Part_32♥️

5.5K 399 48
                                    

Unicode

မာန် အဏ္ဏဝါကိုကျောင်းအုပ်ကြီးကသူ့ကိုဆရာအဖြစ်ကနေထုတ်တဲ့အကြောင်းကိုသေချာရှင်းပြလိုက်တယ်။ရှင်းပြတော့လဲကျောင်းအုပ်ကြီးကိုပြဿနာသွားရှာမယ်ဆိုလို့မနဲချော့​မော့ပြီးပြောရသေး။နောက်တော့မာန်သူ့ပစ္စည်းတွေသိမ်းစရာရှိတာအကုန်သိမ်းလိုက်တယ်။ဘာလိုလိုနဲ့ခွဲခွာရတော့မှာဘဲခနတာလေးဆိုပေမဲ့အမှတ်တရတွေအများကြီးရှိခဲ့တယ်လေ။တိမ်စိုင်ဖြူတစ်ယောက်ကတော့ငိုနေတော့တာဘဲ။

"အဟင့်...ဆရာကျွန်တော့်ကိုမမေ့နဲ့နော်ပြီးတော့အားရင်အပြင်မှတွေ့ကြမယ်နော်ဆရာ...ဟင့်"

"အင်းပါဆရာမင်းကိုမမေ့ပါဘူး"
ကျန်တဲ့ကျောင်းသားတွေကဖာသ်ိဖာသာနေနေကြတယ်။မာန်အခန်းထဲကကောင်လေးတစ်ယောက်ကိုရှာနေပေမဲ့မတွေ့ချေ။ထက်မင်းယံဒီနေ့ကျောင်းမလာတာများလား။သူလဲငါ့အပေါ်ကောင်းပေးခဲ့တာတွေရှိတာဘဲငါသူ့ကိုနှုတ်ဆက်ချင်သေးတယ်။အခုချိန်ထက်မင်းယံကိုမေးလိုက်ရင်လဲမောင်ကစိတ်ဆိုးအုန်းမယ်။အော်နောက်တော့ကံမကုန်ရင်ပြန်ဆုံကြမှာဘဲ။

"ဟင့်...ဆရာ...!!!"
တိမ်စိုင်ဖြူငိုပြီးမာန်ကိုဖက်ဖို့အလုပ်သူ့မျက်နှာကိုလက်နဲ့အုပ်ကိုင်လိုက်တဲ့အဏ္ဏဝါ...

"ကျစ်! ဒီလောက်ဆိုရပြီအပိုလုပ်မနေနဲ့စောက်ကောင်!"

"မင်းကလဲငါဆရာနဲ့ခွဲရလို့ဆရာ့ကိုတစ်ခါလောက်ဖက်ချင်လို့ပါ"

"မင်းသူ့အသားကိုထိရဲရင်ထိကြည့်လိုက်လေ"
ရုပ်တည်ကြီးနဲ့ပြောလာတဲ့အဏ္ဏဝါကြောင့်တိမ်စိုင်ဖြူရှေ့ဆက်မတိုးရဲ။အဖြစ်သည်းနေလိုက်တာများသူ့လူကိုခနလေးဖက်တာမသ််ိရင်အသားပဲ့ပါသွားမှာကြနေတာဘဲ။

"အာ...အမ်းဒီတိုင်းဘဲနှုတ်ဆက်တော့မယ်"

"မောင်ရယ်စမနေပါနဲ့"

"မစပါဘူးအတည်ပြောတာ"
သူ့လူဆိုးကောင်လေးကြောင့်မာန်ခမျာတိမ်စိုင်ဖြူကိုအားနာနေတယ်။

"ရပါတယ်ဆရာရယ်"

"အဲ့တာဆိုဆရာသွားတော့မယ်နော်"

"မောင်လဲလိုက်ခဲ့မယ်"

"မောင်ကဘယ်လိုက်မှာလဲကျောင်းမဆင်းသေးဘူးလေ"

အချစ်ကဖန်ဆင်းသော...(သီတာမုန်းတဲ့ဒဿ...ကလေးမချစ်တဲ့ကျွန်တော်S_2){Completed}Where stories live. Discover now