Part 3 🐍💚

3.2K 315 10
                                    

[Unicode]ဟယ်ရီတို့အတန်းထဲ​ရောက်​တော့ ဆရာမရှိပဲ တစ်တန်းလုံးတိတ်ဆိတ်​နေတယ်....

"​တော်​သေးတယ်ငါတို့အရမ်း​နောက်မကျလို့"

လို့ဟယ်ရီက​ရွန့်ကိုပြောတယ်

"​တော်​သေးတယ်ဆရာမ​ရောက်​သေးလို့ ခုချိန်ငါတို့​နောက်ကျတာပ​ရော်ဖပ်ဆာမက်​ဂွန်နာ​ဂေါလ်သာသိရင် ဘယ်လိုဖြစ်မလဲ​တွေးကြည့်....."

ရွန့်စကားမဆုံး​သေးခင်မှာပဲ စားပွဲ​ပေါ်က​ကြောင်က​မြေပြင်​ပေါ်ခုန်ဆင်းလာပီး ပ​ရော်ဖက်ဆာမက်ဂွန်နာ​ဂေါလ် ဖြစ်သွားတာမို့ဟယ်ရီတို့၃​ယောက်​ကြောင်ကြည့်​နေမိတယ်...

"​ပြောင်​မြောက်တဲ့ဖန်တီးမှုပဲ" ရွန်ကတအံ့တသြ​ပြော​တော့

"ချီးမွမ်းမှုအတွက်​ကျေးဇူးတင်ပါတယ်​မစ္စတာ​ဝေစ​လေ ပီး​တော့ပထမဆုံးအချိန်ကို​တောင်​နောက်ကျ​နေပါလား" လို့

ပ​ရော်ဖပ်ဆာက​ပြောတယ်

ဟယ်ရီကပဲ " ကျွန်​တော်တို့လမ်း​ပျောက်​နေလို့ပါ"

ဟယ်ရီ့စကား​ကြောင့် ပ​ရော်ဖက်ဆာက

"အခုမင်းတို့​နေရာမှာထိုင်ဖို့​တော့မြေပုံမလို​ဖူးထင်ပါတယ်"

ပ​ရော်ဖက်ဆာစကား​ကြောင့်ဟယ်ရီနှင့်ရွန်ကခုံအလွတ်တခုမှာဝင်ထိုင်လိုက်သည်....

ဒ​ရေဂိုက​တော့ ခရက်နဲ့ဂိုစီ​ဘေးမှာဝင်ထိုင်တယ်....
.
.
.
ဟယ်ရီတို့ရဲ့​နောက်အတန်းအချိန်က ပ​ရော်ဖက်ဆာစနိပ်ရဲ့​မှော်​ဆေးရည်​ဖော်စပ်နည်း အတန်းဖြစ်သည်...

ဟယ်ရီတို့အတန်းထဲမှာထိုင်​နေတုံး တံခါးသည်ဝုန်းခနဲပွင့်သွားပီ ပ​ရော်ဖပ်ဆာ စနိတ်ကအခန်းဝင်လာသည်....

"အတန်းထဲမှာ​ပေါက်ကရဂါထာ​တွေမရွတ်ရဖူး​မှော်​ဆေးရည်က​ဖော်စပ်ရခက်တယ် ဒါ​ကြောင့်သင်​နေတုံးမှာအာရုံစိတ်ပီးနား​ထောင်ကြ ပါရမီပါတဲ့သူ​တွေအတွက်က​တော့မခက်ပါဖူး"

လို့​ပြောရင်းပ​ရော်ဖက်ဆာစနိတ်က ဒ​ရေဂိုကိုကြည့်ပီးပြုံးလိုက်တယ်....

"​တချို့​တွေက​တော့​အာရုံစူးစိုက်မှုမရှိကြပါလား"

ပ​ရော်ဖပ်ဆာစနိတ်က ဟယ်ရီ့ကိုကြည့်ရင်း​ထပ်ပြောတယ်...

My Slytherin Prince S1Where stories live. Discover now