episode-50

3K 214 12
                                    

[Zawgyi]

အချိန်တရွေ့ရွေ့ကုန်ဆုံးကာ ပထမနှစ်ဖြေပြီးစဖြစ်တဲ့ လမင်းတို့ သူငယ်ချင်းသုံးယောက်လဲ အသီးသီး လုပ်ငန်းဝင်ရန်တွေးထားကြလေသည်။

ရှင်းက အမွေခံသားမို့ သူ့ဖေဖေရဲ့ ကုမ္ပဏီကိုလက်လွဲယူရမည်ဖြစ်ရာ ကုမ္ပဏီကိစ္စရေးရာကိုကျွမ်းကျင်အောင်လေ့လာရမည်။ထို့ကြောင့် ရှင်းဖေဖေရဲ့ကုမ္ပဏီကိုဝင်ဖို့စဉ်းစားထားလေသည်။

ကြယ်စင်ကလဲ ကုမ္ပဏီကိစ္စတွေစိတ်ဝင်စားသူမဟုတ်လို့ ကိုကို့ကိုသာတာဝန်ပေးထားကာ သူက မေမေနဲ့ ရွှေဆိုင်ထိုင်ပေးဖို့တွေးထားပြီးသားဖြစ်သည်။

လမင်းကတော့ အမွေဆက်ခံစရာဘာမှမရှိတဲ့အတွက် ဘာလုပ်ရမလဲဟု စဉ်းစားနေလေသည်။
ကိုယ်ပိုင်လုပ်ငန်းမထောင်နိင်သေးတာမို့ အရင်ဆုံး ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ဖို့တွေးမိသည်။
ဦးရဲ့ ကုမ္ပဏီမှာလဲ မဝင်ချင်ပေ။  ဦးက သူနဲ့ဆက်ဆံရေးကြောင့် အခွင့်အရေးပေးမှာကို မလိုချင်၍သာ။ဒီတိုင်း သူ့ကိုမသိတဲ့ ကုမ္ပဏီတစ်ခုမှာသာဝင်လုပ်ချင်သည်။

အတွေးနဲ့အတူ လမင်း သိသမျှ ကုမ္ပဏီတွေကို Onlineကနေလေ့လာကြည့်လိုက်သည်။
ပြီးတော့ သူသဘောကျတဲ့ ကုမ္ပဏီတစ်ခုအား Joinထားလိုက်တယ်။

အခုခေတ်အရ အလုပ်လျှောက်လွှာတွေကို Onlineကနေ ပထမအဆင့်ဖြေဆိုလို့အောင်မှ ဒုတိယအဆင့်အနေနဲ့ လူတွေ့ဖြေဆိုရမည်ဖြစ်သည်။

Onlineအဆင့်ကိုတော့ သူတို့မေးထားတဲ့အချက်တွေကို လွယ်လွယ်ကူကူပဲ ဖြေထားလိုက်သည်။

မြန်ဆန်တဲ့ခေတ်ကြီးကိုတော့ လမင်းသဘောကျမိပါရဲ့။မနက်ပိုင်းဖြေပြီး ညနေပိုင်းမှ ရလာဒ်ထွက်လာသည်လေ။

လူတွေ့စစ်ဆေးဖို့ လက်ခံပါတယ်ဆိုတော့ Onlineအဆင့်ကို လမင်းအောင်သည်ပေါ့။

လမင်းအတွက် ပထမဆုံးအလုပ်လုပ်တော့မည်မို့ ရင်လဲခုန်မိသည်။
သူသဘောကျတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ George Johnnyကိုအတုယူပြီးဖြစ်ဖြစ် ဦးလို မြန်မာနိင်ငံရဲ့ စီးပွားရေးထိပ်တန်းလုပ်ငန်းရှင်ကိုပဲဖြစ်ဖြစ် စံနမူနာယူပြီး ကြိုးစားဖို့ လမင်းမှာ စိတ်ဆန္ဒတွေအပြည့်ပင်။

ဦးချစ်သော လမင်းငယ်(Completed)Dove le storie prendono vita. Scoprilo ora