Z...
Hi! နာရီအနည္းငယ္အတြင္းမွာပဲ ကြၽန္ေတာ္ ထပ္ၿပီး ပို႔စ္တင္မယ္လို႔ မင္းတို႔ေတြ ေမ်ွာ္လင့္မထားဘူးဆိုတာ ကြၽန္ေတာ္ သိတယ္။ ဒါေပမယ့္...မင္းတို႔ အဲ့ဒါကို ယံုႏိုင္ရဲ႕လား?
ကြၽန္ေတာ္တို႔ သေဘာတူညီထားတာလည္းမ႐ွိ၊ အစီအစဥ္လည္းမ႐ွိတာေၾကာင့္ ဟိုတယ္ကို ျပန္ေရာက္ေတာ့ ကြၽန္ေတာ္ သက္ေတာင့္သက္သာနဲ႔ အိပ္ယာထဲ ဝင္အိပ္ခဲ့တယ္။
ဒါေပမယ့္ ခဏၾကာေတာ့ ကြၽန္ေတာ့္ပါးစပ္ထဲက ထူးဆန္းတဲ့အရသာေၾကာင့္ ႏိုးလာခဲ့တယ္။ ဟင္းခတ္အေမႊးအႀကိဳင္ေတြကို ကြၽန္ေတာ္ ႀကိဳက္ပါတယ္။ ဒါေပမယ့္ အိပ္ရာကႏိႈးဖို႔ တစ္ေယာက္ေယာက္ရဲ႕ပါးစပ္ထဲကို င႐ုတ္သီး ထည့္မယ့္သူေတာ့ မဟုတ္ဘူး။
ေကာင္းၿပီ..အဲ့ဒီေၾကာက္စရာေကာင္းတဲ့လူက ကြၽန္ေတာ့္ပါးစပ္ထဲကို င႐ုတ္သီး ထည့္ခဲ့တယ္။ ဆိုးဝါးတဲ့င႐ုတ္သီးေၾကာင့္ ကြၽန္ေတာ္ ႏိုးလာခဲ့တယ္။ ကြၽန္ေတာ္ သူ႔ကို ျမင္ေတာ့ သူက ေလွာင္ျပံဳး ျပံဳးေနတယ္။
ကြၽန္ေတာ့္ အခန္းေသာ့ကို သူ ဘယ္လို ရတာလဲ?! ဒီ Stalkerကေတာ့.. ကိုယ္ေရးကိုယ္တာ ထိပါးလာမႈနဲ႔ သူ႔ကို ကြၽန္ေတာ္ တရားစြဲရမယ္။
ကြၽန္ေတာ္ သူ႔ကို စိုက္ၾကည့္လိုက္ေတာ့ သူက ဖိုင္တစ္ခုကို ပစ္ေပးလာခဲ့တယ္။ ၿပီးေတာ့ တစ္နာရီအတြင္း ရင္းႏွီးျမွဳပ္ႏွံသူေတြနဲ႔ ေတြ႔ဖို႔႐ွိတယ္လို႔ ကြၽန္ေတာ့္ကို ေျပာလာတယ္။
သူ ကြၽန္ေတာ့္ကို ေစာေစာ အေၾကာင္းၾကားသင့္တယ္! ႐ုတ္တရက္ႀကီး ကြၽန္ေတာ့္ကို လာႏိႈးၿပီး ဖိုင္တစ္ခုကို ပစ္ေပးလာရင္းနဲ႔ တစ္နာရီအတြင္း ျဖစ္လာမယ့္ အစည္းအေဝးအေၾကာင္းကို သူ ဘယ္လိုေျပာႏိုင္တာလဲ!
သူ ထြက္သြားတဲ့အခ်ိန္မွာ ကြၽန္ေတာ္ သူ႔ေက်ာေပၚခုန္တက္ၿပီး ေခါင္းကို ကိုက္ပစ္လိုက္ခ်င္တာ!
ယဥ္ေက်းတဲ့လူတစ္ေယာက္အေနနဲ႔ အဲ့လိုမလုပ္ဖို႔ ကြၽန္ေတာ္ ဆံုးျဖတ္ခဲ့တယ္။ ဖိုင္ကိုၾကည့္ၿပီး ကြၽန္ေတာ္ သက္ျပင္းခ်မိတယ္။ ကြၽန္ေတာ္ အဲ့ဒါကို တကယ္လုပ္လိုက္သင့္တယ္၊ သူ႔ေခါင္းကို ကိုက္လိုက္သင့္တယ္။
အခု အစည္းအေဝးအတြက္ ကြၽန္ေတာ္ အျမန္လုပ္ရမယ္။ သူက ကြၽန္ေတာ့္တံခါးကို လာေခါက္ေနၿပီ။ ဘယ္လိုတံခါးေခါက္ရမယ္ဆိုတာ သူ သိတယ္ေပါ့! အားလံုးပဲ.. ေနာက္မွေတြ႔ၾကမယ္ေနာ္။
💠💠💠💠💠💠💠💠💠💠💠💠💠💠
U...
