Part - 32(Z)

1.1K 26 4
                                    


ခွန်းစိတ်ဆိုးတာနှင့်ထွက်လာမိသည်။ မမဒီလောက်ဖြစ်စရာလိုလား။ တကယ်ပါ ခွန်းဒေါသထွက်ပါသည်။ လက်ကကွဲသွားတယ်ထင်ပါရဲ့ သွေးတွေထွက်နေတာ ခွန်းလဲ အလုပ်ကိုသာမြန်မြန်မောင်းပြီးထွက်လာလိုက်သည်။ ဒီညတော့အလုပ်မှာအိပ်ရန်ဆုံးဖြတ်လိုက်ရသည်။ လက်ကို အဝတ်တစ်ခုနှင့်စည်းထားပြီး အလုပ်ခွန်းအခန်းရဲ့ဆိုဖာမှာသာပစ်ကာထိုးအိပ်လိုက်သည်။

မနက်ရောက်တော့လက်ကိုလူတစ်ယောက်လာကိုင်တာကြောင့်မျက်လုံးဖွင့်ကြည့်မိတော့မမမာယာပင် နံရံတွင်ကပ်ထားသော နာရီကြည့်မိတော့ ၈နာရီ.. ၉နာရီမှအလုပ်စပေမယ့် သူမဟာအမြဲအစောကြီးလာနေကျရှိလေသည်။ သူက စိုးရိမ်တကြီးကြည့်ကာ

မာယာ -လက်ကဘာဖြသ်လာတာလဲ ခွန်းလေး

ခွန်းသူမကိုသာစိုက်ကြည့်မိသည်။

မာယာ - ခွန်းလေး လက်ကဘာဖြစ်လာတာလဲလို့

ခွန်း - ဘာမှ့ဖြစ်ပါဘူး

မာယာ - ဘာကိုဘာမှ့မဖြစ်ကမှာလဲ တကယ်ပဲ ဒီလောက်သွေးတွေအများကြီးကိုခြောက်ကပ်နေပြီ ဘယ်ကတဲကဖြစ်လာတာလဲ

ခွန်း - ညထဲက

မာယာ - ဟာဒီကလေးကွာ တစ်ခုခုဆိုမမကိုဖုန်းဆက်ရောပေါ့ ကြည့်ပါဦးနှုတ်ခမ်းတွေတောင်ဖြူဖက်ဖြူရော်နဲ့ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲလာထဆေးခန်းသွားမယ်

ခွန်း - ဟင့်အင်းမသွားချင်ဘူး

မာယာ - ထမှာလား မထဘူးလား

သူမခြိမ်းခြောက်သံကြောင့်ထကာလိုက်သွားလိုက်ရသည်။အောက်က တံခါးစောင့်ဦးလေးကြီးက ကြည့်ရင်းပြုံးပြတာကြောင့်ခွန်းလဲပန်ပြုံးပြပြီးဆေးရုံသို့လိုက်သွားလိုက်ရသည်။ ဆေးရုံရောက်တော့ဆရာဝန်က လက်မှာဆူးနေသော မှန်စများကိုထုတ်ကာဆေးစည်းပေးပြီး ခွန်းကိုအားနည်းနေသည့်အတွက် ဆေးချိတ်ပေးသည်။မမမာယာက ဘေးကလိုက်ကြည့်ရင်းလိုတာမှန်သမျှအကုန်လုပ်ပေးသည်။ သူမခှနျူကိုတကယျခစြျပုံပငျ။ ဒါပေမယ့်ပုံကိုပြကာ ချိန်းခြောက်တတ်ကလွဲရင်ကျန်တာအကုန်ကောင်းပါသည်။

မာယာ - ခွန်းမမ သစ်သီးဆင်းဝယ်လိုက်ဦးမယ်နော် ဘယ်မှ့မသွားနဲ့နော် သွားရင်သိတယ်နော်

My Dear Sister (Unicode + Zawgyi )(Completed) Where stories live. Discover now