Part_40♥️

5.7K 396 82
                                    

Unicode

မုန်းမာန်ခနဲ့နက္ခတ်အဏ္ဏဝါပြောစရာစကားတွေပျောက်ရှသွားတယ်။မျက်လုံးရှေ့မှာမြင်လိုက်ရတဲ့သူတို့ရဲ့သားနှစ်ယောက်ကြောင့်သွေးပျက်ကုန်ကြတာပေါ့။

"မဟုတ်ဘူး...မာန်လေး!!!"
လွန်းသားဖြူ မာန်ရဲ့အနားကိုတိုးသွားကာမျက်နှာလေးကိုလက်ကလေးနဲ့အုပ်ကိုင်လိုက်တယ်။

"ကလေး...ဦးတို့သားလေးမသေပါဘူးနော်"

"ခင်ဗျားမလာနဲ့! ခင်ဗျားကြောင့်ကျုပ်သားလေးအခုလိုဖြစ်ရတာ!!!"
လွန်းသားဖြူအော်သံကြောင့်မုန်းမာန်ခပိုပြီးခံစားရတော့တယ်။

"ကလေး ဦးတောင်းပန်ပါတယ်"

"ခင်ဗျားတောင်းပန်လို့ကောအခုအရာကပြီးသွားရောလား!!!"

"ဟင့်...အဖေ့သားလေးအဏ္ဏ၀ါ...အဖေ့ကိုထကြည့်ပါအုန်းသားရယ်!"
နက္ခတ်မာနလဲအော်ဟစ်ငိုကြွေးနေတော့တယ်။

"ခင်ဗျားတို့အခုမှအပိုလုပ်မနေကြနဲ့ခင်ဗျားတို့ကငိုဖို့မတန်တဲ့လူတွေ!!!"
လွန်းသားဖြူ မုန်းမာန်နဲ့နက္ခတ်မာနကိုအော်ဟစ်ကာပြောဆိုနေတော့သည်။

"ဦး...ဦးမှားသွားပါတယ်ကလေးရယ်"

"ကျုပ်...ကျုပ်လဲမှားခဲ့တာပါ!"
အခုမှတစ်ယောက်ကိုတစ်ယောက်အပြစ်တွေ၀န်ခံနေကြတော့တယ်။

"ဟက်! ခင်ဗျားတို့နှစ်ယောက်လုံးပျော်ရမှာလေပျော်လိုက်ကြ! အခုကလေးနှစ်ယောက်လုံးကိုခင်ဗျားတ်ို့ခွဲလိုက်နိုင်ပြီလေ ခင်ဗျားတို့လိုချင်တာတစ်ယောက်ကိုတစ်ယောက်နိုင်ချင်တာမလားအခုနိုင်ပြီလေပျော်လိုက်ကြတော့!!!"
လွန်းသားဖြူလဲအရူးတစ်ယောက်ပမာဟစ်ကြွေးနေတော့တယ်။မုန်းမာန်ခနဲ့နက္ခတ်မာနဘာမှပြန်မပြောနိုင်ဘဲငိုကြွေးနေရင်းသူတို့သားတွေရဲ့မျက်နှာလေးတွေကိုကြည့်နေမိတယ်။

မုန်းမာန်ခသူ့သားပြောတာလေးတွေကိုပြန်စဥ်းစားရင်းရင်ကွဲမတက်နာကျင်ရပြန်တယ်။'Daddyရယ်မာန်ကိုမောင်နဲ့မခွဲပါနဲ့နော်...အဟင့်...ဟင့်...' အဲ့စကားလေးပြောခဲ့တုန်းကDaddyသားတို့နှစ်ယောက်ကိုမခွဲခဲ့သင့်ဘူး။အခုတော့နှစ်ယောက်လုံးကအတူထွက်သွားကြပြီ။

အချစ်ကဖန်ဆင်းသော...(သီတာမုန်းတဲ့ဒဿ...ကလေးမချစ်တဲ့ကျွန်တော်S_2){Completed}Tempat cerita menjadi hidup. Temukan sekarang