လိမ္မော်ရောင်သန်းလို့ပဲ ပုစွန်ဆီရောင်ထပ် ပန်းချီကားတွေတောင် ဆွဲနေသလားထင်ရတဲ့အချိန်ရောက်နေပြီ။အလုပ်ပြီးလို့ အိပ်တန်း တတ်ချိန်မို့ အလုပ်သမားတွေပြန်ကုန်ပြီ။ဝမ်ရိပေါ် ဂျုံးကောက်လှိုင်းပုံပေါ်လှဲအိပ်ရင်း ဒီအသံကို နားထောင်နေတာတော်တော်ကြာနေပြီ။ ကြောင်မိတ်လိုက်သံ။
အသံကပြာလောင်နေအောင်အော်သံ။ဒါမှမဟုတ်အရမ်းနားလို့အော်တာလား။တစ်ချက်တစ်ချက်တုန်တတ်နေအောင်ညည်းသံ ဒါကျေနပ်တဲ့အော်သံလား။သူစူးစမ်းရင်း ပါးစပ်ထဲက ဝါးနေတဲ့ကောက်ရိုးကအချိုတောင်ကုန်နေပြီ။ သူကောက်လှိုင်းပုံပေါ်ကဆင်းလိုက်တယ်။အသံလာရာကိုတည့်တည့်ရှာလိုက်တယ်။သူရောက်သွားတဲ့အချိန်မှာ ကြောင်ထီးလို့ထင်ရတဲ့ ကောင်ကအမြီးကိုထောင်ပြီးတုန်ရင်နေတယ်။ အောက်ကကြောင်က တအီအီ အမြီးကိုကုတ်ပြီးညည်းနေသေးတယ်။သူ့ကိုမြင်သွားတာနဲ့ နှစ်ကောင်လုံးအတွဲလိုက်ကန်လန့်ပြေးသွားတယ်။အရမ်းထိတ်လန့်တဲ့ပုံစံနဲ့။ပြေးရင်းကွဲသွားတယ်။ ဝမ်ရိပေါ်ခပ်ညစ်ညစ်လေးပြုံးလိုက်တယ်။ သူ့စိတ်ကိုလာစွနေတဲ့အသံ။မှတ်ပြီလား။သူအိမ်ပြန်ရောက်တဲ့အချိန်ကမှောင်နေပြီ သူ့တို့အိမ်ကတစ်ရွာလုံးမှာအလင်းဆုံးလို့ထင်ရတယ်။သူကြီးအိမ်ပေါ့။အဲ့အိမ်ကြီးရဲ့ဘေးမှာတော့ဧည့်သည်ဆရာတွေအတွက် သက်သက် တစ်အိမ်ဆောက်ပေးထားတယ်။
သူအိမ်ထဲဝင်တာနဲ့သူ့အဖေကပြောတယ် ကလေကချေလေးပြန်ရောက်ပြီတဲ့။ဝမ်ရိပေါ်အိမ်အပေါ်ထပ်ကသူ့အခန်းကိုအပြေးသွားလိုက်တယ်။သူ့အခန်းကနေကြည့်ရင် ဆရာရှောင်းကျန့်ရဲ့အခန်းကိုတန်းနေတာပဲ။သူကံကောင်းရင်းရှောင်းလောင်ရှီးက ပြတင်းဖွင်ထားပြီးစာပွဲတင်မီးအိမ်လေးနဲ့စာဖတ်နေတတ်တယ်။အခုလဲတူတူပဲ။အရင်နဲ့မတူတာက ရှောင်းကျန့်ကစာဖတ်မနေဘူး။ပြတင်းပေါက်ပေါ် လက်နှစ်ပိုက်မေးတင်ပြီးငေးနေတယ်။သူကိုမြင်ရအောင်အခန်းထဲက တစ်လုံးတည်းသော မီးသီးကိုဖွင့်လိုက်တယ်။
သူထင်တယ်ရှောင်းကျန့်ကြည့်နေလောက်ပြီလို့။ သူ့ပြတင်းတံခါးနားကိုဖြေးဖြေးချဥ်းကပ်လိုက်တယ်။ရှောင်းကျန့်ကိုချောင်ကြည်ဖြို့မျက်လုံးတစ်ဖတ်ကိုခေါင်းစောင်းလိုက် ပြန်ဝင်လိုက် ၂ကြိမ်လုပ်လိုက်တယ်။တကယ် ရှောင်းကျန့်က သူ့အခန်းကိုလှန်းကြည့်နေတယ်။ သူလုပ်ပုံကိုပါမြင်သွားလို့လားပဲမသိ ။သဘောကျသလို ပြုံးနေသေးတယ်။ သူအားတင်ပြီး လူလုံးပါထွက်ပြလိုက်တော့တယ်။ ရှောင်းကျန့်က သူ့ကိုရီပြတယ်။ပြီးတော့ ဘယ်လိုလုပ်နေတာလဲလို့ အသံတိတ်လှန်းပြောတယ်။ သူလဲပြန်ပြောလိုက်တယ်။ထမင်းစားပြီးပြီးလားလို့။ ရှောင်းလောင်ရှီးက ခေါင်းရမ်းပြတယ်။ပြီးတော့သူကိုလက်ငြိုးထိုးပြီး မင်းကိုစောင့်နေတာ အတူတူစားမယ်လို့ လက်ဟန်နဲ့အတူလှန်းပြောတယ်။ သူအရမ်းပျော်တာပဲ ။နေ့တိုင်းဒီလို။ သူတို့အသံတိတ်စကားတွေပြောလာခဲ့တာ ရှောင်းကျန့်သူတို့ရွာကကျောင်းကိုစပြောင်းလာတဲ့ နောက်အပတ်တည်းကပဲ။အခုဆို ၆လထဲရောက်နေပြီး။ကလေကချေလေ ရှောင်ဝမ်မှာအဲ့လိုမျိုးလုပ်ပြီး ရှောင်းကျန့်နဲ့စကားမပြောမရချင် အိပ်မပျော်ဘူး။