rope of love(one shot)

671 58 0
                                    

ရိုတ်ကွင်းမှာ အတတ်နိုင်ဆုံး နဲ့ အကောင်းဆုံး အလုပ်လုပ်နေပေမဲ့ မန်နေဂျာကျဲက သိတယ် ရှောင်းကျန့် စိတ်ရှုပ်နေတယ်ဆိုတာ။
သူမကရှောင်းကျန့် ရဲ့ စိတ်ထဲ ဘာတွေဖြစ်နေလဲ မသိပေမဲ့ ဖြစ်နေတဲ့ ပြဿနာတွေကို ဒီမင်းသားလေး အကောင်းဆုံး ကြိုးစားရင်ဆိုင်နေမှန်း သူမသိတယ်။

"ရှောင်းကျန့်.....မင်းအဆင်ပြေရဲ့လား?...ခဏနားလို့ရသေးတယ်"

"ဟုတ်ကဲ့ ကျဲ"

ရှောင်းကျန့်ရဲ့အလုပ်ပေါ်ထားတဲ့ စိတ်က တာဝန်ကျေပါတယ်။ သူ့အတွက် တာဝန်ယူထားရတဲ့ မန်နေဂျာက ကိုယ်ပိုင် စိတ်ကိုတော့ လိုက်နှောက်ယှက်လို့ မရဘူး။ မန်နေဂျာက ရှောင်းကျန့်အဆင်ပြေအောင်တော့ အတတ်နိုင်ဆုံး စီစဥ်ပေးနေတယ်။

မန်နေဂျာက make up roomထဲက ဝန်ထမ်းအချို့ကို ခဏအပြင်ထွက်ခိုင်းလိုက်တယ်။

"ရှောင်းကျန့်....ခဏအနားယူပါ... အမ အပြင်မှာရှိတယ် တစ်ခုခုလိုအပ်ရင်ပြောနော်"

"ဟုတ်ကဲ့ "

သူအရမ်းစိတ်ရှုပ်နေတယ် ဒီလိုလုပ်ရက်တွေပြဿနာတွေဖြစ်လာပြီဆိုရင် အချိန်ကုန်တယ် ငွေကုန်တယ် လူလဲပင်ပန်းတယ် အထူးသဖြင့် သူ့စိတ်အရမ်းကိုပင်ပန်းနေတယ်။ရှောင်းကျန့် က တာဝန်ယူတတ်တဲ့ သူတစ်ယောက်ပါ သူအပေါ်မတရားစွတ်စွဲလာတော့ တရားစွဲပြီး တရားရင်ဆိုင်နေရတယ်။

ရှောင်းကျန့် ပင်ပန်းနေတယ်။ သူ့ရဲ့စိတ်ကိုခဏအနားပေးရင် သူ့ရဲ့ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ရမလဲ တွေးနေတယ်။
ရှောင်းကျန့် လက်ထဲကိုင်ထားတဲ့ဖုန်းက တုန်ခါလာတယ်။
* ထမင်းစားပြီလား? ဒီနေ့အဆင်ပြေရဲ့လား?*

ရှောင်းကျန့် ပြုံးလိုက်တယ်။သူစာပြန်ဖို့ လုပ်လိုက်တယ်။နောက်ထပ်စာထပ်ရောက်လာတယ်။
*ဖုန်းပြောလို့ရမလား?"

*အင်း*

သူ့စာအဆုံး တစ်ဖတ်ကဖုန်းချက်ချင်းခေါ်လာတယ်။

"ဝေ့......နေကောင်းရဲ့လား?...."

"ကျန့်ကော.....ဘာအဆင်မပြေတာရှိလို့လဲ?"

"မရှိပါဘူး.....အကုန်အဆင်ပြေတယ်...ရိုတ်ကွင်းမှာလေ"

". ......:::::. ....."

 NoobWhere stories live. Discover now