Part - 4(U)

4.7K 277 2
                                    


မနက်ကျောင်းတွင်မိုးပွင့်စင်ကိုစောင့်နေတာ ဒီနေ့လဲနောက်ကျပြန်ပြီ ခွန်းဘဝမှာစောင့်ရတာလောက်မုန်းသည်မရှိပါ။ ခွန်းကိုလဲ စောင့်နေရသည်ကိုမကြိုက်သလို ခွန်းကိုယ်တိုင်လဲ စောင့်နေရသည်ကိုမကြိုက်ပေ။ မိုးကပြောသာပြောသာ ခွန်းအပေါ်ကိုတော့တကယ်ကောင်းတဲ့သူငယ်ချင်းတစ်ယောက်ပါ။ ခွန်းဆိုးရင်တောင် အမတစ်ယောက်လိုအမြဲသည်းခံပြီး နာလည်ပေးတယ်။ တစ်ခါမှလဲ ခွန်းကိုစိတ်ဆိုးခြင်းတော့မရှိပေ။ ခွန်းလုပ်ချင်တာ မှန်သမျှခွန်းကိုအကုန်လိုက်လုပ်ပေးသည်။ အခုသူလုပ်ချင်သည်ကိုကိုယ်ပြန်လုပ်ပေးရမည့်အချိန်တန်လေပြီလေ။ ဟုတ်သည်မလား။

မိုး - ခွန်းရေ

အခုလဲပြောရင်းဆိုရင်းအသက်ရှည်ပေဦးမည်။ ခွန်းကိုကျောင်းရဲတစ်ဖက်ကမ်းကားလမ်းမှ လက်လှမ်းပြပြီး ခွန်းနာမည်ကြီးကိုအာဗြဲကီးနှင့်အော်ခေါ်ကာ ခွန်းဆီကိုလမ်းလျှောက်လာလေသည်။ ခွန်းနားရောက်တော့

မိုး - sorry ခွန်းရယ် ကားတွေကကြပ်နေလို့😅😅

ခွန်း - ကားကြပ်တာလား အိပ်ယာထနောက်ကျတာလား

မိုး - ဟီးဟီး စိတ်မဆိုးနဲ့နော်။

ခွန်း - မဆိုးပါဘူး။ လာပါသွားမယ်။

ခွန်းတို့လမ်းလျှောက်နေရင်း ကျောင်းဆောင်ထဲရောက်တော့ ကောင်မလေးတစ်ယောက်မှာ စာအုပ်များမနနိုင်မနင်းသယ်ကာ ခွန်းတို့ဆီကိုလျှောက်လာသည်။ စာအုပ်ပုံကမြင့်တာကြောင့်ခွန်းတိူ့ကိုမြင်ပုံမပေါ်ပဲခွန်းပေါ်သို့စာအုပ်တွေကျလာလေသည်။

အိမ့် - sorry နော် ညီမလေး အမမမြင်လို့

ခွန်း - ရပါတယ်။ဘာမှမဖြစ်ပါဘူး။

မိုး - မိုးတို့ကူသယ်ပေးမယ်လေ။

ခွန်းတို့ပြုတ်ကျသွားသောစာအုပ်များကိုကူသယ်ပေးရင်းထိုအမနောက်သို့ လိုက်လာမိသည်။လမ်းလျှောက်ရင်း

အိမ့် - အမနာမည်က အိမ့်ချစ်သူပါ။ စီးပွားရေး တတိယနှစ်ကလေ။

ခွန်း - မိုးနာမည်က မိုးပွင့်စင်ပါ။ ဒါက မိုးသူငယ်ချင်း ခွန်းကြည်ဖြူ  မိုးတိူ့က ဒုတိယနှစ်ကလေ။

My Dear Sister (Unicode + Zawgyi )(Completed) Where stories live. Discover now