Part_39♥️

5.1K 397 48
                                    

Unicode

မုန်းမာန်ခကိုအိပ်ယာပေါ်မှာအသာအယာချပြီးလွန်းသားဖြူအိပ်ခန်းထဲကနေထွက်လာခဲ့တယ်။ဦးဘာမှတော့မဖြစ်လောက်ပါဘူးငါအိပ်ဆေး၅လုံးဘဲထည့်လိုက်တာပါ။ခခက၂လုံးထည့်ခိုင်းပေမဲ့သူက၂လုံးနဲ့မတ်ိုးမှာဆ်ိုးလို့ဆ်ိုပြီး၅လုံးထည့်ကြိတ်တိုက်လိုက်တာလေ။

"ပါးပါး..."
ခခအသံတိုးတိုးလေးနဲ့လွန်းသားဖြူကိုလှမ်းခေါ်တော့လွန်းသားဖြူလဲသူ့သမီးဆီခြေလှမ်းစိတ်စိတ်လေးနဲ့လျှောက်သွားလိုက်တယ်။

"ဘလိုလဲအကုန်ပြင်ဆင်ပြီးပြီလား"

"ဟုတ်အကုန်ပြင်ဆင်ပြီးပြီ"

"ခြံထဲကအစောင့်တွေကော"

"အဲ့တာကအေးဆေးပါ မငယ်ကိုcoffeeဖျော်ခိုင်းပြီးသူတို့သောက်မဲ့ထဲမှာအိပ်ဆေးထည့်လိုက်တာအခုအကုန်လုံးအတုံးအရုန်းအိပ်နေကြပြီ"

"အမလေးဉာဏ်ကြီးရှင်လေး"

"ပါးပါးရဲ့သမီးဘဲဒီလောက်တော့ရှိမှာပေါ့"
သူတို့စကားပြောနေတုန်းမာန်လဲအခန်းထဲကနေထွက်လာခဲ့တယ်။

"ပါးပါး..."

"မာန်လေးအကုန်ပြင်ဆင်ပြီးသွားပြီမလား"

"ဟုတ်ပါးပါး မာန်ပါးပါးကိုကန်တော့ခဲ့မယ်နော်"
မာန် သူ့ပါးပါးကိုသေချာထိုင်ပြီးကန်တော့တာပေါ့။မျက်၀န်းထဲကမျက်ရည်လေးတွေကလဲတစက်စက်နဲ့စီးကျလာတယ်။

"သာဓု...သာဓု...သာဓု...ပါးပါးသားလေးသွားလမ်းသာလို့လာလမ်းဖြောင့်ပါစေ ဘေးမသီရန်မခပါစေနဲ့ကွယ်"

"ပေးတဲ့ဆုနဲ့ပြည့်ပါစေပါးပါး"

"အဲ့တာဆိုအမြန်သွားတော့အချ်ိန်မရှိတော့ဘူး"

"Daddyကိုကန်တော့ချင်သေးတယ်"

"စိတ်ထဲကဘဲကန်တော့လိုက်တော့ တော်ကြာသားDaddyနိုးလာလို့မိသွားမှဒုက္ခ"

"အဲ့တာဆ်ိုမာန်သွားပြီနော်ပါးပါး"
မာန်တစ်ယောက်သူ့ပါးပါးရဲ့ပါးလေးကိုနမ်ပြီးလက်ပြကာထွက်သွားတော့တယ်။

"ကလေးတွေသတိထားကြနော်"

"ဟုတ်ကဲ့ပါးပါး"
လွန်းသားဖြူသူ့သားနဲ့သမီးရဲ့နောက်ကျောလေးတွေကိုကြည့်ပြီးထိန်းမရတဲ့မျက်ရည်တွေစီးကျလာတယ်။ဘာလိုလိုနဲ့ငါ့သားနဲ့သမီးလေးတောင်အရွယ်ရောက်လာလို့ငါ့တို့ကိုဆီကထွက်ခွာသွားကြပြီဘဲ။

အချစ်ကဖန်ဆင်းသော...(သီတာမုန်းတဲ့ဒဿ...ကလေးမချစ်တဲ့ကျွန်တော်S_2){Completed}Donde viven las historias. Descúbrelo ahora