(14)

409 86 46
                                    

"အာ့!!! နာတယ်ဗျ ကိုကိုရ"

ချွဲဟျွန်ဆော့က သူ့ရှေ့က တအီအီနဲ့ ရှုပ်တွနေတဲ့ ကောင်ဇိုးလေးကို မဲ့ပြလိုက်တယ်။အခုနကတော့ လူမိုက်ကြီးလုပ်ခဲ့တာ သူမဟုတ်တဲ့အတိုင်း...

နှဖူးမှာ ရနေတဲ့ အပေါက်အပြဲဒဏ်ရာလေးက ပုစိလေး။သူ့ကိုအားကိုးတကြီးနဲ့ ဆေးလာထည့်ခိုင်းလို့ထည့်ပေးနေရတာက တစ်နာရီလောက်ရှိ​​နေပြီ။

"လက်ကရော ပြကြည့်အုံး"

အရေခံွတွေ ပွန်းပဲ့ပြီး သွေးတွေထွက်နေတဲ့အပြင် ဓားနဲ့မတော်တဆ မွှန်းမိသလိုဖြစ်လို့ ပေါက်ပြဲနေတဲ့ ဒဏ်ရာတွေက ပတ်ဂျီဟွန်းရဲ့ လက်ဖျန်ရိုးမှာ နေရာယူနေတယ်။

"မဖြစ်တော့ဘူး ဆေးခန်းသွားရအောင်"

"တော်ပါပြီ အဲ့လောက်ကြီးကျ..."

"အော်ဟော စကားနားမထောင်ဘူးလား"

ချွဲဟျွန်ဆော့က သူ ထိုင်ပြီးဆေးထည့်ပေးနေတဲ့ ဆိုဖာပေါ်ကနေ မတ်တပ်ထရပ်ပြီး ခါးထောက်နှုတ်ခမ်းစူပြလိုက်တယ်။

"သွားစေချင်တာလား တကယ်"

"တကယ်ပါဆို!"

"အဲ့ဒါဆို သွားစေချင်ရင် ဟန်နီလိုခေါ်ကြည့်"

"ဘာကြီး?"

ချွဲဟျွန်ဆော့က အခုချိန်မှာ သူ့ခေါင်းထဲမှာ လှည့်လည်သွားလာနေတဲ့ question markအစုအဝေးကြီးကို ထိုးဖောက်မြင်နေရတယ်။ပတ်ဂျီဟွန်းဆိုတဲ့ ကောင်ကလေးမှာ သူ့ကိုတစ်နေ့တစ်မျိုးမရိုးရအောင် စိတ်ခံစားမှုပေါင်းကို စုံလင်နေအောင်ပေးနေတော့တာပဲ

ဟန်...ဟန်နီလို့ သူက ခေါ်ရမှာလား? ဟွန်းနီးဆိုတော်သေးတယ်။အခုဟာကြီးက...အား ရှက်စရာကြီးမလား

"မခေါ်ဘူးလား.... ရတယ် မသွားဘူး"

ပတ်ဂျီဟွန်းက နေရာကနေ ထလိုက်ပြီး စုတ်ပြတ်ပေါက်ပြဲနေတဲ့ အကျီကြီးနဲ့ အိမ်သာဆီထွက်သွားဖို့ကြံနေပြီ။အပြင်က လေညှင်းလေးက သူတို့အိမ်ရေဲ့ပြတင်းပေါက်ကနေ တဆင့်ဝင်ရောက်တိုက်ခတ်လာတဲ့အချိန်မှာတော့

တိုက်တိုက်ဆိုင်ဆိုင်ပဲ နားဝကို ချိုမြိန်တဲ့ စကားလေး ဝင်ရောက်လာတယ်။

𝖫𝖺𝗌𝗍 𝖣𝖺𝗒 𝗈𝖿 𝖠𝗉𝗋𝗂𝗅 ❀Where stories live. Discover now