အိမ်ရှေ့က ကားသံကြောင့် နေ့လည်စာချက်နေ
သည့် နေ့စွဲက ယောင်းမကိုင်ကာအိမ်ရှေ့ထွက်
လာသည်။"ကိုကို နေ့လည်တောင်မရောက်သေးဘူး
ပြန်လာပြီးလား""ဟုတ်တယ် အလုပ်ကိစ္စပြီးသွားပြီး ချစ်"
"အဟမ်း"
နေ့စွဲလဲ ကိုကို့နောက်ကိုကြည့်လိုက်တော့
ကောင်လေးတစ်ယောက်ပါလာသည်။"ဧည့်သည်လားကိုကို"
"ဟုတ်တယ် ဒီမှာရက်နည်းနည်းနေမှာလေ
သူ့အဖေကအကူညီတောင်းထားလို့ ""အော်..."
"ညီလာခဲ့ မိတ်ဆက်ပေးမယ် ဒါကိုယ့်အမျိုးသား
ချစ်နေ့စွဲတဲ့ ချစ် သူက နေလင်းထွန်း""ဟုတ်ပါပြီး ညီလေးနေဖို့အခန်းပြင်ခိုင်းလိုက်
မယ်""ဟုတ်ကဲ့ ကျေးဇူးပါ "
ထိုချိန်
"ဒက်ဒီ! ... မနက်က သားကိုထားသွားတယ် "
"အမလေးအဆိုးလေးရယ် ဒယ်ဒီကအလုပ်အ
ရေးကြီးနေလို့ပါ""ဟွန့်"
"ဝိုင်း ဧည့်သည်တွက်အခန်းပြင်ပေးအုံး"
"ဟုတ် "
နေ့လည်ထမင်းစားချိန်ရောက်တော့ထမင်းဝိုင်း
တွင်လူတစ်ယောက်ပိုလာသည်။"ညီ စားလို့အဆင်ပြေလား အစ်ကိုက ဧည့်
သည်ပါလာမယ်မထင်လို့ ဖွယ်ဖွယ်ရာရာမချက်
ထားဘူး"" တခါမှ မြန်မာအစားစာမစားဖူးပေမယ့်
အဆင်ပြေမယ်ထင်တာဘဲ အဟင်း"နေလင်းထွန်းပြန်ပြောတဲ့အဖြေကို နေ့ကောင်းရာဇာက
"အဆင်မပြေရင် မချားနဲ့လေ အကျင်မှာတွားချား"
"အဲ..သား ဧည့်သည်ကိုအဲ့လိုအပြောရဘူး"
"ဧည့်တည်က ဒက်ဒီကိုဘဲကြည့်နေလို့ အမြင်
ကပ်တယ် ပါးပါး"နေ့စွဲလဲသိပေမယ့် ကိုကို့အလုပ်ထိခိုက်မှာစိုး
လို့မသိချင်ယောင်ဆောင်နေတာဖြစ်သည်။"သား ထမင်းစား စကားမများရဘူး လိမ္မာတယ်"
"ဟွန့်"
YOU ARE READING
အခ်စ္ဆိုတာ / အချစ်ဆိုတာ (Completed)
Romanceမင်းထက်ငါကပိုမိုက်တယ်ဖတ်ပြီးမှဒါလေးဖတ်ပါနော် (owncreation) မင်းထက်ငါကပိုမိုက်တယ်ဖတ်ပြီးမှဒါလေးဖတ်ပါနော် #Timetravel