Noob (one shot)

1.1K 66 1
                                    


( Unicode)

"ရှေ့နေ ဝမ်...ကျနော်...တောင်းပန်ပါတယ်။ သူက ငယ်သေးတော့ သဝန်တိုဖို့ပဲ သိတယ်။"

ဝမ်ရိပေါ် သူ့ရှေ့က မန်နေဂျာကိုနားလည်ပါတယ်။ မန်နေဂျာရဲ့ကောင်လေးက ငယ်လဲငယ်သေးတယ်။ သူ့ရဲ့ချစ်သူနဲ့သူ့ကို အထင်လွဲနေတယ်။

"အင်း။ ခင်ဗျား...သေချာချော့ နားလည်အောင်ရှင်းပြသင့်တယ်"

မန်နေဂျာကခေါင်း​ငြိမ်ကာထွက်သွားပြီးတဲ့နောက် ဝမ်ရိပေါ် သူ့ဖုန်းထဲက မေးလ်ကိုတစ်ချက်စစ်တယ်။ သူညနေဆိုပြန်လို့ရပြီ ဒီရုံးခွဲက အခြေအနေလဲတည်ငြိမ်သွားပြီ သူ့တွေးနေတုန်းမှာပဲ ဖုန်းထဲစာဝင်လာတယ် ဝင်လာတဲ့စာက သူ့ကို နုတ်ခမ်းတစ်ဖတ်တွန့်ပြုံးရယ်စေတယ်။ သူဖုန်းကြည့်နေတုန်းမှာ တံခါးခေါက်သံကြားလိုက်ရတယ်။

"ဝင်လာခဲ့ပါ"

အစောကမန်နေဂျာနဲ့ ချစ်စရာပိန်ပိန်သွယ်သွယ်နဲ့ နုတ်ခမ်းလေးဆူကာဝင်လာတဲ့ကောင်လေးက မန်နေဂျာရဲ့ ကောင်လေး​ဖြစ်ပုံရတယ်။

"ရှေ့နေ ဝမ်......"

"ထိုင်ပါ.. "

ပေကပ်ကပ်လုပ်နေတဲ့ကောင်လေးကို မန်နေဂျာက ပုခုံးနှစ်ဖတ်ကကိုင်ကာဆိုဖာပေါ် ဖိချတယ်။ နုတ်ခမ်းကလဲ ဆူနေသေးတယ် ဖိထားတဲ့ လက်ကိုလဲ တွန့်ကာခါချနေသေးတယ် သူ့ချစ်သူရဲ့ ပြုမှုပုံကို ကြည့်ကာမန်နေဂျာက အားနာစွာပြုံးပြတယ်။ ရိပေါ် ဟာသူ့ရဲ့မူပိုင်အပြုံးတစ်ချက်ပြုံးကာ သမီးရည်းစားနှစ်ယောက်ရှေ့ ဝင်ထိုင်တယ်။

"ရှေ့နေ ဝမ် ကျနော်တို့တောင်းပန် ချင်လို့ပါ..။ cute လေး တောင်းပန်လိုက်လေး"

ရိပေါ်ဘာမှဝင်ပြောပါဘူး သူ့ရှေ့ကကောင်လေးကတော့ မနေ့က သူ့ကို လူကြားထဲမှာ သူ့ရည်းစားကို မမြူစွယ်ဖို့ အရှက်မဲ့စွာပြောခဲ့တာ သူမဟုတ်တဲ့အတိုင်းပဲ သူ့ကိုမကြည့်ပဲပြောလာတယ်။

"တောင်းပန်ပါတယ်။ "

ရိပေါ် အသံထွက်ရီလိုက်မိတယ်။ ဒီကောင်လေးက ငယ်သေးတာမှ ကလေးလိုပဲ ပြုမူနေသေးတယ်။

"ကောင်းပြီ။......ကျနော်က ဘယ်သူလဲ မင်းမသိလို့ မှားတာလို့ ထင်ပါတယ်.. ကျနော် နားလည်ပါတယ်...အခုတော့ စိတ်ချလိုက်ပါတော့"

 NoobWhere stories live. Discover now