Valentine Day Rememberance [ Chocolate And Jellies ]

2.6K 263 49
                                    

*8:55 am*

ကျွန်တော်နောက်ကျနေပြီ ~ 9:00 ဆိုရင် ကျောင်းတက်ခေါင်းလောင်း တီးတော့မှာဖြစ်ပေမဲ့ ကျွန်တော်ကတော့ အခုအချိန်ထိ လမ်းမပေါ်မှာ တဖုန်းဖုန်းနဲ့ဝရုန်းသုန်းကားဖြစ်အောင် ပြေးလို့လွှားလို့ ကောင်းတုန်း...

"ဝှုး ဟား ဝှီး"

စံပြကျောင်းသားOh Sehunဆိုတာ 8နာရီဒေါင်ဆိုတာနဲ့ ကျောင်းရောက်ပြီးသားမို့ သန့်ရှင်းရေးArjimaတွေတောင် စလံသပြီး သြချယူရတာ ။ ဒီနေ့ကျမှ ထူးထူးဆန်းဆန်း နောက်ကျနေရတယ်လို့:3 အမွှေးထူကြက်ဆင်တစ်ကောင်လို ခြေတစ်လှမ်းလှမ်းတိုင်း ဖနောင့်နဲ့ တင်ပါးတစ်သားတည်း ကျအောင် သုတ်ခြေတင်ရင်း ပါးစပ်ကလဲအမြှုပ်တစီစီနဲ့ ကျောင်းမြန်မြန်ရောက်ဖို့ပဲစိတ်စောနေမိတာပေါ့ ။
စာကြည့်စားပွဲပေါ်ကနေ ကတိုက်ကရိုက်ကောက်လွယ်လာရလို့ ကြိုးလိမ်နေတဲ့ကျောပိုးအိတ်တစ်လုံးနဲ့ တစ်ပိဿာလောက် လေးမဲ့ စာအုပ်ပုံကြီးကိုပိုက်ပြီး ကတ္တရာလမ်းဘေးက Platformပေါ် အသက်လုပြေးနေရတယ် ။ ဆီထည့်မလာရတဲ့ ခေါင်းပေါ်က ဆံပင်တွေကတော့ ပွယောင်းလို့ ။ မျက်မှန်ကိုတောင် ဖုန်ပြောင်အောင်မသုတ်ခဲ့ရဘူး ။ Uniform ရဲ့ necktieကလဲရွဲ့ရွဲ့စောင်းစောင်းဖြစ်နေပြီး ယုတ်စွအဆုံး အောက်ခံဘောင်းဘီကိုတောင် အရှေ့နဲ့အနောက် မှားဝတ်လာသလားပဲ :3 ဟောဟဲဆိုက်ပြီးပြေးရင်းနဲ့ မျက်လုံးတွေကပြာလာတယ် ။ အာ... ကျောင်းရောက်ခါနီးမှအရှိန်လျော့လိုက်လို့တော့မဖြစ်သေးပါဘူး ။ တော်ကြာ ကပ်စေးနည်းဆရာ Kim Jong Daeက နောက်ကျကြေးဝမ်10000ပေးဆိုမှ ဂိနေဦးမယ်။ ပြီးရင်အဲဒီ့ဆရာ ရသမျှပိုက်ဆံတွေနဲ့ အပျိုကြီးဒေါ်Minsoekရဲ့ လက်ဘက်ရည်ဆိုင်မှာ"အီကြာကွေး"သွားစားမှာသိနေတော့ Noပဲ လုံးဝမသထာ အဲလေ စုထားဆောင်းထားတာလေးတွေ ဘယ်နည်းနဲ့မှထုတ်မပေးနိုင်ဘူး ပြောပါတယ် >.<

ကိုယ့်စိတ်ကူးနဲ့ကိုယ် ခေါင်းတယမ်းယမ်းနဲ့ အားတင်းလိုက်ပြီး ကျောင်းရှေ့ကလမ်းတစ်ခုကိုဖြတ်အကူးမှာ...

"ဝုန်း!!~"
"အ...အ..."

အားရိုး။ ကျွတ်ကျွတ်...အ... သေပါပြီဗျာ ။ စက်ဘီးတစ်စီးရယ် လူကိုဖြတ်တိုက်သွားတာများ တစ်ပတ်ကိုလည်ထွက်သွားတာပဲလေ ။ ကို့ယို့ကားယားနဲ့ အီစလံဝေသွားရတဲ့ကြားထဲ လက်ထဲကစာအုပ်တွေကလဲ တောင်တစ်အုပ်မြောက်တစ်အုပ် လွင့်ထွက်ကုန်ပြီ ။ ရတနာကိုးပါးတမျှ တန်ဖိုးထားရတဲ့ ကျွန်တော့်ရဲ့ ပုလဲတစ်လုံး ရွဲတစ်လုံးလက်ရေးလေးတွေနဲ့ စာအုပ်တွေကို ဖင်ဘူးထောင်း ထောင်ပြီး အသည်းအသန်လိုက်ကောက်နေတုန်း...

Wishy-Washy Mr.MessyDonde viven las historias. Descúbrelo ahora