Part 4

113 17 0
                                    

Zawgyi

English short story 
Part 4

တစ္ခါက ကမ႓ာလွၫ့္ခရီးသည္တစ္ဦးဟာ လွၫ့္လည္သြားလာရင္း ဂ်ာမနီႏိုင္ငံရဲ့အလြန္ႀကီးမားလွတဲ့ဘုရားေက်ာင္းတစ္ခုေရ႔ွသို႔ ေရာက္လာခဲ့ေခ်တယ္... ဘုရားေက်ာင္းေရ႔ွတြင္မူ လူသူအားလံုးဟာ ေကာင္းမြန္စြာ ဝတ္စားထားၾကၿပီး မ်ားျပားလွေသာ ဓာတ္ပံုဆရာမ်ားလည္း ရိွလို႔ေနေပသည္... ထိုအေျခအေနကို ၾကည့္ၿပီးေနာက္ ခရီးသြားဟာ ဘုရားေက်ာင္းထဲတြင္ မဂၤလာပြဲက်င္းပေနသည္ဟု ေတြးထင္လိုက္ေတာ့၏...

ထိုခရီးသြားအမ်ိဳးသားဟာ " ပြဲကို လာတဲ့သူေတြက အမ်ားႀကီးပါပဲလား... အထဲမွာ မဂၤလာေဆာင္ေနတဲ့သူက ေတာ္ေတာ္နာမည္ႀကီးတဲ့လူပဲျဖစ္ရမယ္ " ဟု ေရရြတ္လိုက္ေသးသည္... ထို႔ေနာက္တြင္ေတာ့ သူ႔ေဘးတြက္ ရပ္ေနတဲ့လူကို လွၫ့္ၾကၫ့္လိုက္ၿပီး " အခု မဂၤလာေဆာင္ေနတာ ဘယ္သူလဲ "ဟုေမးလိုက္ေခ်၏...

ထိုအခါ အေမးခံရေသာအမ်ိဳးသားက " Ich spreche kein English* "ဟု ျပန္ေျပာလိုက္ေလသည္...

ကမ႓ာလွၫ့္ခရီးသည္က သူ႔အေမးကို ျပန္ေျဖေသာအမ်ိဳးသားအား ေက်းဇူးတင္စကားဆိုၿပီးေနာက္ ဘုရားေက်ာင္းထဲသို႔ ဝင္ခဲ့လိုက္ေပတယ္... ခရီးသြားက ဘုရားေက်ာင္းထဲမွ ျပန္အထြက္တြင္ေတာ့ ဘုရားေက်ာင္းရဲ့ေနာက္တံခါးတစ္ခုဟာ ပြင့္လာခဲ့ၿပီး အမ်ိဳးသား၆ေယာက္တို႔က ေခါင္းတလားကိုသယ္ေဆာင္လာျခင္းကို ေတြ့လိုက္ရေလ၏... အမွန္ေတာ့ ဘုရားေက်ာင္းရဲ့ တစ္ဖက္ျခမ္း၌ ဈာပနအခမ္းအနားတစ္ခု ရိွေနခဲ့သည္ေလ...

သိခ်င္စိတ္ျပင္းျပလြန္းတဲ့ကမ႓ာလွည့္ခရီးသြားဟာ ထိုအေျခအေနကို ေတြ့ၿပီးေနာက္တြင္ ဘုရားေက်ာင္းထဲသို႔ တစ္ဖန္ျပန္လွည့္ၾကည့္ကာ သူႏွင့္အနီးတြင္ရိွေနေသာအမ်ိဳးသားတစ္ေယာက္အား ထပ္ေမးျပန္တယ္... " ဒါ ဘယ္သူ႔ဈာပနလဲ "ဟုေပါ့...

ထိုအခါ အေမးခံရေသာအမ်ိဳးသားက  "Ich spreche kein English* " ဟု​ျပန္ေျပာလိုက္ေလ၏...

ထိုအေျဖကို ၾကားလိုက္ခ်ိန္တြင္ ကမ႓ာလွၫ့္ခရီးသြားဟာ အေတာ္ေလးအံ့အားသင့္သြားခဲ့ကာ "  Ich spreche kein Englishဆိုတဲ့သူက အိမ္ေထာင္သက္ မရွည္လိုက္ဘူးပဲ "ဟု ေရရြတ္လိုက္ေတာ့သည္...