Hi! နာရီအနည်းငယ်အတွင်းမှာပဲ ကျွန်တော် ထပ်ပြီး ပို့စ်တင်မယ်လို့ မင်းတို့တွေ မျှော်လင့်မထားဘူးဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့်...မင်းတို့ အဲ့ဒါကို ယုံနိုင်ရဲ့လား?
ကျွန်တော်တို့ သဘောတူညီထားတာလည်းမရှိ၊ အစီအစဉ်လည်းမရှိတာကြောင့် ဟိုတယ်ကို ပြန်ရောက်တော့ ကျွန်တော် သက်တောင့်သက်သာနဲ့ အိပ်ယာထဲ ဝင်အိပ်ခဲ့တယ်။
ဒါပေမယ့် ခဏကြာတော့ ကျွန်တော့်ပါးစပ်ထဲက ထူးဆန်းတဲ့အရသာကြောင့် နိုးလာခဲ့တယ်။ ဟင်းခတ်အမွှေးအကြိုင်တွေကို ကျွန်တော် ကြိုက်ပါတယ်။ ဒါပေမယ့် အိပ်ရာကနှိုးဖို့ တစ်ယောက်ယောက်ရဲ့ပါးစပ်ထဲကို ငရုတ်သီး ထည့်မယ့်သူတော့ မဟုတ်ဘူး။
ကောင်းပြီ..အဲ့ဒီကြောက်စရာကောင်းတဲ့လူက ကျွန်တော့်ပါးစပ်ထဲကို ငရုတ်သီး ထည့်ခဲ့တယ်။ ဆိုးဝါးတဲ့ငရုတ်သီးကြောင့် ကျွန်တော် နိုးလာခဲ့တယ်။ ကျွန်တော် သူ့ကို မြင်တော့ သူက လှောင်ပြုံး ပြုံးနေတယ်။
ကျွန်တော့် အခန်းသော့ကို သူ ဘယ်လို ရတာလဲ?! ဒီ Stalkerကတော့.. ကိုယ်ရေးကိုယ်တာ ထိပါးလာမှုနဲ့ သူ့ကို ကျွန်တော် တရားစွဲရမယ်။
ကျွန်တော် သူ့ကို စိုက်ကြည့်လိုက်တော့ သူက ဖိုင်တစ်ခုကို ပစ်ပေးလာခဲ့တယ်။ ပြီးတော့ တစ်နာရီအတွင်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ တွေ့ဖို့ရှိတယ်လို့ ကျွန်တော့်ကို ပြောလာတယ်။
သူ ကျွန်တော့်ကို စောစော အကြောင်းကြားသင့်တယ်! ရုတ်တရက်ကြီး ကျွန်တော့်ကို လာနှိုးပြီး ဖိုင်တစ်ခုကို ပစ်ပေးလာရင်းနဲ့ တစ်နာရီအတွင်း ဖြစ်လာမယ့် အစည်းအဝေးအကြောင်းကို သူ ဘယ်လိုပြောနိုင်တာလဲ!
သူ ထွက်သွားတဲ့အချိန်မှာ ကျွန်တော် သူ့ကျောပေါ်ခုန်တက်ပြီး ခေါင်းကို ကိုက်ပစ်လိုက်ချင်တာ!
ယဉ်ကျေးတဲ့လူတစ်ယောက်အနေနဲ့ အဲ့လိုမလုပ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ ဖိုင်ကိုကြည့်ပြီး ကျွန်တော် သက်ပြင်းချမိတယ်။ ကျွန်တော် အဲ့ဒါကို တကယ်လုပ်လိုက်သင့်တယ်၊ သူ့ခေါင်းကို ကိုက်လိုက်သင့်တယ်။
အခု အစည်းအဝေးအတွက် ကျွန်တော် အမြန်လုပ်ရမယ်။ သူက ကျွန်တော့်တံခါးကို လာခေါက်နေပြီ။ ဘယ်လိုတံခါးခေါက်ရမယ်ဆိုတာ သူ သိတယ်ပေါ့! အားလုံးပဲ.. နောက်မှတွေ့ကြမယ်နော်။
YOU ARE READING
Online Forum [Completed]
Fanfictionေ႐ွာင္းက်န္႔က အြန္လိုင္းဖိုရမ္တစ္ခုမွာ သူ႔ရဲ႕ဘဝကို ပို႔စ္တင္ေလ့႐ွိတယ္။ (Xiao Zhan's POV) ရိုင္းစိုင္း၊ မာနႀကီးၿပီး စိတ္အေႏွာက္အယွက္ျဖစ္ေစတဲ့ ႐ုပ္ေခ်ာတဲ့ လူတစ္ေယာက္နဲ႔ သူ ဘယ္လိုေတြ႕ဆုံမလဲဆိုတာ ၾကည့္လိုက္ပါ။ Short chapters. Longer chapters later in t...