ညရောက်တော့ ပါတီသို့ သူတို့၎ယောက်
ထွက်လာခဲ့သည်။ပါတီရောက်တော့ တေဇော
ကသားကိုချီကာတစ်ဖက်က နေ့စွဲလက်အားတွဲ
ကာဝင်သွားပြီး ဝိုင်းကတော့ ဘေးကတော့
နောက်ကနေသာလိုက်သည်။
"ဂျေမီမတွေ့တာကြာပြီးနော် ""ဟုတ်ပါ့ ကိုချစ်နေ့စွဲရေ ဒါနဲ့ ကလေးလေးတောင် ထွားလာပြီး နော် "
"ဟုတ်တယ် အစားပုတ်လေးမို့ပိုသိသာတယ်"
နေ့စွဲက ဝိုင်းလက်ကိုဆွဲကာရှေ့ထုတ်ပြီး
"မိတ်ဆက်ပေးရအုံးမယ် ဒါက ဝိုင်းတဲ့
ဝိုင်း သူက ဂျေမီ""ဟုတ် ကဲ့"
"သူကဘယ်သူလဲ အမျိုးလား"
တေဇောက
"အမျိုးလိုဘဲပေါ့ ချစ် အဖော်ရအောင် ခေါ်ထား
တာ""အော်..လာလာ ထိုင်ကြ ဟို ကောင်လေးရောလာထိုင်"
စားပွဲဝိုင်းတွင် ထိုင်တော့ နေ့ကောင်းရာဇာ က
ဝိုင်းပေါ်ကုတ်တက်နေတာကြောင့် ဝိုင်းက
ချီလိုက်သည်။"သား ကိုကို စားပါစေအုံး မဆိုးရဘူး"
နေ့ကောင်းရာဇာ က ဝိုင်းလည်ပင်းကိုဖက်ပြီး
ဂျေမီကိုကြည့်ကာ"ပေးဘူး"
"...."
တေဇေနဲ့နေ့စွဲကသားကိုတစ်လှည့်ဂျေမီကို
တစ်လှည့်ကြည့်နေသည်၊ဝိုင်းကလဲ ပြူးကြောင်
ကြောင်လေးလိုက်ကြည့်နေသည်။"ဟို ဦးဦးက ဝိုင်းကိုကြည့်နေတယ် ပေးဘူး"
"ခွီးး"
ကလေးစကားကြောင့်နေ့စွဲကရီလိုက်သလို
ဂျေမီကလဲမျက်နှာကြီးရဲနေသည်။စားသောက်
ပြီးတာနဲ့တေဇောတို့လင်လင်တွေကမိတ်ဆွေ
တွေနဲစကားပြောနေတာကြောင့် ဝိုင်း က
ဟိုကြည့်ဒီကြည့်နဲ့သာပျင်းနေသည်။
DU LIEST GERADE
အခ်စ္ဆိုတာ / အချစ်ဆိုတာ (Completed)
Romantikမင်းထက်ငါကပိုမိုက်တယ်ဖတ်ပြီးမှဒါလေးဖတ်ပါနော် (owncreation) မင်းထက်ငါကပိုမိုက်တယ်ဖတ်ပြီးမှဒါလေးဖတ်ပါနော် #Timetravel