Chapter 217:မတူတဲ့ပုံစံမျိုးစုံဖြင့် ထွင်းထုထားတဲ့ရုပ်ထုများ

907 113 7
                                    


အဓိကပြသာနာက ဗိမာန်ဆရာZuoဆိက လွတ်အောင်ပြေးပြိးရင် သူမဘယ်လိုကွယ်ဝှက်ပီးနေရမလဲဆိုတာပဲ?

အဲ့ဒိလူက တကယ့်ကို မျော့လိုပဲစိတ်ပျက်ဖို့ကောင်းလောက်အောင်တွယ်ကပ်နေတယ်။သူမဘယ်သွားသွား သူကအေးဆေးလိုက်ဖမ်းနိုင်တယ်........

"ကန်လေး,သူ ငါ့ကိုဘယ်လိုများလိုက်ဖမ်းနိုင်တာလဲ??? သူ ငါ့ကိုယ်ပေါ်မှာအမှတ်အသားလုပ်ထားတာများလား?"

"သခင် ကျွန်တော် သူ့လက်မှာ နောက်ထပ်အနက်ရောင်လက်စွပ်တစ်ကွင်းဝတ်ထားတာကိုမြင်မိတယ်။အဲ့တာကဆံပင်နဲ့လုပ်ထားတာ ပြီးတော့ အဲ့ဆံပင်က သခင့်ဆံပင်ထင်တယ်..."

Gu Xijiu,"...."သူမသည် လိမ္မာပါးနပ်လွန်းခဲ့သည်,"ကျိန်စာထည့်ထားတဲ့အနက်ရောင်ဆံပင်ကို ထည့်ထားတယ်လို့ ငါ့ကိုမပြောနဲ့နော်?"

"ကျတာ်စိတ်မကောင်းပေမယ့်လည်း အဲ့လိုပဲဖြစ်နိုင်တယ်".

Gu Xijiu ဖြေးညင်းစွာမျက်မှောင်ကြုတ်လိုက်မိသည်။

"အဲ့လိုကျိန်စာဟာ အရမ်းရှုပ်ထွေးလှတဲ့အနက်ရောင်မှော်ပညာတစ်မျိုးပဲ။လက်စွပ်ကို သူတို့ခြေရာခံလိုက်ချင်တဲ့သူရဲ့ဆံပင်နဲ့လုပ်ထားရတယ်။အဲ့ဆံပင်ရှိနေသမျှ လက်စွပ်ပိုင်ရှင်ဟာ သူ့သားကောင်ရဲ့နေရာကိုရှာဖွေနိုင်တယ်။

Gu Xijiuသည် လက်ကိုဆုပ်ထားရင်း,ဗိမာန်ဆရာZuoလက်က သူမဘယ်လိုလွတ်နိုင်ပါ့မလဲလို့ တွေးနေလေသည်။

သူက သူမလိုဘာမဟုတ်တဲ့လူနဲ့ အချိန်တော်တော်များများကိုဖြုန်းခဲ့တယ်!

ပြီးတော့ သူမယုံကြည်ထားတာတစ်ခုက အဲ့လက်စွပ်က ဘာမှအဓိပ္ပါယ်မရှိတဲ့ကိစ္စတစ်ခုသာသာဖြစ်သွားမယ့် သူမနဲ့စေ့စပ်တုန်းက ယူထားခဲ့တဲ့လက်စွပ်ပဲ!

သူမက ဆံပင်ကိုကိုင်နေခဲ့တာကြောင့် ကောင်းကင်‌ကျောက်တုံးက ထအော်လေသည်,"သခင်, သခင်ကတုံး တုံးဖို့လုပ်‌နေတာလို့ ကျတော့်ကိုမပြောနဲ့နော်??သခင့်ဘာသာ ပြောင်နေအောင်တုံးပစ်လဲ, အမြစ်တွေကကျန်နေသေးတာမို့ သူကတော့ သခင့်ကိုခြေရာခံပီးလိုက်နိုင်အုန်းမှာပဲ".

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now