ကမ္ဘာလောကကြီးသည် စာအုပ်တစ်အုပ် မဟုတ်ပါ။
သို့သော် ကျွန်မ၏ ကမ္ဘာကြီး ဖြစ်လာသော လူတစ်ယောက်ကတော့ စာအုပ်တစ်အုပ်နှင့်တူလှပါသည်။
စာအုပ်တောင် ရိုးရိုးစာအုပ်တစ်အုပ်မဟုတ်ပါ။
Encyclopedia အမျိုးအစား စာအုပ်ဆိုလျှင် ပို၍ မှန်ကန်ပါလိမ့်မည်။ထိုစာအုပ်ကို ကျွန်မ အသက် ၁၅နှစ်အရွယ်မှာ စတင်ပြီးဖတ်ရှုခဲ့ပါသည်။
ရှေ့မှာ ဆရာမ က စာသင်နေသော်လည်း ဂျင်းနီ ကတော့ ထိုအကြောင်းအရာထက် ဘေးမှာ ထိုင်နေသော ကျောင်းသူသစ်ကို ပိုပြီး စိတ်ဝင်တစားဖြစ်နေပါသည်။
သူ့ ခါးကြော ရှည်တာကိုပဲ ကြွားဝါချင်လို့လား
ငယ်ငယ်ကတည်း က ခါးမတ်မတ် ထားပြီးထိုင်လို့ပဲ
သူ့အရပ်က ရှည်နေတာလား ဟုတ်တယ် သူက ဂျင်းနီထက် အနည်းဆုံး ၂ လက်မလောက် က အသာလေးရှည်တယ်။သူ့လိုမျိုး ခါးကို မတ်မတ်ထားပြီး ထိုင်ကြည့်ပေမဲ့ 10min ထက် ပိုပြီးထိုင်လို့မရ။
ခါးညောင်းလာသောကြောင့်ပင်ဖြစ်သည်။
သူကတော့ နံနက် အတန်းချိန် စကတည်းက အဲ့ဒီလိုမျိုးပဲ ထိုင်နေခဲ့တာ အခု နေ့လည်စာ စားချိန်ပင်ရောက်ပါတော့မည်။ သူ့ပုံစံက ပြောင်းသွားခြင်းမရှိပါ။နေ့လည်အတန်းဆင်းချိန်ရောက်သည့်အခါတွင်တော့
"Hello ငါ့နာမည်က ဂျင်းနီပါ''
"ဟုတ်ကဲ့ မဂျင်းနီ ငါ့နာမည်က လီဆာ ပါ''
Wait what! ငါ့ကို ဘာကိစ္စ မ, ထည့်ခေါ်တာတုန်း
"ဂျင်းနီ ဆို ဂျင်းနီ လုပ်စမ်းပါ''
"ပုံမှန်ဆို လီဆာ့ ရဲ့ အသက်အရွယ်အရ အခုတက်ရောက်နေတဲ့အတန်း အောက်က အတန်းကိုတက်ရမှာပါ ငယ်ငယ်တုန်းက မူကြိုကို တခြားကလေးတွေထက် တစ်နှစ်စောပြီး တက်ခဲ့လို့ပါ''
"သြော် သြော် အင်း ဒါပေမဲ့ အခု ငါတို့က အတန်းတူတူပဲလေ မ, ဆိုပြီး အရှေ့ကတော့ ထည့်မခေါ်နဲ့ ကြားရတာ နားကလော်တယ်''
"နားကလော်တယ် လို့ မသုံးရဘူး နားထဲ ကြားရတာ အဆင်မပြေဘူး လို့သုံးရတယ် နားကလော်တယ် ဆိုတာ နားယားလို့ တစ်ခုခုနဲ့ နားထဲက နားဖာချေး တွေ ကလော်မှ သုံးတာ ဂျင်းနီမှာ နားဖာချေးတွေ ပြည့်နေလို့လားဟင်''