part 14 (end)

14.9K 782 57
                                    

ဆေးရုံမှာတစ်ပတ်နေပြီးအိမ်ပြန်ရောက်တဲ့ထိ
သားရဲ့မျက်နှာက အနာသိပ်မကျက်သေးပေ။
အရည်ကြည်ဖုတွေပေါက်တာကြောင့်အမြဲ
ဆေးလိမ်းပေးနေရသည်။ဆေးလိမ်းချိန်တိုင်
ဟိုနေလင်းထွန်းဆိုတဲ့ကောင်ကိုသတ်ချင်သည်။

တစ်လအကြာ

ထိုတစ်လကုန်သွားတော့ သားလေးမျက်နှာက
အနာ​တွေကဆေးကောင်းတွေကြောင့်အရှင်း
ပျောက်သွားသည်။

"ကိုနေ့စွဲ မနက်ဖြန် မနက်ကျတော် ကိုဂျေမီနဲ့
သွားစရာရှိတယ် "

"အင်း သွားလေ ဘာလဲ date လား"

"ဟီး...ဟုတ် "

"ကောင်းပါပြီး ကို မုန့်ဖိုးပေးလိုက်မယ် "

"ဟုတ် "

ဝိုင်းထွက်သွားမှ နေ့စွဲက ဘေးက ယောကျာ်း
ကိုကြည့်ကာ

"ကိုကို အလုပ်တွေအဆင်ပြေလား"

"အင်း ပြေပါတယ် "

"ဒါနဲ့ ဟို...ဟိုနေလင်းထွန်းတို့ဘက်က ဘာများ.."

"အရူးလေး စိတ်ချ သူတို့ဘာမှမလုပ်ရဲပါဘူး"

"ဒါပေမယ့် ကျွန်တေယ့စိတ်ထဲလေးနေတယ်"

"စိတ်မပူနဲ့ ကိုယ်ကအများကြီးစောင့်ရှောက်ပေး
မှာ "

"ဟုတ်ကိုကို"

"သားတောင်အိပ်ပျော်နေပြီး အခန်းထဲသွားကြ
မယ် "

တေဇောက နေ့စွဲပေါင်ပေါ်ကသားကိုကောက်ချီ
ကာအပေါ်တက်လာလိုက်သည်။သားကိုအခန်း
ထဲထည့်ပေးပြီး တာနဲ့ မီးပိတ်ကာ သူတို့အခန်း
သို့ပြန်လာလိုက်သည်။

နောက်တစ်နေ့မနက်တွင်တော့ ဝိုင်း ကသူ့ချစ်
သူနဲ့ထွက်သွားတာကြောင့် တေဇော အလုပ်
သွားချိန်အိမ်တွင် နေ့စွဲနဲ့သားသာ ကျန်သည်။

"သား ဧည့်ခန်းထဲမှာဘဲ ဆော့နေနော်
ပါးပါး ဟင်းချက်အုံးမယ် "

"ဟုတ် ပါးပါး "

အိမ်တွင် အရင်လို အရိပ်ကိုယ်ရံတော်တွေ
မထားတော့တာကြောင့် နေ့စွဲတို့သားဖနဲ့
ဒါရိုက်ဘာ ဦးလေးကြီးသာရှိသည်။
နေ့လည်ထမင်းပို့ ရန်ဒါရိုက်ဘာကိုစောင့်နေ
စဉ် ကားတစ်စီးအိမ်ထဲဝင်လာတာကြောင့်
ရပ်ကြည့်နေသည်။ကားကအိမ်ရှေ့မှာရပ်ပြီး
ကားပေါ်က မျက်နှာအဝတ်ကွယ်ထားတဲ့
လူတွေဆင်းလာတာကြောင့် နေ့စွဲသားကိုဖက်
ထားလိုက်သည်။ထိုလူတွေက နေ့စွဲကိုထိုးကာ
ကလေးအားအတင်းဆွဲနေသည်။

အခ်စ္ဆိုတာ / အချစ်ဆိုတာ (Completed)Dove le storie prendono vita. Scoprilo ora