(13)

463 103 32
                                    

"တရားခံJung Suhaဟာ သူမရဲ့ လုံခြံမှုအတွက် နစ်နာသူကို ထိခိုက်စေခဲ့တာပဲ ဖြစ်ပါတယ်၊ အမျိုးသမီး အကြမ်းဖက်မှုလို့ ခေါ်ရလောက်တဲ့အထိ တရားခံဟာ သူမရဲ့ကိုယ်တွင်းထိခိုက်မှုတွေကိုကြုံခဲ့ရပါတယ်၊ ဒါကြောင့် နစ်နာသူ Kwang Yooရဲ့သေဆုံးမှုဟာ သူမ အပြစ်လို့သတ်မှတ်မရနိုင်ပါဘူး"

တရားခံရှေ့နေ့ဘက်မှ ပြန်လည်တုံ့ပြန်လာပုံကြောင့် ပတ်ဂျီဟွန်းတို့ရောက်ရှိနေတဲ့ တရားခုံရုံးက အလွန်အမင်းကို တိတ်ဆိတ်သွားတယ်။ဘာဆက်ဖြစ်လာနိုင်မလဲဆိုတာကို အာရုံစူးစိုက်ပြီးတွေးတောနေတဲ့ သူ့ရဲ့ချစ်သူကြောင့် ချွဲဟျွန်ဆော့က အတော်လေးကို လုံခြုံသွားသလိုခံစားရတယ်။သူ့ကိုကာကွယ်ပေးနိုင်မဲ့ပုံရိပ်လေးတွေကို အဲ့ကောင်လေးဆီမှာတွေ့နေရတယ်။

ချွဲဟျွန်ဆော့က သူ့ရဲ့အေးစက်လာတဲ့ လက်ဖျားတွေကြောင့် အိတ်ထောင်ထဲကို လက်တွေထိုးထည့်လိုက်တယ်။တရားရုံခန်းမှာ AC onထားတဲ့အတွက် အအေးဓာတ်က နောက်ဆုံးခုံမှာထိုင်နေရတဲ့ သူတို့ဆီကို ပိုဦးတည်နေတယ်။

ဆွဲယူခံလိုက်ခံရတဲ့ သူ့လက်သေးသေးလေးတွေက ပတ်ဂျီဟွန်းဆိုတဲ့ကောင်လေးရဲ့ လက်ဖဝါးအကြီးကြီးတွေထဲမှာ နစ်မြုပ်လျက်။လက်အနီးနားကိုရောက်လာတဲ့ လေနွေးနွေးလေးက အဲ့ကောင်လေးရဲ့ အာငွေ့တွေ။အေးစက်မသွားအောင် သူ့လက်တွေထဲမှာ ကျွန်တော့်လက်ကိုထည့်ထားပြီး ပြောတဲ့စကား... "အေးတယ်မလား ကျွန်တော်က နွေးအောင်လုပ်ပေးမယ်"တဲ့။

"သူတို့အမှုက စိတ်ဝင်စားဖို့ကောင်းလား"

ကျွန်တော် မစပ်စုတတ်ပေမယ့် ကောင်လေးဖြစ်သူက ရှေ့နေ့အလောင်းအလျာလေးဆိုတော့ ဥပဒေအကြောင်း အနည်းငယ်တော့သိထားသင်တယ်လို့ ထင်လို့ မေးမိတယ်။

"အင်း အရမ်းပေါ့။ ဟိုမှာထိုင်နေတဲ့ အမျိုးသမီးကိုတွေ့လား"

လက်ညိုးထိုးပြရာကိုကြည့်လိုက်တော့ စစ်စိမ်းရောင်ဝတ်စုံနဲ့ ဆံပင်တို့ပွစာကျဲစွာ စိတ်ပြတ်လက်ပြတ်ထိုင်နေတဲ့ အမျိုးသမီးတစ်ဦး။ကျွန်တော့်အကြည့်တို့ကပဲ စူးရှတာလားမသိ၊ တို့အမျိုးသမီးရဲ့ လည်ပင်းမှာ အနီစင်းရာကြီးတွေ...

𝖫𝖺𝗌𝗍 𝖣𝖺𝗒 𝗈𝖿 𝖠𝗉𝗋𝗂𝗅 ❀Where stories live. Discover now