Part - 3(Z)

936 36 0
                                    

မေမေ - ခွန်းမေမေပြောနေတယ်လေ။ စိတ်မဆိုးချင်ဘူးနော်။

မေမေ့စကားကြောင့် ခွန်း မမဆိုသောလူဘက်သို့လှည့်ကာ

ခွန်း -ခွန်းကြည်ဖြူ မေမေခေါ်သလိုခွန်းလို့ပဲခေါ် ဒါပဲ

မေမေ - သမီးကိုယ့်အမကိုဘယ်လိုပြောနေတာလဲ

မမဆိုသောထိုလူကရီရင်း

ပိုး - ရပါတယ်မေမေ ခွန်းလေးကအခုမှသိခါစမလို့ပါ။

မေမေ -လုပ်ပါဦး သမီးရယ် ခွန်းလေးကအရမ်းဆိုးတာ ဆုံးမပေးလိုက်ပါဦး

ပိုး - ဟုတ်မေမေ

ဒီလိုနဲ့အိမ်သို့ပြန်ရောက်လာလေသည်။ အိမ်ရောက်တော့ ထွန်းအခန်းသို့သာပြန်ရင်း မေမေက မမတို့ကိုနေရာချပေးနေလေသည်။ ညနေထမင်းသာပြီးတော့ ခွန်းအခန်းထဲမှာ တစ်ယောက်ထဲသီချင်းနားထောင်နေတုန်း နားထဲမှနားကြပ်ကို ဆွဲထုတ်ခံလိုက်ရတာကြောင့် မျက်မှောင်ကြုံကာ နားကြပ်ဆွဲဖြုတ်သူအားကြည့်လိုက်တော့ မမ

ခွန်း - ဘာလုပ္တာလဲ

ပိုး - မမခွန်းကိုခေါ်နေတာကြာပြီ ခွန်းမှမကြားတာ

ခွန်း - ပြန်ပေး

ပိုးသူ့လက်ထဲသို့နားကြပ်လေးကိုပြန်ထည့်ပေးလိုက်သည်။ သူ့အခန်းကိုတံခါးခေါက်ပါသေးတယ်။ ဒါပေမယ့် သူက ပြန်မထူးတာကြောင့်ရေချိုးနေတာလာဟုထင်ကာ အခန်းထဲ ဝင်ကြည့်လိုက်တော့ အိပ်ယာပေါ်မှာလှဲနေရင်း နားကြပ်တပ်ထားလေသည်။

ခွန်း - ဘာကိစ္စလဲ

ပိုး - ကိုယ့်ညီမလေးကိုလာတွေ့တာ ဘာကိစ္စရမှာလဲ။ ခွန်းသိလား ခွန်းသေးသေးလေးတုန်းက အရမ်းချစ်ဖို့ကောင်းတာ

ခွန်း - အဲ့တော့

ပိုး - အခုလဲ ခွန်းလေးကချစ်ဖို့ကောင်းနေတုန်း

ခွန်းအကြောင်းပြောပြနေသောမမကြောင့် ခွန်းမမကိုသာကြည့်နေမိသည်။ အခုလဲရင်ဘုံးဝတ်ထားပြန်တယ်။ မေမေကထမင်းစားတုန်းက ဘာကြောင့်ရင်ဘုံးဝတ်တာလဲမေးတော့ အရမ်းကြိုက်လို့လို့ဖြေလေသည်။ မမကိုစိတ်ဆိုးနေတယ်လို့တော့မဟုတ်ပေ။ ဒါပေမယ့် ခွန်းအတွက် အခုသူကသူစိမ်းတစ်ယောက်လို့ဖစ်နေတာကြောင့်အပြောအဆိုနည်းနည်းကြမ်းတမ်းတာပါပေလိမ့်မည်။

My Dear Sister (Unicode + Zawgyi )(Completed) Where stories live. Discover now