အပိုင်း ၁၄

2.4K 254 10
                                    

Unicode

ရှရယ် သူတို့အချင်းချင်း ပြန်တွေ့မည်ဆိုတာကို သိထားသော်လည်း ဤကဲ့သို့ မြန်သည်ကို မျှော်လင့်မထားခဲ့ပေ။

အလုပ်များသည့် အချိန်ကို ရောက်၍ လူတွေက ခေတ်သစ်ပလာဇာ အနားတွင် ကူးလူးသွားလာနေကြသည်။ အကုန်လုံးက လေပြေတိုက်တိုင်း ‌တိုးဝေ့‌၍ စည်ကားသောလမ်းထဲတွင် ပျောက်ကွယ်သွားကြသည်။ ဟန်ရီဖုန်းရဲ့ ပုံရိပ်က လူထုထဲတွင် ခိုင်ခိုင်မာမာကြီး ရပ်နေဆဲပင်။ သူ့ရဲ့ အေးစက်သော မျက်နှာက ချောမောမြဲ ချောမောဆဲပင်။ လွန်ခဲ့သော သုံးနှစ်ကနှင့် ကွာခြားသည်ကတော့ အသစ်ထပ်တိုးလာသည့် ရင့်ကျက်မှုများပင်။

ရှီရှရယ် မိမိဘာသာ ‌တွေးလိုက်သည်။ "ငါသူ့ကို မသိဘူးလို့သဘောထားလိုက်ရင်တောင် ကိစ္စကြီးကြီးမားမား မဟုတ်ဘူး"

သူမ မျက်လုံးကို ပြန်လွှဲလိုက်ပြီး စာရွက်စာတမ်းဘက်ကိုသာ ပို့ထားလိုက်သည်။ သူမပြန်လှည့်ပြီး မည်သူ့ကိုမျှ မမြင်သယောင်ဆောင်လိုက်တော့ ထို တစ်စုံတစ်ယောက်ကဘဲ သူမကို ခေါ်ပြီး ရပ်လိုက်သည်။

"ရှရယ်!"

ရှရယ်ရပ်လိုက်ပြီး စာရွက်စာတမ်းတွေကို တင်းကျပ်စွာကိုင်ထားလိုက်သည်။ သူမလက်ချောင်းများက ဖျော့တော့လာပြီး သူမ ရှေ့ဆက်မသွားခင် ခါးသက်သော အပြုံးတစ်ခုကို ဆင်မြန်းမိသည်။ သူမ၏ လက်ထောက်က ဖြစ်နေသည့်အရာကို မြင်သော်လည်း ဘာမျှမပြောဘဲ သစ္စာရှိစွာ နောက်က ဆက်လိုက်သွားသည်။

ဟန်ရီဖုန်း ရဲ့ အမူအရာက မည်းမှောင်သွားသည်။ သူ လျင်မြန်စွာဖြင့် သူမနောက်ကို အပြေးလိုက်ပြီး ရှရယ်ကို ပခုံးကနေ ဆွဲကိုင်လိုက်သည်။ "ရှရယ်! ရပ်လိုက် စကားပြောရအောင်!"

ထို့နောက် ရှရယ် အားသုံးခံရလို့ ရပ်လိုက်ရသည်။ သူမ သူ့ကို ကြည့်လိုက်ပြီး ပြုံးလိုက်ကာပြောလိုက်သည်။ သို့သော် သူမအသံမှာ ခြောက်သွေ့နေပြီး ရှတတဖြစ်နေသည်။ "ကျွန်မတို့မှာ ဘာပြောစရာရှိသေးလို့လဲ?"

သူမအသံက တည်ငြိမ်နေပြီး ငြိမ်းချမ်းနေသည်။ ဟန်ရီဖုန်း သူမကို ကြည့်လိုက်သောအခါ သူမ ပခုံးကို နေရာရွှေ့လိုက်သည်။ သူမ စာရွက်စာတမ်းကို ပိတ်လိုက်ပြီး သူမ၏ လက်ထောက်ကို ပေးလိုက်သည်။

အချစ်တတ်ဆုံး မစ္စတာမုရဲ့ ဇနီးလေးWhere stories live. Discover now