အဝါရောင် ရထားတစ်စင်းဟာ မကြာခင်မှာ မြို့ကနေထွက်ခွာပြီးနောက်တစ်မြို့ ကိုခုတ်မောင်းဖို့ ဟန်ပြင်နေသည်။ ရထားရဲ့ ဥသြ စွဲသံဟာ သူမရဲ့ နားထဲမှာ ဝမ်းနည်းစရာကောင်းလောက်အောင်ကြားနေရတယ်။ ဥသြစွဲသံကပဲ ဝမ်းနည်းဖို့ကောင်းနေတာလား ဒါမှမဟုတ် ဒီမြို့ကနေ ဗလာနတ္ထိနဲ့ ထွက်ခွာရမဲ့အကြောင်းအရင်းကြောင့်ပဲလား တစ်ခုခုကတော့ အမှန်တရားနေမှာပေါ့။
သူမရှေ့က မျက်နှာချင်းဆိုင်ခုံမှာတော့ အခုထိ ခရီးသည်ဟာရောက်မလာသေး။
'မလာတော့တာပဲလား ဒါမှမဟုတ် နောက်များကျနေတာလား'တဖြည်းဖြည်းနဲ့ ရထားဟာ စတင်ရွေ့လျားလာသည်။
သူမနှာခေါင်းထဲမှာမွှေးရနံ့တစ်ခုက ပျံ့လွင့်လာသည်။
'ဒါ သူမသုံးတဲ့ ရေမွှေးနံ့နဲ့ဆင်တူတဲ့အနံ့မျိုးပဲ
ဒါပေမဲ့ ထိုအနံ့နှင့်အတူ နောက်ထပ် ရနံ့တမျိုးပါ ထပ်မံရောစွက်နေသလိုမျိုး'"ဟူး တော်ပါသေးရဲ့''
သူမရှေ့က ကောင်မလေးဟာ မောဟိုက်နေပုံရသည်။ ရထားအမီကို ပြေးလာတာထင်ပါရဲ့။
သူ့ဘာသာသူ ရေရွတ် အမောဖြေလို့ပြီးမှ သူမဆီ လှည့်ကြည့်လာသည်။"Sorry နော် Luna ကြောင့်အနှောင့်အယှက်ဖြစ်သွားလား မသိဘူး''
"ရပါတယ် မဖြစ်ပါဘူး''
ရထားက အရှိန်နဲ့ ခုတ်မောင်းလာသည်။
သူမဘေးက ပြတင်းပေါက်ကို အနည်းငယ် ဟ ထားတာမို့ လေအေးတချို့က သူမကို ကျီစယ်နေသည်။"ရှင်က ဘယ်ဘူတာမှာ ဆင်းမှာလဲ''
ထိုကောင်မလေးက မေးလိုက်တာမို့
"ဘူတာဟောင်း တစ်ခုပါ''
"ရှင်''
ထိုကောင်မလေးက သူမ အပြောကြောင့် ဇဝေဇဝါဖြစ်သွားသည်။
"ဘူတာနာမည်လား''
"မဟုတ်ပါဘူး တို့ဆင်းမဲ့ ဘူတာက 'serene sky' လို့ခေါ်တဲ့ ဘူတာရုံလေးပါ''
"သြော် အဲ့ဒီဘူတာက ရထားမရပ်တော့ဘူးမလား''
"အင်း အဲ့ဒီမတိုင်ခင် တစ်ဘူတာ ကြိုဆင်းရမှာပေါ့''