(25)

386 75 17
                                    

ဂေဟာထဲ ကလေးတွေနဲ့ပျော်နေတဲ့ Jihoonieကိုကြည့်ရင်း Choi Hyunsuk ကောက်ချက်ချမိ၏။

သူတို့ဆက်ဆံရေးက သူ့သက်ဆုံးတိုင်ထိအောင် မြဲမြံနေဖို့က မသေချာဘူး။ Jihoonieကလည်း စတွဲခဲ့တည်းက "Hyungရေ ကျွန်တော်တို့တစ်လပဲတွဲရအောင်"ဆိုပြီး အချိန်အတိအကျနဲ့ပြောခဲ့သည်။အခုကလည်း 31ရက်နားကို ရောက်ဖို့ တဖြည်းဖြည်းနီးလာပြီ။ တကယ်ပဲ လကုန်ရင် သူတို့လမ်းခွဲဖြစ်ကြမည်လား? တကယ်၍ အဲ့အချိန်နောက်ပိုင်းအထိ မြဲမဲနေအုံးမယ်ဆိုရင်တော့ Choi Hyunsukအနေနဲ့ သူ့ဘဝကြီးကို ချစ်ရည်လူးနေတာတွေနဲ့ပဲ မဖြတ်သန်းလိုက်ချင်ဘူး။ ကလေးလေးတစ်ယောက်ရယ်၊ Hoonieရယ် နောက်ပြီး သူရယ်... သုံးယောက်လောက်ပဲ သူ့ဘဝကြီးထဲရှိနေပေးရင်ကို တစ်သက်လုံးအပျော်တွေနဲ့နေနိုင်လိမ့်မယ်လို့ Choi Hyunsukက မှတ်ယူထားရှာသည်။

"ဪ ထိပ်မှူးရောက်နေတာပဲ"

"ဟုတ်တယ် မာသာ အပင်စိုက်ကြဖို့ တပ်ကူလေးတွေ လာခေါ်တာဗျို့"

"ကလေးတွေက ထိပ်မှူးဘယ်တော့လာမှာလဲပဲ မေးနေကြတာတော် သားကို အတော်ချစ်နေကြတဲ့ပုံပဲ"

Jihoonieက အပြုံးတစ်ချက်ပြုပြီး ဂေဟာထဲပြေးဝင်သွားတယ်။ခနအကြာမှာတော့ ကလေးတစ်သိုက်ကြီးနဲ့ ပြန်ထွက်လာကြပြီး သူ့မျက်နှာပေါ်မှာ ပြိုင်ဘက်ကင်းအပြုံးတွေကို ကျွန်တော် တွေ့လိုက်ရတယ်။ သိပ်ကြည့်ကောင်းတာပဲ...

ပန်းပင်လေးတွေအပြင် ရွက်ကျပင်ပေါက်တွေပါ ထည့်ထားတဲ့ ပျိုးပင်အိတ်တွေကို ကလေးတွေနဲ့အတူတူ သယ်ပြီး ေဂဟာရှေ့က ခြံအကျယ်ကြီးမှာ Jihoonieက နေရာချနေတယ်။ဘေးနားမှာ ရပ်နေတဲ့ မာသာအမျိုးသမီးကြီးကတော့ အဲ့ဒီမြင်ကွင်းကိုပြုံးပြုံးကြီး စိုက်ကြည့်ပြီး ကျွန်တော့်အနားကပ်လာရင်း မာသာကြီးက ဖော်ရွေစွာမေးသည်။

"မင်းက Hyunsukဆိုတာလား"

"ဟုတ်"

"မင်းသိမလားမသိပေမယ့် ထိပ်မှူးက ဂေဟာကိုထောက်ပံ့နေတဲ့​သူဆိုလည်းဟုတ်တယ် ဒီဂေဟာကို အစိုးရဖျက်သိမ်းမယ်လုပ်တုန်းကဆို သူကိုယ်တိုင်ပဲ မိဘအမွေတွေကို ထုခွဲရောင်းချပြီး ပြန်္ 'မ' တည် ပေးခဲ့တာ"

𝖫𝖺𝗌𝗍 𝖣𝖺𝗒 𝗈𝖿 𝖠𝗉𝗋𝗂𝗅 ❀Where stories live. Discover now