အပိုင်း ၈၁

3.8K 248 18
                                    

"ကျွန်မက ရှင့်ကို ကျွန်မအတွေ့အကြုံကို ပြောပြနေတာ!" သူမ သူ့ကို ယုံကြည်ချက်ဖြင့် ကြည့်လိုက်ပြီးနောက် သူ့အရှေ့က စီယာတိုင်ကို ကြည့်လိုက်သည်။ သူမ၏ တည်ငြိမ်သော မျက်လုံးများက ရုတ်တရက် တဖျက်ဖျက်လက်သွားသည်။ "ကျွန်မ မောင်းမယ်!"

ထို့နောက် မုယွီချန် သဘောမတူခင် သူမ စီယာတိုင်ကိုကိုင်ပြီး မနှေးမမြန်ပင် ထကာ ရွှေ့လိုက်သည်။

မုယွီချန် သူ့လက်ကို ဖယ်ပြီး သူမကိုကြည့်ကာ ခေါင်းရမ်းလိုက်သည်။ သူမကို မငြင်းဆန်နေတော့ဘဲ လက်မြှောက်ကာ အရှေ့ဘေးက ထိုင်ခုံကို နေရာပြောင်းလိုက်သည်။

သို့ပေမယ့် ရှီရှရယ် ကားကို နှိုးဖို့လုပ်တော့ သူမဖုန်းက ရုတ်ချည်း တုန်ယင်လာသည်။ သူမ မျက်မှောင်ကြုံ့ကာ ဖုန်းကိုင်လိုက်သည်။

ဖုန်းဝင်ကာရှိသေး သူမအဖိုး ရှန်ယွယ်၏ အိုမင်းသော အသံက ထွက်လာသည်။

"ဖိုး မြေးရဲ့ တိုက်ခန်းမှာ အိမ်ကို မြန်မြန်ပြန်လာခဲ့!"

သူမ သူ့အမိန့်ကိုကြားတော့ ရှီရှရယ် ကြောင်အသွားသည်။ သူမ၏ လှပသော မျက်ခုံးလေးက ပိုပြီးတွန့်ကွေးသွားရာ သူမအမူအရာက ချက်ချင်းတောင့်သွားသည်။ သူမ ရှန်ယွယ် တစ်ခုခုဖြစ်နေသည်ဆိုတာကို စမ်းတဝါးဝါးခန့်မှန်း၍ရသည်။

ထိုအချိန်တွင် မုယွီချန်အသံက ရုတ်တရက် အလောတကြီးထွက်သွားသည်။ "ဘာဖြစ်တာလဲ?"

အခြားဘက်ကလူက သေသေချာချာကြီးကြားရသည်။ ရှီရှရယ် ဘာမှမပြောနိုင်ခင် ရှန်ယွယ်၏ အသံက ထွက်လာပြန်သည်။ "မြေးဘေး အဲ့ယောက်ျားကိုလည်း ခေါ်လာခဲ့! တရားလွန်တာ! မြေး ဘယ်သူ့ကိုမှ မပြောဘဲ အဲ့လိုကိစ္စကို ဘာလို့ လုပ်ရတာလဲ? ‌ဖိုးက မြေးရဲ့အဖိုးရော ဟုတ်သေးရဲ့လား? အိမ်ကို ချက်ချင်းလာခဲ့!"

ထို့နောက် ရှီရှရယ် ဘာမှ မပြောနိုင်ခင် ရှန်ယွယ် ဒေါသကြီးစွာ ဖုန်းချသွားသည်။ သူမ မှိန်ကျသွားသော ဖုန်းစခရင်ကို ကြည့်ပြီးနောက် အတော်အ‌တန်ကြာ စိတ်ဗလာဖြင့် ငိုင်နေပြီး မုယွီချန်ဘက်ကိုလှည့်ကာ ပြောလိုက်ကာ မှင်သက်နေဆဲပင်။ "မုယွီချန် ကျွန်မတို့တော့ သေပြီထင်တယ် ဖိုးဖိုးက ကျွန်မတို့ လက်ထပ်တာကို သိသွားပုံဘဲ သူ အရမ်း ဒေါသထွက်နေတယ်..."

အချစ်တတ်ဆုံး မစ္စတာမုရဲ့ ဇနီးလေးWhere stories live. Discover now