''PIECES" - I

1.2K 156 14
                                    

"ပျော်ရွှင်စရာတွေနည်းလာရင် ဗီတာမင်သောက်ဖို့လိုလား ဖေဖေ"

ခုနှစ်နှစ်အရွယ်ကောင်မလေးရဲ့အမေးကို ဖေဖေကသဘောကျစွာရယ်နေ၏။

"သမီးလေးက ပျော်တယ်မပျော်ဘူးဆိုတာဘယ်လိုသတ်မှတ်ထားလို့လဲ ဖေဖေ့ကိုပြောပါဦး"

"ဟင့်အင်း LiLi အတွက်က ဖေဖေနဲ့နေရတာ အမြဲတမ်းပျော်တယ် ဒီနေ့ ကျောင်းမှာ LiLi နောက်မှာထိုင်နေတဲ့ကောင်မလေးက ပြောနေတာကြားလို့"

"ဟားဟား ဟုတ်ပါပြီ ကြာ ဒါဆို သမီးကရော အဲ့လိုမျိုးဆို ဗီတာမင် သောက်မှာလား"

"LiLi က အားသွင်းကြိုးနဲ့ အားအပြည့်သွင်းလိုက်မယ် ဟီးဟီး"

"စကားတတ်တဲ့ကောင်မလေး ကဲဖေဖေပြောပြမယ်
တကယ်တော့ ပျော်တယ်မပျော်ဘူးဆိုတာဟာ ဖေဖေတို့ ကိုယ်တိုင်သတ်မှတ်ထားတာရှိသလို မမျှော်လင့်ပဲ ခံစားရတဲ့အချိန်မျိုးလည်းရှိတယ် တစ်ခါတစ်လေမှာ အခြားသူအတွက် အသေးအမွှားလေးဖြစ်နေရင်တောင် ကိုယ့်အတွက် ကြီးမားတဲ့ပျော်ရွှင်မှုဖြစ်သွားပြန်ရော နောက်ပြီးဖေဖေတို့ချစ်တဲ့သူတွေကလည်း ဖေဖေတို့ကို ပျော်ရွှင်စေပြန်တယ် ဒါပေမဲ့ သူတို့ကြောင့်လည်းဖေဖေတို့ဝမ်းနည်းရတတ်တယ် သမီး"

​ဖေဖေပြောတဲ့စကားကိုအဲ့အချိန်ကအပြည့်အဝနားမလည်ခဲ့ပါ ဒီတိုင်း ဖေဖေရှိရင် သူမဘဝ ပြည့်စုံတာမို့။

သူမအသက်​၁၅နှစ်​အရွယ်​မှာ ​ဖေ​ဖေနဲ့နယ်​မြို့​လေးတစ်​မြို့ကို​ပြောင်းခဲ့တယ်​။

"​မော်​ရီယာ" ဘဝအ​မော​တွေကို​ဖြေ​လျော့လိုက်​ပါ။

ဒီမြို့ဆိုင်းဘုတ်​က ထူးထူးဆန်းဆန်းပဲ တခြားမြို့​တွေလို
"..."မှ လှိုက်​လှဲစွာကြိုဆိုပါ၏ လည်း မဟုတ်​ဘူး

"LiLi ​ကျောင်းမှာ သူငယ်​ချင်းရှာဦး အရင်​ကလို တစ်​​ယောက်​တည်းမ​နေနဲ့ ဒီမြို့မှာ ရှင်​သန်​ဖို့ဆို အားနည်းလို့မရဘူး ဒီမြို့မှာအ​ဖော်​တစ်​​ယောက်​ရှိမှသန်​မာတယ်​လို့သတ်​မှတ်​ထားကြတာ"

ထူးထူးဆန်းဆန်းပါလား သူမက​တော့ တစ်​​ယောက်​တည်း နေရမှာကိုသ​ဘောကျသူမို့ အရင်​​ကျောင်း​တွေတုန်းကလည်းသူငယ်​ချင်းမထားခဲ့ သို့​သော်​ ​ဖေ​ဖေစိတ်​​ကျေနပ်​​အောင်​​တော့​ပြောဦးမှပါ

Pieces (One Shot Collection)Место, где живут истории. Откройте их для себя