Chapter 218:တစ်စုံတစ်ခုရဲ့ရှင်သန်ဖြစ်တည်မှု!

867 106 3
                                    

"အရှင်သခင်!" ကောင်းကင်ကျောက်တုံးက တုံ့ဆိုင်းချင်းမရှိပဲ ပြန်ဖြေလိုက်သည်။

Gu Xijiuလန့်သွားလေသည်။

သူမက  ဒိနယ်မြေရဲ့အုပ်ချုပ်သူအရှင်သခင်အကြောင်းကိုကြားဖူးခဲ့သည်- ရှိရှိသမျှသက်ရှိတွေရဲ့ ယုံကြည်ကိုးစားချင်းခံရတဲ့ နတ်ဘုရား၊ ဒဏ္ဌာရိလာပြောစမှတ်တွင်လောက်အောင် ထူးခြားသူ။

ဒိ‌နယ်မြေတစ်လွှားမှာရှိတဲ့ သူ့ရဲ့တည်ရှိမှုဟာ ခရစ်ယာန်တိုင်းရဲ့နှလုံးသားထဲမှာရှိတဲ့ ယေရူသခင်လို၊တာအိုဘာသာဝင်တွေရဲ့ The Jade Emperorလိုမျိုးအထိကို ကြိးမားခဲ့လေသည်။

[💥 ဘယ်လောက်ထိကြိးမြတ်ကြောင်းနှိုင်းယှဉ်ပြတာမို့ ဒါဒါတို့ထဲမှာဒိဘာသာဝင်တွေပါလာခဲ့ရင် တစ်မျိုးမထင်စေချင်ပါဘူးဗျ၊တစ်ခုခုအမှားပါရင် ဘာသာပြန်သူ ကျတော့်မှာ အရည်အချင်းမရှိတာလို့မှတ်ယူပေးပါ]

ပြောကြတာကတော့ "အရှင်သခင်ဟာ နှစ်ပေါင်းတစ်ရာအတွင်းမှာ တစ်ကြိမ်တောင်ပေါ်မလာဘူးတဲ့။တစ်ခါတစ်လေမှ အံ့ချိးဖွယ်ရာအချို့ကိုပြသရုံနဲ့ သူ့ကိုယုံကြည်ကိုးစားကြသူတွေဟာ အချိန်ကြာမြင့်စွာယုံကြည် ကိုးကွယ်ရန် လုံလောက်ခဲ့ပေသည်။

နောက်တစ်ချက်က အရှင်သခင်ဟာ ပူဇော်ပသတာကိုလည်းမနှစ်သက်ခဲ့ပေ။ဒါ့ကြောင့် ဘယ်သူကမှလည်း သူ့ဆိက ဘာမှမတောင်းဆိုရဲကြပေ။အခြားနည်းအားဖြင့် Gu Xijiu
ကတော့ အကြိးအကဲရဲ့ကြိးကျယ်လှသည့် အိမ်တော်မှာ သူ့ပုံတူတွေကိုမြင်တွေ့နိုင်သွားတာပဲ။

ဒိရုပ်ထုတွေကိုကြည့်ပြီး သူမကိုယ်တိုင်လည်း မဝေခွဲနိုင်‌ပေ၊ဒါကြောင့် ကိုတက်ပကြိးဖြစ်တဲ့ ကောင်းကင်ကျောက်တုံးကို မေးလိုက်သည်" မင်းဘယ်လိုပြောမလဲ,ဗိမာန်ဆရာZuoဟာ အရှင်သခင်လား?"

"လုံးဝ မဟုတ်ဘူး!"ကောင်းကင်ကျောက်တုံးဟာ တုံ့ဆိုင်းခြင်းမရှိ ငြင်းဆိုလိုက်လေသည်,"ကမ္ဘာပေါ်မှာ အရှင်သခင်ဟာ အမြင့်မြတ်ဆုံးပဲ ပြိးတော့ ဘယ်အရာကမှ သူ့ကိုမလွမ်းမိုးနိုင်ဘူး။သူဟာ ဘေးအန္တာရာယ်ကျနေတဲ့သူတွေကို ကယ်တဲ့အချိန်မှသာ ပေါ်လာလေ့ရှိတယ်။ဒါ့အပြင် သူဟာတစ်ယောက်ယောက်ရှေ့မှာ ပေါ်လာခဲ့မယ်ဆိုရင်တောင် ဒါဟာလုံးဝမမျှော်လင့်ထားတဲ့အခြေအနေမှာပဲဖြစ်လိမ့်မယ်။ပြိးတော့ သူက  ဘယ်သူ့မှ စကားမပြောဘူး။

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now