစည်းထားတာတွေ့လိုက်ရတယ်။

အလယ်ကတစ်ယောက်က အတန်းခေါင်းဆောင်ဖြစ်မည်ဟု မှတ်ချက်ချလိုက်တယ်။

မြေအောက်ခန်းဖြစ်သည်မို့ အမှောင်ထုကြီးစိုးနေတဲ့ကြားက မီးလုံးအနီရောင်လေးသာထွန်းထားသည်ဖြစ်ရာ လူတစ်ယောက်ကို အနည်းငယ်တော့အမြင်ရှင်းပေလိမ့်မည်။

ဘေးမှာရပ်နေသည့် ထက်မြတ်ကိုကြည့်ပြီး အချက်ပြလိုက်တော့ ထက်မြတ်က ထိုကလေးတွေရဲ့မျက်လုံးကိုစည်းနှောင်ထားသောအဝတ်စကိုဖယ်ရှားလိုက်သည်။

သူ့ကိုမြင်တာနဲ့ နားလည်ရခက်သွားသောအကြည့်တို့ကို ထိုကလေးတွေရဲ့မျက်ဝန်းထဲမြင်လိုက်ရတယ်။

သူရိန်လဲ ခုံမှာ နောက်ကျောမှီပြီး ခြေချိတ်ထိုင်ကာ လက်ပိုက်ရင်း စေ့စေ့စိုက်ကြည့်နေလိုက်တယ်။
ငယ့်ကိုထိရဲတဲ့ သူတို့သတ္တိကို ချီးကျူးပေးဖို့ပေါ့။

ဖြိုးအာကာရဲ့အတွေးထဲမှာတော့ ...

~ဘာလဲ ငါတို့ကိုပြန်ပေးဆွဲဖို့ နိင်ငံခြားကမာဖီးယားဂိုဏ်းတွေငှားထားတာလား?ဒါဆို သူတို့က ဘာလိုချင်တာလဲ~

ဖြိုးအာကာက သူရိန်ရဲ့ ဥပတိရုပ်ကိုမြင်ပြီး ခန့်မှန်းလိုက်သည်။သို့ပေမယ့် သူ့လိုချာတိတ်ကို ဘာကြောင့် ဂိုဏ်းစတားတွေက ပြန်ပေးဆွဲတာလဲ။

စကားတစ်ခွန်းမှမပြောပဲ စူးစိုက်ကြည့်နေတဲ့အကြည့်တွေက အခန်းရဲ့အအေးဓာတ်ကို ပိုပြီးမြင့်နေသယောင်။

ဖြိုးအာကာလဲ ကိုယ်ဟန်ဖို့ကာ မတောက်တစ်ခေါက်တတ်ထားတဲ့ပညာလေးတွေထုတ်ပြီး စကားစလိုက်တယ်။

“What do you want..?...”

သူရိန်အပြုံးမမည်သောအပြုံးကို ပါးထက်ဆင်မြန်းလိုက်တယ်။
ပြီးတော့ နက်ကတိုင်ကိုဖြေလျော့ကာ ရှေ့ကိုကိုင်းထိုင်ပြီး ပေါင်ပေါ်တံတောင်ဆစ်တင်၍ လက်ချောင်းတွေကိုချိတ်ဆက်ထားလိုက်တယ်။

ဦးချစ်သော လမင်းငယ်(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