ရင်နှင့်ရင်းပီး
အပိုင်း ၂
XZ:"မင်း....၀မ်ချင်ကို သိလား"
ဘီယာဝိုင်းတွင်ထိုင်နေသော သူတွေရဲ့ အကြည့်က သူ့ဆီရောက်လာသည်။
XZ bff:ဟေ့ကောင် ကျန့်၊လာစမ်းပါကွာ ဆိုင်ထဲမှာ မဖြစ်ပါနဲ့"
XZသူငယ်ချင်းမှ ၀င်ဆွဲသော်လည်း ကျန့်က ဂရုမစိုက်ပဲ သူငယ်ချင်းအားလက်ပြန်တွန်းကာ....
XZ:မင်းပြန်တော့ ဟျောင့်၊ဒီပြသနာထဲ ငါမင်းကို ဆွဲမထည့်ချင်ဘူး"ဟုပြောလိုက်ရာ ကျန့်သူငယ်ချင်းမှ ခေါင်းတစ်ချင်ငြိမ့်ပြကာ လှည့်ထွက်သွားသည်။
ကျန့်က ထိုအခါမှ ဒီဖက်ဝိုင်းသို့မျက်နှာပြန်လှည့်ကာ မေးတစ်ချက် ဆတ်ပြလိုက်သည်။မေးလှုပ်ရုံ ဝါးနေတဲ့ ကျန့်ရဲ့ နှုတ်ခမ်းလွှာကြားတွင် ပီကေတစ်ခုရှိနေသည်။ဆံပင်ခပ်တိုတို၊ထူထဲတဲ့မျက်ခုံး၊ကျဉ်းမြောင်းစူးရှတဲ့ မျက်ဝန်းတို့က သူများတွေလို အကြည့်ရမဆိုးပဲ ကျန့်ရဲ့ ရုပ်သွင်ကို ပိုပီး ထင်ရှားအောင် အားဖြည့်ပေးထားသည်။
XZ:"စကားမပြောတတ်ကြတာလား ဒီဝိုင်းကကောင်တွေ"ကဟုမေးရင်း သူ့အား ခပ်ရိရိ ကြည့်နေသူတွေထဲက တစ်ယောက်ရဲ့ သောက်လက်စ ဘီယာခွက်ထဲသို့ ဝါးလက်စpkအားထွေးထည့်လိုက်သည်။
ထိုအခါမှ ဆံပင်ဂုတ်ထောက်နဲ့လူက ဝုန်းကနဲထရပ်ကာ ကျန့်အားစူးစူးရဲရဲကြည့်လိုက်သည်။
ကျန့်က ထိုသူအား စူးရဲစွာ စိုက်ကြည့်ကာ
XZ:"မင်း ယောက်ျားဖြစ်ပီး သွေးမရှိဘူးလား"
ဆံရှည်:"မင်းက ဝမ်ချင်နဲ့ ဘာတော်လဲ"
XZ:"သိချင် လိုက်ခဲ့ မင်းသွေးကြောင်ရင် တစ်ဖွဲ့လုံးပါ ခေါ်လာခဲ့"ဟုပြောပီး လှည့်ထွက်သွားသည်။
ဆံရှည်တပည့်:"ဖြစ်ပါ့မလား ဆရာ ဒီကောင်က ဖိုက်တာနဲ့တူတယ် လက်မောင်းနဲ့ ကျောတွေမှာ ဒီဇိုင်းတွေအပြည့်နဲ့ဟုမေးလိုက်ရာ
ဆံရှည်:"ဖြစ်တယ် ဟျောင့်တွေ တစ်ယောက်ချင်းပဲဟာ နောက် 15minနေရင် ဖုန်းဆက်ဟု ညွှန်ကြားပီး ဆိုင်ရှေ့တွင် ရပ်ထားသော ကားပေါ်တက်တာ ရှေ့မှ မောင်းထွက်သွားသော ကျန့်ရဲ့ကားနောက်သို့ မောင်းလိုက်လာခဲ့သည်။
ကျတ့်က ကားကို မြို့ပြင်ထိ မောင်းလာကာ သူ့နောက်တွင် ရပ်လိုက်သော ကားအား back မှန်မှ ကြည့်ကာ မဲ့ပြုံးပြုံးလိုက်ပီး ကားကို အကြမ်းပတမ်း back ဆုတ်ကား နောက်ကကားအား အရှိန်နှင့် တိုက်ချပစ်လိုက်သည်။
(idolပုံရိပ်ထိခိုက်စေလိုခြင်းမရှိပါ ကျန့်ကို ခပ်မိုက်မိုက်ရေးဖို့ စဉ်းစားထားတာမလို့ ခပ်ကြမ်းကြမ်းရေးထားတာပါ)
"ဂျိမ်း......ဒုန်း......"
