ထမင်းစားပွဲဝိုင်းတွင် နေ့စွဲမေမေက
"သားဟင်းထည့်ပေးလိုက်လေ သားကိုကို ကို"
"ဟုတ် "
နေ့စွဲ တေဇောကိုမော့မကြည့်ဘဲဟင်းခပ်ထည့်
ပေးလိုက်သည်။ထမင်းစားသောက်ပြီးတော့
ပြန်ခါနီးတွင်တေဇောကစကားစလာသည်။"မနက်ဖြန် ကိုယ်လာခေါ်မယ် "
"ဟင် ဘယ်သွားမလို့လဲ"
"မင်းဘဲ ကိုယ့်ကိုလေ့လာချင်တယ်ဆို လေ့လာ
မယ်ဆိုအနားမှာနေရမှာပေါ့မဟုတ်ဘူးလား
ဖြစ်နိုင်ရင် ကိုယ့်အိမ်မှာလိုက်နေပါလား
ပိုလေ့လာလို့ရတာပေါ့"ဘေးက ဒေါ်မြရတနာက
"သားအကြံကောင်းတယ် သားလေး မနက်ဖြန်
ဘဲ သားကိုကိုနဲ့သွားနေ ""မေမေ"
"သားကိုကိုစကားမှန်တယ် သားတေဇော
မနက်ဖြန်သားညီကို အိမ်ပို့ပေးလိုက်မယ်""ရတယ်အန်တီ မနက်ကျွန်တော်လာခေါ်မယ်
အထုတ်တွေကိုဘဲ အလုပ်သမားပို့ခိုင်းလိုက်""Okok "
နေ့စွဲကတော့မျက်နှာငယ်လေးနဲ့လိုက်ကြည့်
နေသည်။ တေဇောက နေ့စွဲခေါင်းလေးအား
ဖွကာသူ့မိဘတွေနဲ့ပြန်သွားသည်။"မေမေ ဘာလို့သားသူနဲ့မနေချင်ဘူး"
"မောင်ချစ်နေ့စွဲ အရစ်မရှည်နဲ့ သွားနေ"
"သူ့မိဘတွေပါရှိနေတာမလား သားနေရခက်
တယ်""မဟုတ်ပါဘူး သားတေဇောက သီးသန့်နေတာ
သွားအထုတ်သွားပြင်"နေ့စွဲလဲ မတက်နိုင်တဲ့အဆုံး အထုတ်လိုက်ရ
သည်။ပြီးမှအိပ်ယာပေါ်လှဲကာမျက်လံမှိတ်တုန်း
ဒန်း ပေါ်က ကိစ္စကမျက်လုံးထဲပေါ်လာတာ
ကြောင့်ခေါင်းအုံးနဲ့မျက်နှာကပ်ကာအော်လိုက်
သည်။"အားး..ရှက်လိုက်တာကွာ..ဘယ်လိုလူကြီးမှန်းမသိဘူး..ဟွန့်... "
ယောကူးဘဝတုန်းက သူထိုသို့သောsexကိစ္စ
မရှိဖူးတာကြောင့်ခုလိုအရှက်သည်းနေခြင်း
ဖြစ်သည်။နောက်တစ်နေ့ မနက်တွင်တေဇောကအစော
ကြီးရောက်လာသည်။"အယ် သားတောင်ရောက်လာပြီး နေ့စွဲကမနိုး
သေးဘူး"
STAI LEGGENDO
အခ်စ္ဆိုတာ / အချစ်ဆိုတာ (Completed)
Storie d'amoreမင်းထက်ငါကပိုမိုက်တယ်ဖတ်ပြီးမှဒါလေးဖတ်ပါနော် (owncreation) မင်းထက်ငါကပိုမိုက်တယ်ဖတ်ပြီးမှဒါလေးဖတ်ပါနော် #Timetravel