"ပြောချင်တာက ဘာများလဲ? သူမကို သွားခွင့်ပေးဖို့လား? ဒါမှမဟုတ်ရင် မင်းရဲ့အမှားအတွက် မင်းကိုအပြစ်မပေးဖို့လား?" Di Fuyiက အနည်းငယ်ပြုံးရယ်နေပေမယ့်လည်း သူ့မျက်ဝန်များက ငမန်းတစ်ကောင်လို ရက်စက်မှုနှင့်ပြည့်နေသည်။အရက်ကို ခွက်ထဲလောင်းထည့်ပိး အနည်းငယ်သောက်ရင်း"မင်းချက်ထားတဲ့ ငါးဟင်းက တကယ်ကောင်းလွန်းတယ်။ဒါပေမယ့် အရက်ကောင်းမရှိတော့ မပြည့်စုံလှဘူး။ငါကြားတာတော့ အရှင်သခင်Longမှာ နာမည်ကြိးအရက်ကောင်းတစ်မျိုးရှိတယ်ဆိုပဲ။အဲ့တာသောက်ပိး ငါ့စိတ်ပျော်ချင်ပျော်သွားနိုင်တယ်,အဲ့ခါကျရင် မင်းရဲ့တောင်းဆိုမှုထဲက တစ်ဝက်လောက်ကိုတော့ သဘောတူပေးနိုင်လောက်တယ်။"
Long Siye နူတ်ဆိတ်နေသည်။
Gu Xijiuက Di Fuyiကို စိုက်ကြည့်နေခဲ့သည်။တံစိုးလက်ဆောင်တစ်ခုခုကို တောင်းဖို့ စကားစခဲ့ပေမယ့် သူတောင်းတဲ့ တံစိုးက အရက်ဖြစ်နေခဲ့သည်။ သူအဲ့လိုလုပ်မယ်လို့ မထင်ထားခဲ့ပေ။ပြိးတော့ ဒိနေ့ Di Fuyi ကြည့်ရတာ သူမအတွက်အနည်းငယ်ထူးဆန်းနေသည်။သူသဝန်တိုပိး တမင်ပြသာနာဖြစ်စေချင်လို့ ဒိလိုလုပ်နေတာထင်တယ်။
Gu Xijiuသည် ရုတ်တရက်....သူတို့နှစ်ယောက်သာ "အခြောက်"တွေဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးကို တွေးလိုက်မိသည်။သူတို့နှစ်ယောက်ကြားက မရှုပ်မရှင်း ဆက်ဆံရေးကို
သူမ သင်္ကာမကင်းဖြစ်မိသည်။ဒါ့ကြောင့်သာ Long Siyeက သူမဘက်ကကာကွယ်ပေးတာကိုမြင်ပိး သူကသဝန်တိုနေတာပေါ့။ကြည့်ရတာ ဗိမာန်ဆရာZuoရဲ့ တက်မက်စိတ်က တစ်မူထူးခြားပုံရသည်။သူက "အရှင့်"ကို ကျိတ်ကြွေနေယုံသာမက Long Siyeအပေါ်မှာလည်း ကြွေနေသည်။သူတိတ်တဆိတ်ကြွေနေတဲ့ "အရှင်"ရှိပေမယ့် ကြိးမြတ်ရိုသေဖွယ်ကောင်းတဲ့ အဲ့လိုလူကိုသူ မကျူးလွန်ရဲပေ...ဒါကြောင့်သူနဲ့အဆင့်တူတဲ့ Long Siyeဘက်ကို မြှားဦးလှည့်သွားတာ ဖြစ်နိုင်သည်.
(💥😑😑😑)Gu Xijiuသည် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို တွေးရင်းတွေးရင်း ပိုထူးဆန်းတဲ့ရလဒ်ကိုသာ ရလာသည်။သူတို့အချင်းချင်းသိတာ အတော်ကြာခဲ့ပိဖြစ်သလို Long Siyeကိုအမြဲစမ်းသပ်နေခဲ့တာလဲ Di Fuyiပဲ။ပြိးတော့ သူတို့ချင်း အရင်ကလည်း ဒိလို ငါးဟင်းပွဲကို တူတူစားလေ့ရှိတယ်လို့ Gu Xijiuကြားထားခဲ့သည် ...
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)
Historical Fiction(- _-)ဒိဟာကို အရင်လူပြန်ပေးထားလို့ သိကြမယ်ထင်ပါတယ် အဲ့တာကြောင့် ဘယ်လိုဆိုတာ ရှင်းမပြတော့ဘူးနော်