အပိုင်း ၂၈

2.1K 224 8
                                    

Unicode

ယွယ်လင်းစီ မျက်လုံးတွေက တောက်သွားပေမယ့် သူမ အမူအရာက ပျက်သွားသည်။ သူမ အသက်ပျင်းပျင်းရှူလိုက်ပြီး ပြောလိုက်သည်။ "ယွယ်ယင်း ယဉ်ကျေးမှု မီဒီယာက မကြာသေးခင်က ပရောဂျက်ကြီးတွေနဲ့ စာချုပ်ချုပ်ထားတာ ကုမ္ပဏီက အဲ့တာတွေကို အာရုံစိုက်နေချိန်မှာ ရုတ်တရက်ကြီး ရင်းနှီးမြှုပ်နှံ‌သူတွေက နှုတ်ထွက်ကုန်ကြတယ် ဒုဥက္ကဌကလည်း ကုမ္ပဏီက ပိုက်‌ဆံတွေ အလွဲသုံးစားလုပ်ပြီး ထွက်ပြေးသွားတယ် အခုတော့ ယွယ်ယင်းက ငွေရေးကြေးရေးအခက်အခဲ ကြုံနေရပြီ နင့်အဖွား...."

နှုတ်ထွက်ကုန်တယ်?

ထိုဟာက ဘာလို့ ရုတ်တရက်ကြီး ထဖြစ်ရတာလဲ?

ရှီရှရယ် မျက်လုံးများက ဝမ်းနည်းရိပ်များရှိနေပြီး ယွယ်လင်းစီကို သံသယဖြင့် ကြည့်လိုက်သည်။

"ကိစ္စတွေက ရှင်းရီနဲ့ စတာဘဲ ချီခိုင်အုပ်စုရဲ့ သခင်လေးက ရှင်းရီကို စိတ်ဝင်စားနေတာ ကြာပြီ သူမကို လက်ထက်ချင်နေတာ ဒါပေမယ့် နင်လည်း သိသား ရှင်းရီနဲ့ ဟန်ရီဖုန်းက ခွဲမရဘူးလေ ဒါကြောင့် သူမက အဲ့လူနဲ့ လက်ထက်ဖို့ သဘောမတူဘူး အဲ့‌တာကြောင့် ချီခိုင်အုပ်စု က ဒေါသထွက်ပြီး ကျောခိုင်းသွားတယ် အဲ့လို အခြေအနေတွေမှာ ဒုဥက္ကဌက ကုမ္ပဏီရန်ပုံငွေကို ခိုးပြီး ထွက်ပြေးသွားတယ် နင့် အဖွားက အရမ်း ရှော့ရပြီး မေ့လဲသွားတာ"

ယွယ်လင်းစီ ရုတ်တရက်လှည့်ပြီး ရှီရှရယ်ကို ကြည့်လိုက်သည်။ ခဏ‌တာ ရုန်းကန်ပြီးနောက် သူမ နောက်ဆုံး သတ္တိမွေးကာ ပြောလိုက်သည်။ "ရှရယ် ဟန်ရီဖုန်းနဲ့ ကိစ္စက ရှင်းရီအပြစ်ဆိုတာ ငါသိပါတယ် ငါတို့ အကုန်လုံးက ဒီနှစ်တွေအတွင်း ဒါကို မကျော်နိုင်သေးဘူး အထူးသဖြင့် နင့်အဖိုးအဖွားတွေဘဲ သူတို့က နင့်ကို အရမ်းစိတ်ပူနေကြတာ"

"ဒါပေမယ့် ဟန်ရီဖုန်းနဲ့ နင်နဲ့ ကိစ္စက အတိတ်တွေဖြစ်သွားပြီ သူက တကယ် ရှင်းရီကို ချစ်နေတာ နင် သူတို့ကို အတူရှိခွင့်ပြုဖို့ ငါ မျှော်လင့်တယ် နင့်အဖွားက နင့်ကို တကယ်စိတ်ပူနေတာ သူမက နင်တစ်ယောက်တည်း နင့်ကိုယ်နင် ဂရုမစိုက်မှာကို စိုးရိမ်နေတာ ဒါကြောင့် သူမက နင့်အတွက် ပါတနာကောင်းကို ရှာဖို့ ကြိုးစားနေတာ"

အချစ်တတ်ဆုံး မစ္စတာမုရဲ့ ဇနီးလေးOpowieści tętniące życiem. Odkryj je teraz