ရင်နှင့်ရင်းပီး
အပိုင်း ၃
Moon:"ယန်းလီ ဘယ်လိုလဲ"
Yl:"မနည်းအဆင်ပြေအောင် လုပ်လိုက်ရတယ် သူတို့က M.Dထိ တိုင်မယ်လုပ်နေတာ"
Moon:"Reception ဌာနကလည်း ကိုယ့်ဧည့်သည်အခန်းကို လာပို့တဲ့ ပါဆယ်ကို မေ့ပီး မပေးလိုက်ရဘူးလို့ပဲဟယ်"
Yl"ဖြစ်တတ်ပါတယ် moonရယ်၊ဒီရာသီက ခရီးသွားရာသီဆိုတော့ အလုပ်များပီး duty အပြောင်းအလဲမှာ မေ့သွားတတ်တယ်လေ"
Ylက ဖြေရှင်းခဲ့ရသော ပြသနာတွက် ကိုယ့်ဝန်ထမ်းကို အပြစ်မတင်တော့ပါ။သူမလည်း ဒီလိုကနေ M.Dအတွင်းရေးမှူးဖြစ်အောင် ကြိုးစားခဲ့ရတာမလား။Moon:"ဟဲ့ ယန်းလီ၊ ဘာလဲ Zxကို လွမ်းနေတာလား။"
Ylနဲ့Zxအကြောင်းကို hotel တစ်ခုလုံးက ၀န်ထမ်းအားလုံးသိကြသည်။Yl:"သွားစမ်းပါ ၊သူ့ကို ခေါက်ထားတယ်"
Moon:"ဟယ် ဘာဖြစ်လို့"
Yl:"ဒီလိုပဲ၊ စိတ်တိုင်းမကျစရာတွေရှိလို့"
Moonကရင်ဘတ်ဖိအံ့သြနေစဉ် ရုံးတွင်းသာဆက်သွယ်ရာphသို့
M.Dဆီမှ ph ခေါ်လာရာ
Yl:"Hello"
M.D:"ယန်းလီ"
Yl:"ဟုတ်ကဲ့ M.D"
M.D:"အခန်းထဲကို coffeeတစ်အိုးနဲ့ မုန့်တစ်ပွဲလာပို့ပေးပါ၊ ၁၀မိနစ်အတွင်း"
Yl:"ဟုတ်ကဲ့ M.D"
MDဖုန်းချသွားတော့မှ ယန်းလီဟာ Kitchen roomသို့
MDမှာသမျှ တစ်ဆင့်ပြန်မှာပေးပီး ဧည့်သည်အ၀င်အထွက်စာရင်းတွေကို စစ်နေလိုက်သည်။
Moon:"ဟဲ့....Coffee မှာတာ အထဲမှာ ဧည့်သည်ရောက်နေလို့လေ လုံးဝအမိုက်စား အရပ်အရှည်ကြီးပဲဟ"
Yl:"အထူးအဆန်းလား moonရယ်၊ ဒီhotel ကို လာသမျှ အလန်းစားတေပဲဟာ"
Ylက စိတ်မ၀င်စားသလို ပြောပီး စာရင်းတွေကိုသာ အာရုံစိုက် စစ်နေလိုက်သည်။Moon:"ထူးဆန်းတာပေါ့ ယန်းလီရဲ့၊ ဒီတစ်ခါက Vipဧည့်သည်လေ၊ဒီhotel ကို တစ်ဦးတည်းမူပိုင် လွှဲယူမှာတဲ့"
Yl:"ရှယ်ယာဝင်တွေ မရှိတော့ဘူးပေါ့"
Moon:"အေး ဟုတ်တယ်"