1

515 49 21
                                    

လူသားတွေရဲ့ဘဝမှာ အချိုးအကွေ့ပေါင်းများစွာရှိတယ်တဲ့။
အချိုးအကွေ့နဲ့အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်မှာ့သာ လူဖြစ်ရကျိုးနပ်သည်တဲ့လေ။
ဒါဆိုသူ့ကရော ဘဝရဲ့အချိုးအကွေ့တွေကိုဖြတ်ကျော်ပြီးပြီလား ဒါမှမဟုတ် မဖြတ်ကျော်ရသေးဘဲ ဘဝကြီးကအဆုံးသတ်သွားမလား…။

ဒီနေ့ဟာနိုဝင်ဘာလကုန်လို့ ဒီဇင်ဘာတောင်ရောက်လာပြီဖြစ်ကြောင်းကို မနေ့ကဦးလေးမင်ကိုမေးထားလို့ သူသိပြီးသားဖြစ်သည်။
ရာသီတွေကတော့သူ့ရာသီကုန်သည်နှင့် သိသာလှသည်။အရင်လကနည်းနည်းအေးနေတာ အခုချိန်မှာတော့ မနက်အစောတည်းကခိုက်ခိုက်တုန်အောင်အေးလွန်းလို့ အနွေးထည်အထူကြီးတွေဝတ်နေရပြီ။

ဦးလေးမင်ပြောတာတော့ ဒီနှစ်နှင်းမကျသေးဘူးတဲ့။နှင်းလေးတွေက ဖြူဖြူလေးနှင့်သေးသေးလေး လက်ထဲခဏသာခံပြီးပျောက်သွားကြသည်။ဒါကြောင့်မို့ နှင်းကိုမကြိုက်ပါ။

" သားဂျုံအင် နိုးပြီလား "

တံခါးခေါက်သံနဲ့အတူ မေးလာသောဦးလေးမင်ကြောင့် နိုးပြီဖြစ်ကြောင်းပြောလိုက်သည်။ စောင်ကိုခွာကာ အိပ်ယာပေါ်ကဆင်းတော့ ဦးလေးမင်ကပြာပြာသလဲအနားရောက်လာလေသည်။

" အော် စိတ်မြန်လိုက်တာ ဂျုံအင်လေးရယ်ဦးလေးကူမှာပေါ့ "

" ရပါတယ် ကျွန်တော်အဆင်ပြေပါတယ် "

အိမ်စီးဖိနပ်စီးကာ ရေချိုးခန်းစီတန်းတန်းမတ်မတ်သွားနေသော ဂျုံအင်နောက်ဦးလေးမင်ကလည်းတိတ်တဆိတ်လိုက်လို့လာလေသည်။လက်ကိုင်ကိုစမ်းကာ ဖွင့်ပြီးဝင်သွားသည်ကိုမြင်တော့မှ ဦးလေးမင်လည်းစိတ်ချကာ အိပ်ယာကိုသိမ်း အဝတ်အစားထုတ်ပေးထားခဲ့ကြောင်း ပြောလိုက်သည်။

အောက်ထပ်ဆင်းလာတော့ အစ်ကိုလေးရောက်နေသည်။
အနွေးထည်ချွတ်နေသော အစ်ကိုလေးဘေးနားသွား ကာလှမ်းယူတော့ အစ်ကိုလေးက

" ဂျုံအင်ရော နိုးပြီလား "

" နိုးပြီ အစ်ကိုလေး မျက်နှာသစ်နေတယ် "

" ကျွန်တော်အပေါ်တက်သွားလိုက်ဦးမယ် ကားထဲပစ္စည်းတွေပါတယ် ထုတ်လိုက်ပါဦး ပြီးတော့ ဂျုံအင်ဘေးနားကအခန်းကိုရှင်းပေးထားဦး ဦးလေးမင် "

☀ A_N_G_E_L ☀ ( short Story) Completed Where stories live. Discover now