Beginning [ You and me ]

13K 796 10
                                    

"ဟေ့လူကြီး...ဖြည်း...ဖြည်းဖြည်းလုပ်ပါဗျ"

"ဟ...Oh Sehun...မင်းကလဲကွာ ။ အ...အား... နည်းနည်းတော့သည်းခံမှပေါ့ကွ..."

"အားးးးး...မရတော့ဘူး ။ နာတယ်...နာတယ် ။  Luhan...ခင်ဗျားဖယ်...ကျွန်တော့်ပေါ်ကနေခုချက်ချင်းဖယ်"

~ အိမ်ခေါင်မိုးပြာပြာတွေနဲ့ သစ်ရွက်နီနီလေးတွေရဲ့ အပေါ်အဖြူရောင်အုပ်အုပ်သန်းတဲ့အထိ အေးငွေ့ငွေ့ နှင်းစိုင်တွေရဲ့ထွေးပိုက်လွှမ်းခြုံမှုကိုခံထားရတဲ့တောင်ကိုးရီးယားနိုင်ငံ Seoulမြို့လေးရဲ့ နံနက်ခင်းတစ်ခုမှာပေါ့ ။ သိပ်သည်းတဲ့နှင်းထုကြောင့်ဖြူဆွတ်နေတဲ့ကတ္တရာလမ်းမကြီးရဲ့အောက်ဘက်ဆီမှာ ရုံးတက်ကျောင်းတက်သူတွေနဲ့ ပြည့်ကြပ်နေတဲ့မြေအောက်ရထားကြီးကိုအခုလိုအော်ဟစ်ပြီးတိုးဝှေ့လုယက်စီးရတာကလဲ ဘဝလောကဓံတရားတွေထဲက တစ်ခုရယ်ပါ ~

ကျွန်တော်Oh Sehun အရှိန်နဲ့သွားနေတဲ့ ရထားကြီးရဲ့ အတွင်းထောင့်လေးမှာမလှုပ်သာမရုန်းသာကျပ်ပိတ်မိနေရင်းက ရုတ်တရက် တင်ပါးပေါ်ရောက်လာတဲ့ အေးစက်စက်အထိအတွေ့တစ်ခုကြောင့်...

"ဟာ...Luhan ! ခင်...ခင်ဗျားလက်က ဘယ်ဘယ်ကိုလာ...လာကိုင်...နေတာလဲ!"

"Yarr...ဘယ်ကိုကိုင်ရမှာလဲ ~ ။ အနောက်က ဆောင့်တွန်းလိုက်လို့ မတော်တဆထိမိတာသွားပါ Sehunရယ် ။ လူအထင်လွဲအောင် အော်ကျယ်အော်ကျယ် လုပ်မနေစမ်းနဲ့ ။ မင်းလိုအရိုးပဒေသာကိုကိုင်ရတာလေ...ငါ့လက်တောင်အရိုးစူးသေးတယ်သိလား ~ ခိခိ"

"ဘာ...ဘာပြောတယ် ~ ဒီလူကြီးတော့ ။ တောက်...ဖယ်စမ်း...ဖယ်စမ်း ။ အင့်ဟာ...အင့်ဟာ"

~ မနက်စောစောစီးစီးအကုသိုလ်ပွားရတဲ့အ
ကြောင်းအရင်းတွေထဲ အဲ့ဒီ့လူကြီးကထိပ်ဆုံးကပါတာပေါ့ ~

ရထားကျပ်လို့စိတ်ညစ်နေပါတယ်ဆိုမှ လူကိုများ အရိုးပဒေသာလေးဘာလေးနဲ့ ။ အသက်ကြီးပြီး အချိန်မစီးတဲ့ အဲ့ဒီ့လူကြီးကြောင့် ကျွန်တော်ရှူးရှဲရှူးရှဲဖြစ်သွားပြီး နှာခေါင်းအောက်ဘက်ဆီတဖြည်းဖြည်းနဲ့လျောကျလာနေတဲ့မျက်မှန်အနက်ရောင်လေးကို နဂိုနေရာပြန်ရောက်အောင် လက်ညှိုးထိပ်ကိုအသုံးပြုလို့ပြန်ပင့်တင်လိုက်တယ် ။

Wishy-Washy Mr.MessyOnde histórias criam vida. Descubra agora