အပိုင်း ၃၂

2.1K 218 2
                                    

Unicode

ဒင်!

ဓာတ်လှေကားအသံမြည်ပြီး တံခါးပွင့်သွားသည်။

ရှီရှရယ် အသက်ပျင်းပျင်း တစ်ချက်ရှူပြီး အသိစိတ် နည်းနည်းပျောက်ကာ ဓာတ်လှေကားထဲက ထွက်သွားတော့သည်။ သူမ သူမနောက်က မုယွီချန်နှင့် လီစီကို မေ့သွားပုံပေါ်သည်။

"ဒါ...."

လီစီ ရှီရှရယ်ကို ခေါ်ဖို့လုပ်တော့ မုယွီချန်၏ မျက်နှာကို မြင်လိုက်သည်နှင့် ရပ်လိုက်သည်။

မုယွီချန် ရှီရှရယ် ထွက်သွားသည့်နေရာကို ကြည့်ပြီး သူ့မျက်လုံးတွေက မည်းမှောင်သွားသည်။ သူ ဓာတ်လှေကားထဲ ခဏအကြာမှ ထွက်လာခဲ့သည်။

"ဆရာ ဒါရိုက်တာရှီက မြို့တော်ဝန်ရှီနဲ့ ဆက်စပ်နေပုံရတယ် ရှီရှင်းရီက မြို့တော်ဝန်ရှီရဲ့ သမီးဖြစ်ပြီး ဟန်ရီဖုန်းက ဟန်ကော်ပိုရေးရှင်းရဲ့ သခင်လေး သူတို့နှစ်ယောက် ပြန်လာတာ မကြာသေးဘူး ရှီမျိုးနွယ်နဲ့ ဟန်မျိုးနွယ်တို့ လက်ထက်ပွဲကနေ နှစ်မိသားစု ပေါင်းစပ်ကြမယ်လို့လည်း ကြားတယ် ဟန်ရီဖုန်းက ရှီရှင်းရီနဲ့ လက်ထက်တော့မှာ ဒါရိုက်တာရှီ‌ကကျတော့...."

လီစီ သံသယဝင်နေသည်။ ဂလိုရီဝေါကော်ပိုရေးရှင်း တစ်ခုလုံး ဒါရိုက်တာရှီ၏ နောက်ခံကို တကယ် မရင်းနှီးကြ။ သူမက ဖုံးကွယ်တတ်ပြီး အလုပ်ကိစ္စကလွဲလို့ ဘယ်သူနဲ့မှ စကားမပြော။ သူမ၏ ပုဂ္ဂိုလ်ရေးရာကို သိဖို့ လုံးဝ မဖြစ်နိုင်။

"အို့ ဆရာ ဆရာ ရှီရှင်းရီကို မှတ်မိလားတော့ ကျွန်တော် မသေချာဘူး အင်ပါယာကောင်းကင်ယံ ကျောက်မြတ်မြို့တော်က မကြာခင် ပြီးတော့မှာဆိုတော့ PR ဌာနက သူမကို ကျွန်တော်တို့ ကုမ္ပဏီမှာ လက်ဝတ်ရတနာ ambassador ခန့်အပ်ဖို့ စဉ်းစားနေတယ် သူမက အခု အရမ်း ပေါ်ပြူလာဖြစ်နေတယ် ပြောရရင် လူအမြင်ကြည်တဲ့ ကောင်မလေးတစ်ယောက် အနေနဲ့ သူမက အပေါ်ယံ အကုန်ကောင်းတယ် PR ဌာနက ဆရာ့ကို ရက်အနည်းတုန်းက အဆိုပြုချက်တင်သွင်းထားပြီး ဆရာကလည်း ခွင့်ပြုထားတယ်" လီစီ မုယွီချန် ဘာမှ မပြောတာမြင်တော့ ရှင်းပြလိုက်သည်။

"အင်ပါယာကောင်းကင်ယံ ကျောက်မြတ်မြို့တော်? အင်ပါယာကောင်းကင်ယံ ဖျော်ဖြေရေး ပရောဂျက်တွေထဲက တစ်ခုလား?" မုယွီချန် ခဏလောက် တွေးပြီး မေးလိုက်သည်။

အချစ်တတ်ဆုံး မစ္စတာမုရဲ့ ဇနီးလေးWhere stories live. Discover now