(ဆံရှည်ကိုယ်တော် နာမည်က ဝမ်ချောင်ပါနော်😁😁ဝမ်ချောင်လို့ ရေးပါတော့မယ် ပြောပြဖို့မေ့သွားလို့😁😁)
တိုက်ပြီးပြီးချင်း ဝမ်ချောင်မှာ ကားပေါ်က ကဆုန်စိုင်းဆင်းလာကာ
ကြေမွသွားသော သူ့ရဲ့ကားအရှေ့ပိုင်းကိုကြည့်ကာ ဆွေ့ဆွေ့ခုန်နေတာကို xzမှ အားရအောင်ကြည့်ပီးမှ ကားပေါ်က ဆင်းလာခဲ့သည်။
Xz:"မင်းပစ္စည်းထိတော့ သိတတ်လှချည်လား"ဟု ပြောလိုက်သောအသံမှာအေးစက်စက် ထိုအခါ ဝမ်ချောင်မှ ဆူပွက်လာသောသွေးတွေဟာ ဒေါသအဖြစ်သို့ကူးလာကာ
WC:"ဟျောင့် မင်း ငါ့ကို သက်သက်မဲ့စိန်ခော်နေတာလား မင်းကိုငါမသိဘူး"ဟုပြောလိုက်သည်။
Xz:"မင်း ငါ့ကိုသိတာမသိတာ အရေးမပါဘူး အရေးပါတာ သူများပိုင်တာကို လာမထိနဲ့ ဝမ်ချင်နဲ့ ဝေးဝေးနေလိုက်"
Wc:ဟာ...ဟ
ဝမ်ချောင်က လှောင်သလို ရယ်လိုက်သည်။ခြေကို ခွဲရပ်ကာ ခါားထောက်ပီး လူမိုက်ဒီဇိုင်းနဲ့ xzအား စိုက်ကြည့်သည်။
Wc:"ငါ့ကို အမိန့်လာပေးမနေနဲ့ မင်းက ဝမ်ချင်ရဲ့ ပိုင်ရှင်ဆိုလည်း ငါဂရုမစိုက်ဘူး ငါ့အကြောင်းစုံစမ်းကြည့်လိုက် ငါကိုယ်တိုင်လှုပ်ရှားစရာမလိုဘူး လက်လေးတစ်ချက်လှုပ်တာနဲ့"
Xz:"စိတ်မဝင်စားဘူး"
အပြောနဲ့တစ်ထပ်တည်း ရိပ်ခနဲ ဝင်လာသော ခြေတစ်ဖက်က wcရဲ့ မေးဖျားကို ကန်မိတာ ထိထိမိမိ။ ခွေခနဲ ကျသွားစဉ် လမ်းပေါ်သို့ မျက်နှာအပ်ကျသည်။ပြန်ထိဖို့ အားယူနေစဉ် ဘေးနားသို့ရောက်လာတဲ့ ခြေထောက်တစ်စုံ
Xz:"ဝမ်ချင်မှာ အိမ်ထောင်ရှိတာ မင်းမသိဘူးလား"
Wc:"သိတယ် သူ့အမျိုးသားမရှိလို့ ငါဝင်ကပ်တာ မင်းက ဘာကောင်မလို့လဲ"
မေးလည်းမေး ထအရပ်မှာ ခါးကြားက ဓားအတိုလေးကို ဆွဲထုတ်ပီး Xzရဲ့ဗိုက်ကို ရှပ်ထိုးသည်။xzက ကိုယ်ကိုတစ်ချက်ယို့ကာ ရှောင်ပေးလိုက်ပီး ဓားကိုင်လက်ကို ဆွဲလိမ်ချိုးပစ်လိုက်ပီး နားနားကပ်ကာ
