Unicode
နှင်းမျက်ခြယ်သူ့ရှေ့မှာလဲကျသွားတဲ့ခခရဲ့ခန္ဓာကိုယ်လေးက်ိုဆွဲပွေ့လိုက်တယ်။
"ခခ! သတိထားပါအုန်းခခရယ်...သွေး...သွေးတွေ!!!"
နှင်းမျက်ခြယ် ခခရဲ့လက်မောင်းနားကိုကိုင်လိုက်တော့သူ့လက်မှာစိုစွတ်သွားတဲ့ခခရဲ့သွေးတွေ။"လာကြပါအုန်း!!! အဟင့်...ခခဘာမှမဖြစ်ပါနဲ့!!!"
နှင်းမျက်ခြယ်အော်လိုက်တော့မှစောနကရှောင်ပေးနေတဲ့ခခရဲ့Bodyguardနှစ်ယောက်ကအနားကိုချက်ချင်းပြေးလာကြတယ်။"Bossဘာဖြစ်တာလဲ!"
"ခခမေ့လဲသွားလို့ကူညီပါအုန်း"
"လာလာကားပေါ်မြန်မြန်တင်"
"ဟုတ်ကဲ့"
ခခကိုသူ့Bodyguardနှစ်ယောက်ကပွေ့ချီပြီးကားပေါ်တင်သွားတယ်။နှင်းမျက်ခြယ်လဲဆေးရုံကိုအတူလိုက်လာခဲ့တယ်။ဆေးရုံရောက်တော့..."လူနာလက်ကသွေးထွက်အရမ်းလွန်ပြီးသတိမေ့သွားတာပါကျွန်တော်တို့အခုချက်ချင်းလူနာရဲ့လက်မောင်းကဒဏ်ရာကိုချုပ်ပေးပါ့မယ်"
"ဟုတ်ကဲ့ဆရာ"
နှင်းမျက်ခြယ်ထိုင်ခုံမှာတောင်မထိုင်နိုင်ဘူး။ဂနာမငြိမ်ဖြစ်နေတာပေါ့။ခခဘာမှမဖြစ်ပါစေနဲ့ငါစ်ိတ်ပူလို့သေတော့မယ်။"မင်းအိမ်ပြန်ရင်ပြန်လိုက်တော့မိုးချုပ်နေပြီ"
နှင်းမျက်ခြယ်ကိုအိမ်ပြန်ခိုင်းနေတဲ့ခခရဲ့Bodyguard။"ကျမခခက်ိုစောင့်ပေးချင်လို့"
"မင်းအဆင်ပြေရဲ့လား"
"ဟုတ်အဆင်ပြေပါတယ်ခခနိုးလာမှကျမပြန်မယ်"
"အင်းအဲ့တာဆိုလဲထိုင်စောင့်နေဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်လုပ်မနေနဲ့"
"ဟုတ်ကဲ့"
နှင်းမျက်ခြယ်ခုံလေးပေါ်မှာထိုင်လိုက်တယ်။အချိန်အတော်ကြာတော့..."လူနာရှင်"
"ဟုတ်ကဲ့ဆရာ"
"လူနာရဲ့ဒဏ်ရာချုပ်ပြီးသွားပါပြီဒဏ်ရာကအရမ်းနက်တော့မနဲချုပ်ရတယ်ဒါပေမဲ့စ်ိတ်ပူစရာမလိုတော့ပါဘူး"
"ကျေးဇူးပါဆရာအဲ့တာဆိုခခသတိရပြီလားဟင်"
"သတိတော့မရသေးဘူးလူနာအခန်းထဲမှာသွားကြည့်လို့တော့ရပါတယ်"
YOU ARE READING
အချစ်ကဖန်ဆင်းသော...(သီတာမုန်းတဲ့ဒဿ...ကလေးမချစ်တဲ့ကျွန်တော်S_2){Completed}