PIECES - Extra

1.4K 183 8
                                    

မေး - ပျော်ရွှင်စရာနည်းလာရင် ဗီတာမင်သောက်ဖို့လိုလား လို့ ဘာလို့ပြောတာလဲ။

ဖြေ - ဗီတာမင်ဆိုတာ အားနည်းတဲ့အခါမှာ အားပြန်သွင်းလို့ရတဲ့ Charging ကြိုးလိုပဲ Vampire တွေဟာ သွေးကို ငံ့လင့်တောင့်တ သလိုမျိုးပေါ့ အဲ့ဒီသဘောပါပဲ သူဟာကျွန်မ အတွက် အသက်ဆက်ရှင်ရမဲ့ ဗီတာမင်ပဲ ဟိုးငယ်ငယ်ကတည်းက အခုချိန်ထိပေါ့။ သူအခုအနားမှာ မရှိပေမဲ့ သူ့အငွေ့အသက် တွေက ကျွန်မကို ချည်နှောင်ထားတယ်။ ရနံ့ကုထုံးပညာရှင်တစ်ယောက်က တခြားသူတွေရဲ့စိတ်ဒဏ်ရာကို ရနံ့ကုထုံးနဲ့ တတ်စွမ်းသမျှကုစားနိုင်ပေမဲ့ ကျွန်မအတွက်ကျတော့ သူ့ရဲ့ရနံ့ကိုပဲ လိုအပ်တယ်။

မေး - တချို့ကိစ္စတွေကို တကယ်ပဲ နားမလည်ဘူး

ဖြေ - ဟုတ်တယ် ကျွန်မလည်း ကိုယ့်ကိိုကိုယ်တောင် နားမလည်ဘူး ကလေးကလား ဆန်ဆန်နဲ့ ဘာလို့များ မြတ်နိုးရတဲ့ LiLi လို့ စာတွေလိပ်မူပြီး ပုန်းလျှိူးကွယ်လျှိုးလုပ်ခဲ့တာလဲ။ ကျွန်မသူငယ်ချင်းဖြစ်သူက ကျွန်မကို စချင်လို့ သူ့ကို စကားသွားပြောတာ သိနေလျက်နဲ့တောင် ကျွန်မက ဘာလို့သဝန်တိုရတာလဲ။ စျေးကြီးတဲ့ချောကလက်တွေဝယ်စားနိုင်လျက်နဲ့ ဘာကြောင့်များ သူ့ဆီကတောင်းစားလို့ရတဲ့ ချောကလက်က ပိုပြီးအရသာရှိနေရတာလဲ။ Top 1 ကနေ ပြုတ်ကျသွားခဲ့ရင် ကျွန်မ အန်တီရဲ့ ပြင်းထန်လှတဲ့ ဒဏ်ခတ်ခြင်းတွေကိုခံရမှာ။ အဲ့ဒါကိုတောင် သူ့ကို အတော်ဆုံးဆိုတဲ့ ကျောင်းသူဖြစ်အောင် အဖြေသိပြီးသား ပုစ္ဆာတစ်ပုဒ်ကို တမင်မဖြေပဲ ထားခဲ့ရတာလဲ။
ကျွန်မ စက်ဘီးနောက်မှာ သူ့ကိုလိုက်စီးစေချင်လို့ ကြံမိတဲ့ အကြံက သူ့စက်ဘီးတာယာ တွေကိုကွဲအောင် လုပ်လိုက်တာပဲ။ ရှေ့ဆက်ရမဲ့ခြေလှမ်းအရေအတွက်ကို တိုးလိုက်ချင်ပေမဲ့ တကယ်တမ်းကျတော့ သူအိပ်စက်နေတဲ့ပုံလေးကိုပဲ ထိုင်ကြည့်နေခဲ့ရတာ သူ့ပါးလေးတွေကို တို့ထိလိုက်တာနဲ့ပဲ ရပ်တန့်လိုက်ရတယ်။ ကျွန်မရဲ့ Birthday မှာ သူနဲ့ပဲရှိချင်တာ ဒါပေမဲ့ ကျွန်မ အန်တီကြောင့် ကျွန်မသူငယ်ချင်းကို အနားမှာ ထားထားနေရတာ သူကတော့ ကျွန်မတို့နှစ်ယောက်ကို အထင်လွဲနေမှာပဲလေ။ အဲ့ဒီညက အနည်းငယ် ရီဝေနေတဲ့ သူဟာ ကျွန်မ ခါးကို ဖက်ထားခဲ့တယ်။ အဲ့ဒီ အထိအတွေ့ကြောင့် သူ့ကို တင်နင်းခဲ့တဲ့ လမ်းတစ်လျှောက်လုံး အရူးတစ်ယောက်လို ကျွန်မ ပြုံးနေခဲ့တာကို နောက်မှာထိုင်တဲ့သူကတော့ သိနိုင်မယ်မထင်ဘူး။ တစ်ရက်တော့ ပန်းဆိုင်မှာ တစ်ခါမှ မတင်ဖူးတဲ့ ပန်းတစ်မျိုးကိုတင်ထားတယ်။ ကျွန်မက ပန်းတွေရဲ့ အမွှေးရနံ့ကို စိတ်ဝင်စားတဲ့သူတစ်ယောက်လေ။ ဒါပေမဲ့ မြင်ကွင်းထဲ မြင်လာတဲ့ အပြာနဲ့ အဖြူ စပ်ထားတဲ့ ပန်းဟာ ကျွန်မကို ညှို့ငင်ဖမ်းစားသွားတယ်။ ဆိုင်ပိုင်ရှင်က ပြောတယ် အဲ့ဒီ ပန်းရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းကိုပေါ့ အဲ့ဒါထက် ကျွန်မစိတ်ဝင်စားတာက စာကြောင်းတစ်​ကြောင်းပဲ မပြောဖြစ်ခဲ့သော အမှန်တရား ကို ဖော်ပြချင်တဲ့အခါမှာလည်း သုံးကြောင်းပေါ့။ အဲ့ဒါနဲ့ပဲ အဲ့ဒီပန်းကို သူ့ဆီကို ကျွန်မ ပေးခဲ့တာ။ တိုက်တိုက်ဆိုင်ဆိုင်ရယ် ပန်းပေးခဲ့တဲ့ ညနေခင်းမှာပဲ သူ့မျက်လုံးထဲ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းကို အထင်လွဲသွားတဲ့ပုံပဲ ကျွန်မသူငယ်ချင်းက ကျွန်မ မျက်လုံးထဲ အမှုန်ဝင်သွားလို့ မှုတ်ပေးတာကို သူ့ဖက်က ကြည့်ရင် ကျွန်မတို့ နှစ်ယောက် နမ်းနေသလို ဖြစ်သွားခဲ့တာ။ သူတို့ သူငယ်ချင်းတွေ စက်ဘီးစီးတဲ့ ညနေခင်းမှာ ကျွန်မကို ငေးကြည့်မိလို့ သူစက်ဘီးမှောက်သွားခဲ့တာ။ ကျွန်မ သူ့နားကို သွားဖို့လုပ်လိုက်ပေမဲ့ Scooter ကို အရှိန်ပြင်းပြင်း မောင်းရမှ ကြိုက်တဲ့ သူငယ်ချင်းဖြစ်သူကြောင့် ပြုတ်မကျအောင်တောင် သူ့ကိုကိုင်ထားရတာဆိုတော့ ကျွန်မ ရပ်ခိုင်းရင်တောင် သူက အရှိန်ကို တော်တော်ပြန်သပ်ရဦးမှာ။

Pieces (One Shot Collection)Место, где живут истории. Откройте их для себя