Xz:"မသိရင်မှတ်ထား ငါက ဝမ်ချင်ရဲ့ အကိုတစ်ဝမ်းကွဲ သူ့ယောက်ျားမရှိပေမယ့် ငါ့ညီမနား ငါရှိတယ် ကြာကူလီရဲ့"ဟုပြောကာ အားပါသော လက်သီးချက်က အောက်မေးရိုးဆီ လဘ်ထွက်သွားတဲ့အရှိန်နဲ့ ပါးစပ်ထဲက သွေးထဲက ပွက်ကနဲ ကျသည်။ဆောင့်တွန်းလိုက်တဲ့အရှိန်နဲ့ Wcဟာ လမ်းမပေါ်ကို မျက်နှာအပ်ကျကာ ပြန်မထနိုင်ပဲ သတိမလစ်ခင် သူ့ရဲ့ကားပေါ်က ဖုန်းခေါ်သံသဲ့သဲ့ကို ကြားလိုက်ရပီးနောက် မှောင်အတိကျသွားခဲ့သည်။
Xz:"ပြော"
Xzက ဟိုကောင်ရဲ့ကားထဲက ဖုန်းကို ယူကာ ဖွင့်ပီး နားထောင်လိုက်သည်။
Wcတပည့်:"ဆရာအဆင်ပြေလား"
Xz:"မပြေဘူး"
Wcတပည့်:"ဘာ...ဟျောင့် မင်းဘ်ာသူလဲ ဘာလို့ ဆရာ့ဖုန်းကို ယူပြောနေတာလဲ"
ပျာယာခတ်စွာပြောနေတဲ့အသံကြောင့် Xzဟာ တစ်ချက်ငြိမ်လိုက်ပီးမှ
Xz:"မင်းတို့ဆရာရှိတဲ့နေရာကို ငါပြောပြမယ် အသက်မှီချင်ရင်အမြန်သာလာခဲ့"ဟုပြောလိုက်ရာ တစ်ဖက်မှ ကြိမ်းဝါးသံတေကို ကြားလိုက်ရသည်။သို့သော်လည်းXzမှ ဂရုမစိုက်စွာ
Xz:"ငါလမ်းညွှန်မယ် ၂ခါမပြောဘူး"လို့
အေးစက်စက်အသံနဲ့ပြောမှ တစ်ဖက်က ငြိမ်သွားကာနားထောင်နေသည်။Xzက သူတို့ရှိတဲ့နေရာကို အတိအကျပြောပီးမှ
Xz:"မင်းတို့ဆရာကို ငါလုပ်တာ မကျေနပ်ရင်အချိန်မရွေးလာရှင်းလို့ရတယ် ငါက ရှန်ဟိုင်းမှာနေတယ်
မကျေနပ်ရင်အချိန်မရွေးလာရှင်းလို့ရတယ် Sean Xiaoဆို လူတိုင်းသိတယ်😎😎ဟုပြောပီး ph ချလိုက်သည်။
ထို့နောက် သတိလစ်နေသော ငနဲအားတစ်ချက်ကြည့်ကာ မဲ့ပြုံးနှင့်လှည့်ထွက်လာခဲ့သည်။တစ်ဖက်က လူဘယ်လောက်များများ သူမကြောက်တတ် ရန်ဖြစ်ပီဆိုတည်းက နိုင်ဖို့ကိုသာ အဓိကတွေးသူမလို့ ဒဏ်ရာဒဏ်ချက်များရတာကလွဲရင် Zhanဟာ ဘယ်တော့မှမရှုံး ဒါကြောင့်လည်း သူရဲ့အမျိုးတွေနဲ့ မတည့်ပဲ အဖေ့ရဲ့အကိုနဲ့သာ တူတူနေကာ ဆိုးဖော်ဆိုးဖက် လုပ်နေတာဖြစ်သည်။ဝေဖန်ရေးလေးတွေ လုပ်ပေးကြပါနော် 😘😘နောက်အပိုင်းမှ ပေါ်တိလေးပါမယ်😛Up မှန်နိုင်အောင် ကြိုးစားပါမယ် စိတ်ပေါက်ရင် ပေါက်သလို up ပါမယ်