အမွန္တြင္  Ich spreche kein Englishဆိုေသာစကားမွာ ဂ်ာမန္စကားျဖစ္ၿပီး ကြၽန္ေတာ္က အဂၤလိပ္စကား မေျပာဘူးဟု အဓိပၸါယ္ရေလတယ္...
🤣🤣🤣🤣🤣🤣🤣🤣🤣

Unicode

English short story 
Part 4

တစ်ခါက ကမ္ဘာလှည့်ခရီးသည်တစ်ဦးဟာ လှည့်လည်သွားလာရင်း ဂျာမနီနိုင်ငံရဲ့အလွန်ကြီးမားလှတဲ့ဘုရားကျောင်းတစ်ခုရှေ့သို့ ရောက်လာခဲ့ချေတယ်... ဘုရားကျောင်းရှေ့တွင်မူ လူသူအားလုံးဟာ ကောင်းမွန်စွာ ဝတ်စားထားကြပြီး များပြားလှသော ဓာတ်ပုံဆရာများလည်း ရှိလို့နေပေသည်... ထိုအခြေအနေကို ကြည့်ပြီးနောက် ခရီးသွားဟာ ဘုရားကျောင်းထဲတွင် မင်္ဂလာပွဲကျင်းပနေသည်ဟု တွေးထင်လိုက်တော့၏...

ထိုခရီးသွားအမျိုးသားဟာ " ပွဲကို လာတဲ့သူတွေက အများကြီးပါပဲလား... အထဲမှာ မင်္ဂလာဆောင်နေတဲ့သူက တော်တော်နာမည်ကြီးတဲ့လူပဲဖြစ်ရမယ် " ဟု ရေရွတ်လိုက်သေးသည်... ထို့နောက်တွင်တော့ သူ့ဘေးတွက် ရပ်နေတဲ့လူကို လှည့်ကြည့်လိုက်ပြီး " အခု မင်္ဂလာဆောင်နေတာ ဘယ်သူလဲ "ဟုမေးလိုက်ချေ၏...

ထိုအခါ အမေးခံရသောအမျိုးသားက " Ich spreche kein English* "ဟု ပြန်ပြောလိုက်လေသည်...

ကမ္ဘာလှည့်ခရီးသည်က သူ့အမေးကို ပြန်ဖြေသောအမျိုးသားအား ကျေးဇူးတင်စကားဆိုပြီးနောက် ဘုရားကျောင်းထဲသို့ ဝင်ခဲ့လိုက်ပေတယ်... ခရီးသွားက ဘုရားကျောင်းထဲမှ ပြန်အထွက်တွင်တော့ ဘုရားကျောင်းရဲ့နောက်တံခါးတစ်ခုဟာ ပွင့်လာခဲ့ပြီး အမျိုးသား၆ယောက်တို့က ခေါင်းတလားကိုသယ်ဆောင်လာခြင်းကို တွေ့လိုက်ရလေ၏... အမှန်တော့ ဘုရားကျောင်းရဲ့ တစ်ဖက်ခြမ်း၌ ဈာပနအခမ်းအနားတစ်ခု ရှိနေခဲ့သည်လေ...

သိချင်စိတ်ပြင်းပြလွန်းတဲ့ကမ္ဘာလှည့်ခရီးသွားဟာ ထိုအခြေအနေကို တွေ့ပြီးနောက်တွင် ဘုရားကျောင်းထဲသို့ တစ်ဖန်ပြန်လှည့်ကြည့်ကာ သူနှင့်အနီးတွင်ရှိနေသောအမျိုးသားတစ်ယောက်အား ထပ်မေးပြန်တယ်... " ဒါ ဘယ်သူ့ဈာပနလဲ "ဟုပေါ့...

ထိုအခါ အမေးခံရသောအမျိုးသားက  "Ich spreche kein English* " ဟု​ပြန်ပြောလိုက်လေ၏...

ထိုအဖြေကို ကြားလိုက်ချိန်တွင် ကမ္ဘာလှည့်ခရီးသွားဟာ အတော်လေးအံ့အားသင့်သွားခဲ့ကာ "  Ich spreche kein Englishဆိုတဲ့သူက အိမ်ထောင်သက် မရှည်လိုက်ဘူးပဲ "ဟု ရေရွတ်လိုက်တော့သည်...

အမှန်တွင်  Ich spreche kein Englishဆိုသောစကားမှာ ဂျာမန်စကားဖြစ်ပြီး ကျွန်တော်က အင်္ဂလိပ်စကား မပြောဘူးဟု အဓိပ္ပါယ်ရလေတယ်...
🤣🤣🤣🤣🤣🤣🤣🤣🤣

English Short Story (mm tran)Where stories live. Discover now