ဂျုံအင်အခုအမှောင်ထဲမှာ လမ်းလျှောက်နေရသည်။ဘေးဘက်မှာဘာရှိလဲဆိုတာတောင် မသိရပါ။လက်နဲ့လွှဲရမ်းပေမယ့်လည်း ဗလာသက်သက်သာဖြစ်လို့နေသည်။
အမှောင်ထုထဲ အလင်းစလေးမြင်လိုက်ရတာမို့ ထိုအလင်းလေးရှိရာသို့ ပြေးလွှားသွားမိသည်။သို့ပေမယ့်လည်း ထိုအလင်းစလေးက ဂျုံအင်လိုက်လေလေ ပို၍ဝေးလေလေပင်။ပြေးရတာကြာလာသည်အပြင် ခြေကုန်လက်ပမ်းကျလာသည်မို့ မပြေးနိုင်တော့။သို့သော် ထိုအလင်းလေးက တဖြေးဖြေးဂျုံအင်ဆီကိုတိုးဝင်လာသည်။
အလင်းအားကအရမ်းများသည်ကြောင့် လက်နှင့်ကွယ်ကာကြည့်ပေမယ့်လည်းမမြင်ရ။ရင်ခွင်ထဲတစ်စုံတစ်ယောက်တိုးဝင်လာကာ ခါးကိုဖက်ထားတာကြောင့် မျက်လုံးဖွင့်ကြည့်သော်လည်းစူးရှရှအလင်းဝင်လာတာကြောင့် ချက်ချင်းမျက်လုံးပိတ်လိုက်ရသည်။
" အစ်ကို ~~ "
" ဆယ်ဟွန်းလား တကယ်ဘဲဆယ်ဟွန်းလား "
ဆယ်ဟွန်းအသံကြားလိုက်တာမို့ ဖက်ထားသောသူကိုမြင်ချင်ပေမယ့်လည်း မျက်လုံးပိတ်ထားတာတောင် အလင်းအားကိုခံနေရတာမို့ မဖွင့်နိုင်။ရင်ခွင်ထဲကကောင်လေးကို ပြန်ဖက်ထားရင်း ရှိုက်သံကြားရတာမို့ ဆယ်ဟွန်းများငိုနေသလားဆိုကာ ရင်ထဲထိတ်သွားတာမို့ မျက်လုံးဖွင့်ဖို့လုပ်တော့ လက်လေးတစ်ဖက်က ဂျုံအင်မျက်လုံးနားကွယ်လာလေသည်။
" ဟင့်အင်း မဖွင့်နဲ့အစ်ကို ဒီတိုင်းလေးဘဲ နေပါ "
" ဘာလို့ ငိုနေတာလဲဆယ်ဟွန်းရယ် … ဆယ်ဟွန်းငိုနေတာကိုကြားရတာ ကိုယ်ရင်တွေစုတ်ပြတ်သတ်သလို ခံစားရတယ် … "
လက်တစ်ဖက်ကဆယ်ဟွန်းကိုဖက်ထားရင်းကျောကိုပွတ်ပေးကာ ကျန်လက်တစ်ဖက်နှင့်ဆယ်ဟွန်းမျက်နှာကိုစမ်းကာမျက်ရည်တွေသုတ်ပေးမိသည်။
" အစ်ကို မျက်လုံးပြန်မြင်ရတော့ပျော်လားဟင် "
" ပျော်တာပေါ့ …အခုဆို မိသားစုတွေကိုလည်းပြန်မြင်နိုင်ပြီ… ဆယ်ဟွန်းကိုလည်း ကိုယ်မြင်တွေ့နိုင်ပြီလေ "
" အစ်ကို ~~ နေကောင်းအောင်နေနော် မဖျားစေနဲ့ … ကျွန်တော်သွားတော့မယ် "