part 1

143 6 0
                                    

ရင်နှင့်ရင်းပီး

အပိုင်း ၁

"အရေးကြီးတဲ့စကားပြောမလို့ပဲ၊ဒါပေမယ့် ကို့အတွက်တော့ အရေးမပါတဲ့ စကားများဖြစ်နေမလား"

"ကျစ်...ယန်းလီကလည်းကွာ  စကားစမပြောရသေးဘူး ရန်ကြောင်းနဲ့အရင်ဖွင့်တာပဲ"

ဇီရွှင်းက စိတ်ပျက်လက်ပျက်နှင့် ဖုန်းကိုပိတ်ပီးဘေးသို့ချထားလိုက်သည်။ ကိုယ်ကိုစောင်းကာလှည့်ထိုင်လိုက်တော့ စူပုတ်နေသော ကျန်းယန်လီရဲ့ မျက်နှာကို တစောင်းမြင်လိုက်ရသည်။ ဒီချစ်သူကို ဇီရွှင်း စိတ်တိုင်းကျ ရွေးချယ်ထားတာပါ။ စိတ်တိုင်းအကျဆုံးကတော့ ယန်းလီက သိပ်လှခြင်းပင်။ ဖြူနုတဲ့ အသားအရေပေါ်မှာ ဖက်ရှင်ကျကျဝတ်စားတတ်ခြင်း ကျောလည်ကျော်ကျော်ဆံပင်နီညိုရောင်နှင့် ယန်းလီက မြင်သူလည်ပြန်ငေးရလောက်အောင် စွဲမက်စရာ အလှတရားတို့နှင့်ပြည့်စုံသည့်အပြင် ရှန်ဟိုင်းမြို့ရဲ့ နာမည်ကြီးhotelတစ်ခုရဲ့ အတွင်းရေးမှူးလည်းဖြစ်နေရာ...

"အဟင်း...ယန်းလီတို့က တခြားမိန်းကလေးတွေလို ရုပ်ရည်လေးပြပြီး popular ဖြစ်နေတာမဟုတ်ဘူးနော်ကို၊အဆင်းရော အချင်းရော ပြည့်စုံးပြီးသား၊သာသာစကားလည်း ၃ ၄မျိုးတတ်တယ်၊စာရင်းကိုင်၊ကွန်ပျူတာ ကျွမ်းကျင်ပီးသား၊ပေါင်းသင်းဆက်ဆံရေးလည်း လူ့အလိုက်ကိုကြည့်ပီးပေါင်းသင်းဆက်ဆံတတ်တယ်၊ဒါတွေပဲတတ်လို့ အိမ်မှုကိစ္စလည်း မလစ်ဟင်းဘူးနော်၊ယန်းလီဖေဖေဆို ယန်းလီလက်ရာမပါရင် ထမင်းမစားတဲ့အထိပါဆိုတာ ရှင်သိထားနော်၊ယန်းလီကို လက်ထပ်လို့ ရှင်ကမနစ်နာပါဘူး ကိုကျင်းဇီရွှင်းရဲ့"
အဲ့လိုမျိုး မထိတထိစကားကို မေးဖျားပင့် မျက်လွှာစိုက်ချပီး ပြောတတ်သူပါ။ ဇီးရွှင်းလည်း ကိုယ့်ချစ်သူအကြောင်းကို သိသလို အတူနေချင်လှပါသည်။ချစ်သူသက်တမ်း ၉နှစ် ဆိုတဲ့ အတိုင်းအတာဟာ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းသိတဲ့ အချိန်ကာလတစ်ခုဖြစ်သည်။သို့သော်လည်း ကိုယ့်အမဖြစ်တဲ့ မမလေးက စောင့်ကြည့်ဖို့တားမြစ်ထားသောအခါ ဇီရွှင်းမှာ မလူးသာမလွန့်သာ။

"ဘယ်လိုလဲ  ကို၊ ငိုင်သွားတာ လောကကြီးနဲ့ပါ အဆက်ဖြတ်လိုက်သလားပဲ😃😃"

"ယန်းလီတောင် ဘာမှမပြောရသေးဘူး ကိုက အ့လောက်ငြိမ်သွားတော့လည်း မပြောတော့ပါဘူး၊ပြန်ကြရအောင်"

"ယန်းလီ"
ဇီရွှင်းမှာ ချစ်ရသူရဲ့လက်ကို ကမန်းကတမ်းလှမ်းဆွဲလိုက်သည်။

"ထိုင်ပါဦး ယန်းလီရဲ့၊ပြောစရာရှိတာ ပြောလေ"

