(29)

327 70 15
                                    

တိတ်ဆိတ်ပြီး ကိုယ်စီကိုယ်ငှအလုပ်ရှုပ်နေကြတဲ့ ကုမ္ပဏီတံခါးပေါက်ကနေ လူတွေအလုံးလိုက်အရင်းလိုက်ဝင်လာတာကြောင့် ဆူညံသွားရသည်။ ဝန်ထမ်းတွေကတော့ ဖိုင်တွဲကိုင်တဲ့သူက ကိုင်၊ မိတ္တူထုတ်တဲ့သူက ထုတ်နဲ့ လုပ်လက်စအလုပ်တွေကို ရပ်ပြီး ထိုလူတစ်သိုက်ကို ကြောင်ကြည့်နေကြတယ်။

"ဥက္ကဋ္ဌ Choi Jinhyeokရှိလား ဘယ်မှာလဲ"

ထိုအသံက ခပ်မာမာအနေအထားတွင် ရှိ၏။ Choi ကုမ္ပဏီကြီး၏ မြေညီထပ်မူကား အပ်ကျသံပင်မကြားရတော့တဲ့အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ရဲဝတ်စံအပြည့်ဝတ်ထားတဲ့ လူရဲ့အမေးစကားကို အမေးခံရတဲ့ဝန်ထမ်းလေးက ကြောက်အားလန့်အားနဲ့ တုန်တုန်ရီရီထဖြေလိုက်တယ်။ "ရှိ..ရှိပါတယ် အပေါ်ဆုံးထပ်က သုံးဆယ့်နှစ်လွှာမှာပါ"

မေးတဲ့ရဲက သူနဲ့အတူပါလာတဲ့ စုံစမ်းရေးမှူးတွေ၊ ရဲဝန်ထမ်းတွေဘက်ကိုလှည့်ကာ ခေါင်းငြိမ့်ပြီးအချက်ပြလိုက်တာနဲ့ အဲ့ဒီလူတွေက ဓာတ်လှေကားမှာရပ်တဲ့သူကရပ်၊ အရေးပေါ်လှေကားကနေတက်တဲ့သူက တက်နဲ့ ကုမ္ပဏီဂဲ့အပေါ်ဆုံးထပ်ကို ချီတက်သွားကြတော့တယ်။

"ငါတို့လည်းသွားရအောင် Jeongwoo"

အဲ့ဒီရဲက သူနဲ့အတူပါလာတဲ့ကောင်လေးကို ပုခုံးကနေဆွဲဖက်ပြီး ဓာတ်လှေကားဆီလျှောက်သွားတယ်။သူတို့အပေါ်ဆုံးထပ်ကိုရောက်တော့ အခန်းအကျယ်ကြီးကို ရဲတော်တော်များများက ဝိုင်းထားပြီးသားဖြစ်သည်။

"ခင်ဗျားတို့ ဘာလာလုပ်ကြတာလဲ ကျုပ်ဘာအပြစ်မှ မကျူးလွန်ထားဘူးနော်"

အတွင်းခန်းထဲမှာ လက်ထိပ်ခပ်ခံထားရတဲ့ သူကို Park Jeongwooက သူ့အကိုမှာထားတဲ့အတိုင်း ဆွဲထိုးလိုက်ပြီး လက်ထဲမှာပါလာတဲ့ အစိမ်းရောင်ဖျော်ရည်တွေနဲ့လောင်းချလိုက်တယ်။

"Suprise! Motherfucker"

သူ့လုပ်ရပ်ကိုလည်း ရဲတွေက စာနာတယ်ဆိုတဲ့သဘောနဲ့ မတားကြပေ။Park Jeongwooက သူ့အကိုပြောခိုင်းတဲ့အတိုင်း တသဝေ မတိမ်းဆက်ပြောသည်။

"ဒီတစ်ခွက်က ကျုပ်အဖေနဲ့အမေကိုသတ်ခဲ့လို့"

ပြောပြောဆိုဆိုနဲ့ တခြားလက်တစ်ဖက်က အပြာရောင်ဆေးဖျော်ရည်နဲ့ ထိုဝဝဖိုင်းဖိုင်းလူကြီးခေါင်းပေါ်ကို ထပ်လောင်းချလိုက်သည်။

𝖫𝖺𝗌𝗍 𝖣𝖺𝗒 𝗈𝖿 𝖠𝗉𝗋𝗂𝗅 ❀Where stories live. Discover now