ရှောင်းကျန့် တစ်ယောက် ကျောင်းပိတ်ရက်မို့ သူ့သူငယ်ချင်းရဲ့ health medicine store လေးကိုထွက်လာခဲ့တယ်။ သူငယ်ချင်းထင်ထင်ရဲ့ဆေးဆိုင် လေးက လူတွေအတွက် ထိုင်ပြီစကားပြောလို့လဲ ကောင်းတဲ့နေရာလေး။
သူရောက်သွားတော့ ဆိုင်ရှေ့က စားပွဲဝိုင်းမှာ လူငယ်တစ်သိုက်က ဂိမ်းထိုင်ဆော့ရင်း ဆူညံနေလို့ သူသတိထားကြည့်မိတယ်။ အဲ့နေရာကလဲ သူပျင်းလို့ထင်ထင်ဆီလာရင် ထိုင်ပြီး စကားပြောနေကြနေရာ ဖြစ်တယ်။ ဆေးဆိုင်လာပြီ အားမနာတမ်း အော်ကြီးဟစ်ကျယ် ဂိမ်းဆော့နေတာမို့ ရှောင်းကျန့်လဲ အမြင်တော့ကပ်သား။ တကယ်တော့လဲ ဒီဆေးဆိုင်က သူနဲ့ထင်ထင် ပေါင်းပြီးဖွင့်ထားတာ ရက်ကွက် ထဲက လူကြီးသူမတွေအတွက် ဆေးပညာတတ်မြောက်ထားတဲ့ ထင်ထင်ကလဲ အကျိုးရှိအောင်ဆိုပြီ။ သူဂိမ်းဆော့နေတဲ့ ငနာလေးတွေကို ဘုကြည့်ကြည့်လိုက်ရင်း ဆိုင်ထဲဝင်လိုက်တယ်။"အ့..အ့..အ...နာတယ်..ဆရာရ"
"နာမှာပေါ့ကွ....မင်းအနာက အရေပြားပြဲနေတာကို....ဆိုင်ကယ်ကိုဂရုစိုက်စီးပေါ့ကွာ"
သူ့ရှေ့က အဖြစ်သည်းနေတဲ့ ကောင်လေးနဲ့ဆေးထဲ့ပေးနေတဲ့ ထင်ထင်ကို စကားမပြောပဲ အသာကြည့်နေလိုက်တယ်။ ဒီအထဲမှာ သူတတ်တာလဲ မရှိဘူးလေ။ ပြီးတော့ သူက သူများအသားထိရတာလဲမကြိုက်ဘူး သွေးပေနေတာဆိုပိုဆိုး။ကြောက်တာတော့မဟုတ်ပါဘူး။
"ကျန့်....ငါ့ကို....အရက်ပြန်ဂွမ်းယူပေးပါအုံး"
"ဒီ ငတိက စွတ်အော်နေတာ ငါ ကိုင်ပေါက်ချင်လာပြီ"
ထင်ထင်ကို အရက်ပြန်ဂွမ်းဘူးယူပေးလိုက်တယ်။သူလဲ အနာထဲဆေးထဲ့နေတာကို ကြည့်ပြီမေးလိုက်တယ်။
" ကောင်လေး...မင်းကို ဒီရက်ကွက်မှာ မမြင်ဖူးပါဘူး ဘယ် အပိုင်းကလဲ"
"အား...ဟုတ်ကဲ့..ကျနော်က ရက်ကွက် ၃ကပါ..ဆိုင်ကယ်ပြိုင်မောင်းရင် လဲတာ အဲ့ဒါ ဆေးဆိုင်တွေ့လို့ ဝင်ဆေးထည့်တာ လောင်ရှီုး"
"အို့...မင်းငါ့ကို သိတယ်လား"
"သိတာပေါ့....ရှောင်းကျန့်လောင်ရှီုးက... အချောအလှကို ဒီမြို့လေးမှာ နံမည်ကြီးကိုပဲ...။.လောင်ရှီုး..ကျောင်းသွားရင် ကျနော်အပိုင်းက ဖြတ်သွားရတယ်လေ"