"ပြောစရာက အထူးအဆန်းမဟုတ်တော့ဘူးကို၊ယန်းလီတို့ အမြဲဆွေးနွေးနေတဲ့ လက်ထပ်ဖို့ ကိစ္စပဲ"
တွဲလာတာလည်း နှစ်ချီနေပီ၊အကြောင်းပြချက်အမျိုးမျိုးနဲ့ သူတို့ယောက်ျားလေးဘက်က အကြောင်းပြနေသမျှ ယန်းလီမျိုသိပ်လာခဲ့တာ ၉နှစ်ရှိခဲ့ပီ။ယန်းလီက ဘေးနားမှာ ကျောက်ရုပ်လို ငြိမ်သက်သွားသော ဇီရွှင်းအား မဲ့ပြုံးနဲ့ ကြည့်လိုက်ရင်း

"ထပ်ပီး ငိုင်သွားပြန်ပြီလား ကို၊သိတယ် ပြောရင် အ့လိုဖြစ်သွားမယ်ဆိုတာ လက်ထပ်ဖို့ဝေးစွ စေ့စပ်ဖို့တောင် ကို့ဘက်က စကားမစတော့"

"စေ့စပ်တာလောက်တော့ လုပ်လို့ရပါတယ် ယန်းလီရယ်"

"ယန်းလီလည်း သိတာပဲ ကိုယ်က အိမ်မှာ အငယ်ဆုံး၊လူကြီးတွေ စီမံတာပဲလုပ်ရတာဆိုပေမယ့် ညအိမ်မှာ စေ့စပ်တာလောက်တော့"

"တော်တော့  ကို"
ယန်းလီက ပင့်သက်တစ်ရှိုက်ကို ရှိုက်ရင်း

"ယန်းလီ လုပ်နေတဲ့ရာထူးအဆင့် ကို့ဘက်က မိသားစုအရှိန်နဲ့ အိမ်မှာပဲ စေ့စပ်ပွဲလုပ်လို့ပြီးမလား ကို အပေါင်းအသင်းတွေနဲ့ Hotel မှာတော့ လုပ်သင့်တယ်မဟုတ်ဘူးလား။အိမ်မှာလုပ်ရအောင်ဆိုတဲ့စကားပြောထွက်တဲ့ ကို့ပါးစပ်ကို ယန်းလီအံ့သြလို့မဆုံးဘူး ဟွန့် ကို စီးနေတဲ့ ကားကိုလည်း အားနာပါဦး"

"ပြီးရင် စေ့စပ်ပြီဆိုတာနဲ့ လက်ထပ်ပွဲ ဘယ်နေ့လဲ သတ်မှတ်ချက်ရှိရမယ် ကို၊ပြီးပြီးရော စေ့စပ်ပီး လက်ထပ်ပွဲကိုလည်း နောက် ၉ နှစ်စောင့်ရမယ်ဆိုရင်တော့ ယန်းလီ တစ်ခွန်းပဲ ပြောတော့မယ် ၉နှစ်စာ သံယောဇဉ်တွက် sorry"လို့ မဲ့ပြုံးနှင့်ပြောပီး ကို့ရှေ့မှ လှလှပပ ကျောခိုင်းထွက်ခဲ့သည်။
ဒီယောက်ျားကို ချစ်လို့ စွဲလမ်းခြင်းတေကို သိမ်းပိုက်ထားချင်လို့ ကိုယ်ကြိုးစားခဲ့သမျှ ပြန်ရတော့ တွေဝေခြင်းတွေပဲလား။
ကျန်းယန်လီက ကျင်းဇီရွှင်းဆိုတဲ့ ယောက်ျားတွက် တွေဝေစရာ တစ်ခုလား။ထိုအတွေးကြောင့် မာနက ခေါင်းပြူလာခဲ့ပေမယ့် အင်အားကြီးတဲ့ အချစ်ကို မလွန်ဆန်နိုင်တဲ့အခါ။
သူမရဲ့ မနက်ဖြန်များဟာ အချစ်နဲ့ ဒေါသမာနတွေ လုံးထွေးရင်း။

အပေါ်ကပုံက ဘာမှမဆိုင်ဘူး ကောပုံလေးချစ်ဖို့ကောင်းလို့ 😁
ဒီနေ့တော့ geကော bodi ကော မပါသေးဘူးနော် 😁😁
လိုတာရှိထောက်ပြကြသိလား😘😘
up လို့ မန့်တာထက် ဝေဖန်ပေးမယ့် com လေးတေ ပိုလိုချင်တယ်😘aini ဒါဒါတို့
#Khunsatt

Boss ရှောင်းရဲ့ အချစ်တော် ကလေးဆိုးလေး Where stories live. Discover now