Part - 16(U)

5.6K 241 2
                                    


ပိုးအလုပ်ကိုရောက်တော့ အသင့်ရောက်နေသာ ပိုးသူငယ်ချင်းပင်

ပိုး - ထူးထူးဆန်းဆန်းပါလား

ရှင်း - ရှင်ကမလာတော့ကျမကလာရတာပေါ့

ပိုး - ပြောပါဦးဘာကိစ္စလဲ

ရှင်း - သူငယ်ချင်းဆီကိုအလည်လာတာ ကိစ္စရှိမှတဲ့လား။ ဒါနဲ့...

ရှင်းဟာ ပိုးလည်ပင်းကိုသေသေချာချာကြည့်ပြီသ မေးကိုကိုင်ကာဆွဲမော့လိုက်တာကြောင့်

ပိုး - ဘာလုပ်တာလဲ

ရှင်း - မှန်မှန်ပြောစမ်း ဒါတွေက ဘယ်သူနဲ့ရလာတာလဲ။ ရည်းစားရနေတာမလား

ပိုး - ငါပြောပြမယ်။ နင်ငါ့ကိုလက်ခံပါ့မလားတော့မသိဘူး

ရှင်း - ဘာလဲနင့်ရည်းစားကမိန်းကလေးလား

ပိုး - အွန်း

ရှင်း - ငါနင့်ကိုစိတ်ဆိုးတယ်သိလား

ပိုး - ဟမ်ဘာလို့လဲ။ နင်ကအဲ့လိုမျိုးတွေလက်မခံဘူးလား

ရှင်း - ငါပြောတာအဲ့သဘောမျိုးမဟုတ်ပါဘူး။ နင့်ဘာနင် ယောကျာ်းလေးမကလို့ မိန်းကလေးပဲချစ်ချစ်ငါလက်ခံတယ်။ ဒါပေမယ့် အနည်းဆုံးနင်ရည်းစားရှိတာတော့ပြောပြသင့်ပါတယ်

ပိုး - sorry ပါဟာ နော်သူငယ်ချင်းလေးနော်

ရှင်း - ဒီတိုင်းရမလား မုန့်ဝယ်ကျွေးရင်စိတ်ဆိုးပြေမယ်။

ပိုး - ဟူတ်ပါပြီဝယ်ကျွေးပါ့မယ်။

ရှင်း -  ဒါနဲ့နင့်ချစ်ချစ်ကချောလား။ ဘာလုပ်လဲ။ အသက်ကနင့်ထက်ကြီးလားငယ်လား။ ဘယ်ကလဲ။ ဘယ်သူလဲ။ နင့်ကိုကောတကယ်ချစ်ရဲ့လား

ပိုး - နင်ကလဲမေးခွန်းများလိုက်တာ ငါဘယ်ကစဖြေရမှန်းတောင်မသိတော့ဘူး

ရှင်း - ကြိုက်တဲ့နေရာကနေစဖြေ

ပိုး - ငါ့ရည်းစားက ခွန်းကြည်ဖြူ

ရှင်း - ဘာ!!!!

ပိုး - ဖြည်းဖြည်းအော်ပါဟ

ရှင်း - ခွန်းကြည်ဖြူ ဆိုတာ နင့်ညီမမလား

ပိုး - အင်းဟုတ်တယ်

ရှင်း - အဲ့တာနင့်ရည်းစား မဖြစ်နိုင်တာ နင်တို့ကညီမအရင်းတွေမလား

My Dear Sister (Unicode + Zawgyi )(Completed) Where stories live. Discover now